Top News

မိတ္ထီလာမြို့နယ် ဂွေးတောက်ကုန်းကျေးရွာအဝင် ရန်ကုန်-မန္တလေး လမ်းဟောင်းဘေးရှိ နှစ် ၁၀၀ ကျော်သက်တမ်းရှိ ကုက္ကိုပင်အား ခွင့်ပြုချက်မရှိဘဲ ခုတ်ခဲ့သဖြင့် သစ်တောဥပဒေဖြင့် အမှုဖွင့်
24htopnews | October 15, 2024 10:12 PM CST

ရန်ကုန်-မန္တလေး လမ်းဟောင်းဘေး မိတ္ထီလာမြို့နယ် ဂွေးတောက်ကုန်းကျေးရွာအဝင်ရှိ နှစ် ၁၀၀ ကျော်သက်တမ်းရှိ ကုက္ကိုပင် အား ခွင့်ပြုချက်မရှိဘဲ ခုတ်ခဲ့သဖြင့် သစ်တော ဥပဒေဖြင့် အမှုဖွင့်ဆောင်ရွက်နေကြောင်း မိတ္ထီလာခရိုင် ရဲတပ်ဖွဲ့ရုံးမှ သိရသည်။

၂၀၁၉ ခုနှစ် နိုဝင်ဘာ၂ ရက်က ရန် ကုန်-မန္တလေး လမ်းမကြီးဘေး မိတ္ထီလာမြို့နယ် ဇောင်ချမ်းကုန်းကျေးရွာအုပ်စု ဂွေးတောက်ကုန်းကျေးရွာအဝင်တွင်ရှိသော နှစ် ၁၀၀ ကျော်သက်တမ်းရှိ ကုက္ကိုပင်အားခုတ် ထွင်ရှင်းလင်းမှုနှင့် ပတ်သက်၍သစ်တောဦးစီးဌာန၏ ခွင့်ပြုချက် တစ်စုံတစ်ရာမရှိဘဲ ဆောင်ရွက်ခဲ့ကြောင်း သိရသဖြင့် မိတ္ထီလာမြို့နယ်စီမံခန့်ခွဲမှုကော်မတီက သစ်တောဥပဒေပုဒ်မဖြင့် ရဲတပ်ဖွဲ့က တရားလိုပြုလုပ်အမှုဖွင့်ဆောင်ရွက်ရန် ညွှန်ကြားခဲ့သဖြင့် ခွင့်ပြုချက်တစ်စုံတစ်ရာမရှိဘဲ သက်တမ်းရင့် ကုက္ကိုပင်အား ခုတ်လှဲခဲ့သူ အမည်၊ နေရပ်၊ လိပ်စာစုံစမ်းဆဲအား အရေးယူပေးပါရန် မိတ္ထီလာမြို့ အမှတ်(၂)နယ်မြေရဲစခန်းမှ ရဲ အုပ်အောင်ကျော်က တရားလိုပြုလုပ်ကာ နိုဝင်ဘာ၂၂ ရက်က အမှုဖွင့်တိုင်တန်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ရန်ကုန်-မန္တလေး လမ်းဟောင်းဘေး မှာ အင်္ဂလိပ်လက်ထက်လောက်ကတည်းက စိုက်ထားတဲ့ ကုက္ကိုပင်အကြီးကြီးတွေရှိတယ်။ သက်တမ်းဆို နှစ် ၁၀၀ လောက်ရှိပြီပေါ့ဗျာ။ အဲဒါကို သူ့ဆိုင်ကွယ်လို့ဆိုပြီး သူ့သဘောနဲ့ သူခုတ်ပစ်တယ်။ ကုက္ကိုပင်ကြီးတွေဆိုတော့ အရိပ်ကောင်းတော့ နှမြောစရာသိပ်ကောင်းတယ်။ နောက်ထပ် အဲဒီလိုအရိပ်ကောင်းဖို့ဆိုရင် နှစ်ပေါင်းများစွာ စောင့်ရမှာ။ အဲဒီမှာ ဘယ်သူတွေခုတ်တယ်၊ ဘယ်လို ချိန်းဆောတွေ သုံးတယ်၊ ထွက်လာတဲ့ ကုက္ကိုသားတွေ  ကို  ဘယ်သူယူတယ်ဆိုတာ ကျေးရွာကသိပါ တယ်။နောက်နောင်လည်း ရန်ကုန်-မန္တလေး လမ်းဘေးက အရိပ်ရသက်တမ်းရှည်အပင် တွေဆိုရင် မခုတ်သင့်ပါဘူး။ အခုလို ခုတ်ပြီး မှ အမှုဖွင့်တာနဲ့စာရင် မခုတ်ခင်ကတည်းက သက်ဆိုင်ရာက သွားတားလိုက်ရင် ပိုကောင်း မှာပါ”ဟု မိတ္ထီလာမြို့နယ် ဂွေးတောက်ကုန်း ကျေးရွာနေသူတစ်ဦးက ပြောကြားသည်။

“သစ်တောဥပဒေ ပုဒ်မ ၄၁(က) က ဘယ်လိုဆိုထားလည်းဆိုရင် ခွင့်ပြုချက်မရှိ ဘဲနဲ့ ကျွန်းနဲ့ တားမြစ်သစ်ပင််မှအပ အခြား သစ်ပင်မှ ထွက်ရှိသောသစ်တွေကို ထုတ်ယူခြင်း၊ သယ်ယူရွှေ့ပြောင်းခြင်း ဒါမှမဟုတ် တ ရားမဝင်လက်ဝယ်ထားရှိခြင်းပြုလုပ်တဲ့ မည် သူ့ကိုမဆို နှစ်နှစ်ထက်မပိုတဲ့ ထောင်ဒဏ်၊ အနည်းဆုံး ကျပ်သုံးသိန်းကနေ အများဆုံးငါး သိန်းအထိ ငွေဒဏ်၊ ဒါမှမဟုတ် ထောင်ဒဏ် ကော ငွေဒဏ်ကောချလို့ရတယ်လို့ ပြဋ္ဌာန်း ထားတယ်” ဟု မိတ္ထီလာမြို့ ရတနာမာရ် အောင်ရပ်ကွက်နေ အထက်တန်းရှေ့နေတစ်ဦးက ပြောကြားသည်။

အဆိုပါ အမှုအား မိတ္ထီလာမြို့ အမှတ် (၂)နယ်မြေရဲစခန်းက (ပ)၈၇၇/၂၀၁၉၊ သစ် တောဥပဒေပုဒ်မ ၄၁(က) ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။       


READ NEXT
Cancel OK