Top News

နိုင်ငံတော်သမ္မတရုံး၏ မူးယစ်ဆေးဝါး အထူးသတင်း တိုင်ကြားရေးဌာနသို့ တိုင်ကြားသည့် မူးယစ်ဆေးဝါးသတင်းများအရ အမှုပေါင်း ၈၆၅ မှုနှင့် တရားခံ ၁၃၀၀ ကျော် ဖမ်းဆီးအရေးယူထား
24htopnews | October 15, 2024 10:12 PM CST

နိုင်ငံတော်သမ္မတရုံး၏ မူးယစ်ဆေးဝါး အထူးသတင်းတိုင်ကြားရေးဌာနသို့ တိုင်ကြားသည့် မူးယစ်ဆေးဝါးသတင်းများအရ အမှုပေါင်း ၈၆၅ မှုနှင့် တရားခံ ၁၃၀၀ ကျော် ဖမ်းဆီးအရေးယူထားကြောင်း နိုဝင်ဘာ ၂၅ ရက်က နိုင်ငံတော်သမ္မတရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

မူးယစ်ဆေးဝါး အထူးသတင်း တိုင်ကြားရေးဌာန စတင်ဖွင့်လှစ်ခဲ့သည့် ၂၀၁၈ ခုနှစ် ဇွန် ၂၆ ရက်မှ ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၂၃ ရက်အထိ စုံစမ်းဖော်ထုတ်ချက်များအရ အမှုပေါင်း ၈၆၅ မှု ဖွင့်လှစ်အရေးယူခဲ့ပြီး  တရားခံ ကျား ၁၁၀၆ ဦး၊ မ ၂၁၄ ဦး စုစုပေါင်း ၁၃၂၀ ဦးကို ဖမ်းဆီးခဲ့ပြီး ဘိန်းဖြူ ၇၁၄၅ ဒသမ ၂၂၉၄ ဂရမ်၊ ICE ၁၃၄၇ ဒသမ ၃၂ ဂရမ်၊ ဘိန်း ၃၉၉၉၉ ဒသမ ၆၁ ဂရမ်၊ အဆင့်နိမ့် ဘိန်း ၃၈၉ ဒသမ ၉၂ ဂရမ်၊ ဘိန်းစာမှုန့် ၅၃၂၃၀ ဒသမ ၇၆ ဂရမ်၊ ဘိန်းစာရွက် ၇၈၃၃ ဒသမ ၁၉ ဂရမ်၊ ဘိန်းစာရည် ၂ ဒသမ ၅ လီတာ၊ စိတ်ကြွဆေးပြား ၄၂၉၇၄၅ ပြား၊ ဆေးခြောက် ၈၄၀၆ ဒသမ ၅၂ ဂရမ်၊ ဘိန်းရည်ဝ ဒသမ ၁ လီတာ၊ ဘိန်းဆီခဲ ၅၂၀ ဒသ မ ၂၈ ဂရမ်၊ ဘိန်းစေ့ ၆၀ ဂရမ်၊ စိတ်ကြွဆေးပြား အကြေမှုန့် ၂၉ ဒသမ ၁၅ ဂရမ်၊ Ecstacy အကြေ ၀ ဒသမ ၀၀၁ ဂရမ်၊ လက်နက်မျိုးစုံ ၁၈ လက်၊ ကျည်မျိုးစုံ ၂၅၇ တောင့်၊ လက်ပစ်ဗုံး တစ်လုံးတို့အား သိမ်းဆည်းရမိခဲ့ကြောင်းနှင့် မူးယစ်ဆေးဝါးသတင်းများ နှင့်စပ်လျဉ်း၍ ဖော်ထုတ်ဖမ်းဆီးအရေးယူမှုကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

နိုင်ငံတော်သမ္မတရုံး၏ မူးယစ်ဆေးဝါး အထူးသတင်းတိုင်ကြားရေးဌာနသို့ မူးယစ်ဆေးဝါး သုံးစွဲ/ဖြန့်ဖြူးရောင်းချနေကြောင်း သတင်းပေးပို့တိုင်ကြားလာသော သတင်းများအနက်မှ ယခုသီတင်းပတ်အတွင်း ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည့် နေရာများမှာ ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာ၊ စစ်ကိုင်းတိုင်းဒေသကြီး ဖောင်းပြင်မြို့နယ် အင်းဝိုင်းကျေးရွာနှင့် ဇီးကုန်းမြို့နယ် အောင်သိဒ္ဓီရပ်ကွက်၊ တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့နယ် မိကျောင်းချောင်းကျေးရွာ၊ ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် ပုဏ္ဏားကုန်းရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ် ၁၄ ရပ်ကွက်၊ လှိုင်မြို့နယ် ၈ရပ်ကွက်နှင့် မြောက်ဥက္ကလာပမြို့နယ် (ည) ရပ်ကွက်တို့မှဖြစ်ကြောင်း၊ ထို့ပြင် ရှမ်းပြည်နယ်(မြောက်ပိုင်း) လောက်ကိုင်မြို့ အမှတ် ၂ ရပ်ကွက်၊ မဘိမ်းမြို့နယ် ညောင်ပင်သာကျေးရွာ၊ ညောင်ရွှေ မြို့နယ် ရွားကြီးထက် (၂) ကျေးရွာ၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ရပ်စောက်မြို့ ဥက္ကံတားရပ်ကွက်တို့မှ မူးယစ်ဆေးဝါးအမျိုးမျိုးကို ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသည့် ဆေးဝါးအန္တရာယ် တားဆီးကာကွယ်နှိမ်နင်းရေးအတွက် ပြည်သူလူထုထံမှ ပေးပို့တိုင်ကြားလာသည့် သတင်းအချက်အလက်များကို စနစ်တကျ လက်ခံရယူနိုင်ရန် မူးယစ်ဆေးဝါး အထူးသတင်းတိုင်ကြားရေးဌာနကို ၂၀၁၈ ခုနှစ် ဇွန် ၂၆ ရက်မှ စတင်ကာ နိုင်ငံတော်သမ္မတရုံးတွင် ဖွင့်လှစ်ထားပြီး မူးယစ်ဆေးဝါးများ ပိုမိုဖမ်းဆီးရမိနိုင်ရေး နှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များသို့ တိုင်ကြားနိုင်သည့်အပြင် ထူးခြားသည့်ကိစ္စရပ်များနှင့် ကြီးမားသည့် မူးယစ်ဆေးဝါး ရောင်း/ဝယ်မှု ကိစ္စရပ်များကို နိုင်ငံတော်သမ္မတရုံး၏ မူးယစ်ဆေးဝါး အထူးသတင်း တိုင်ကြားရေးဌာန အော်တိုတယ်လီ ဖုန်းနံပါတ် ၀၆၇-၅၉၀၂၀၀၊ ဖက်စ်ဖုန်းနံပါတ် ၀၆၇-၅၉၀၂၃၃ နှင့် အီးမေးလ် antinarcotics@presidentoffice.gov.mm တို့ကို ရုံးချိန်အတွင်း လုံခြုံစိတ်ချစွာ တိုင်ကြားနိုင်ကြောင်း အသိပေးကြေညာထားသည်။


READ NEXT
Cancel OK