◘ ဂျပန် - သြစတြေးလျ (မြန်မာစံတော်ချိန် အောက်တိုဘာလ ၁၅ ရက် ညနေ ၅:၀၅ နာရီ)
၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲတုန်းက ဂျပန်အသင်းက သြစတြေးလျနဲ့ပွဲမှာ အနိုင်ရပြီး ခြေစစ်ပွဲအောင်မြင်ခဲ့တယ်။ ဒီပွဲသာ ဂျပန်အသင်း အနိုင်ရခဲ့ရင် ခြေစစ်ပွဲအောင်ဖို့ လက်တစ်ကမ်းအလိုကို ရောက်သွားနိုင်တယ်။ အုပ်စုတွင်း (၃)ပွဲကစား၊ (၃)ပွဲစလုံး အနိုင်ရထားတဲ့ လက်ရှိခြေစွမ်းနဲ့ ရမှတ်အရတော့ ခြေစစ်ပွဲ တိုက်ရိုက်အောင်မြင်ဖို့ သိပ်မခက်ခဲတော့ဘူး။ ဂျပန်အသင်းရဲ့ရည်မှန်းချက်က ကမ္ဘာ့ဖလားဝင်ခွင့်ကို တတ်နိုင်သလောက် စောစောစီးစီးရယူနိုင်ဖို့ စိတ်အားထက်သန်နေတယ်။ သြစတြေးလျနဲ့ နောက်ပိုင်းတွေ့ဆုံမှုတွေမှာ ဂျပန်အသင်း အပြတ်အသတ်သာနေပြီး (၉)ပွဲ ဆက်တိုက် ရှုံးပွဲမရှိကာ (၆)ပွဲနိုင်၊ (၃)ပွဲသရေ ကစားနိုင်ခဲ့ပါတယ်။ သြစတြေးလျအသင်းကတော့ ဘာရိန်း၊ အင်ဒိုနီးရှားအသင်းတို့နဲ့ပွဲတွေမှာ မထင်မှတ်ဘဲ အမှတ်တွေ ဆုံးရှုံးထားရတယ်။ ဂျပန်ကိုပဲ ရွေးချယ်ချင်တယ်။
◘ တောင်ကိုရီးယား - အီရတ် (မြန်မာစံတော်ချိန် အောက်တိုဘာလ ၁၅ ရက် ညနေ ၅:၀၅ နာရီ)
ဆွန်ဟောင်မင် မပါတဲ့ တောင်ကိုရီးယားအသင်းအနေနဲ့ ဂျော်ဒန်ကို အနိုင်ရပြီးနောက် အခု အီရတ်ကို ထပ်အနိုင်ကစားနိုင်မယ်ဆိုရင် ဖိအားကင်းသလောက် ဖြစ်သွားလိမ့်မယ်။ အိမ်ကွင်းလည်းဖြစ်လို့ တောင်ကိုရီးယား အနိုင်သေချာပါတယ်။
◘ အီရန် - ကာတာ (မြန်မာစံတော်ချိန် အောက်တိုဘာလ ၁၅ ရက် ည ၁၀:၃၀ နာရီ)
ကာတာအသင်း နိုင်ပွဲစရထားပေမဲ့ အခြေအနေကတော့ စိုးရိမ်စရာ ကောင်းနေဆဲပါပဲ။ အီရန်မြေမှာလည်း ကာတာတို့ အမြင့်ဆုံးသရေလောက်ပဲ ဦးတည်ကစားရလိမ့်မယ်။ အီရန် နိုင်ရင်လည်း ဂိုးမပြတ်ပါဘူး။
◘ ဆော်ဒီအာရေဗျ - ဘာရိန်း (မြန်မာစံတော်ချိန် အောက်တိုဘာလ ၁၅ ရက် ညနေ ၆:၃၀ နာရီ)
ဘာရိန်းအသင်းအဖို့ အင်ဒိုနီးရှားနဲ့ သရေကျခဲ့တာ နစ်နာလှပေမဲ့ ကံကောင်းလို့ မရှုံးခဲ့ရတာဖြစ်တယ်။ ဆော်ဒီအာရေဗျကတော့ ဒီလိုပွဲမျိုးမှာ မဖြစ်မနေ နိုင်ပွဲရှာရတော့မယ်။ ဆော်ဒီ ဂိုးပြတ်၊ မပြတ်ပဲ ကြည့်ရမှာပါ။
◘ တရုတ် - အင်ဒိုနီးရှား (မြန်မာစံတော်ချိန် အောက်တိုဘာလ ၁၅ ရက် ညနေ ၆:၃၀ နာရီ)
အင်ဒိုနီးရှားအသင်းက အုပ်စုတွင်းမှာ မထင်မှတ်တာတွေ လုပ်ပြနေပြီး စတုတ္ထအဆင့်အတွက် ကောင်းကောင်းမျှော်လင့် လို့ ရနေတယ်။ အင်ဒိုနီးရှားတို့ အခုပွဲမှာလည်း အမှတ်ထပ်ယူ ဦးမယ်ထင်တယ်။
◘ ဥဇဘက်ကစ္စတန် - ယူအေအီး (မြန်မာစံတော်ချိန် အောက်တိုဘာလ ၁၅ ရက် ည ၈:၃၀ နာရီ)
မြောက်ကိုရီးယားအသင်းကို သရေကျခဲ့တာ ယူအေအီးအတွက် အတော်နစ်နာပါတယ်။ ဥဇဘက်ကစ္စတန် နိုင်ပွဲပြန်ရှာမယ်ထင်တယ်။
◘ အခြားပွဲစဉ်များ
*ကာဂျစ္စတန် - မြောက်ကိုရီးယား (မြန်မာစံတော်ချိန် အောက်တိုဘာလ ၁၅ ရက် ည ၈:၃၀ နာရီ)
ပါလက်စတိုင်း - ကူဝိတ်* (မြန်မာစံတော်ချိန် အောက်တိုဘာလ ၁၅ ရက် ည ၁၀:၃၀ နာရီ)
*ဂျော်ဒန် - အိုမန် (မြန်မာစံတော်ချိန် အောက်တိုဘာလ ၁၅ ရက် ည ၁၀:၃၀ နာရီ)
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
