Top News

စိတ်ကျန်းမာရေးဆေးရုံကြီး၌ အရက်စွဲလူနာများ အများဆုံးတက်ရောက်ကုသ
24htopnews | October 15, 2024 10:12 PM CST

ရန်ကုန်စိတ်ကျန်းမာရေးဆေးရုံကြီး၌ အရက်စွဲလူနာများ အများဆုံးတက်ရောက် ကုသလျက်ရှိကြောင်း အဆိုပါဆေးရုံ၏ ဆေးရုံအုပ်ကြီး ဒေါက်တာတင်တင်ဝင်းက ပြောကြားသည်။

ရန်ကုန်စိတ်ကျန်းမာဆေးရုံကြီးတွင် စိတ်၊ စိတ်နှင့်နှီးနွှယ်သော ဝေဒနာများကို ခံစားနေရသဖြင့် တက်ရောက်ကုသမှုခံယူနေရသူ စိတ်ဝေဒနာရှင်များစွာရှိသည့်အနက် အရက်စွဲလမ်းမှုနှင့် အရက်စွဲလမ်းကြောင့် ဖြစ်ပေါ်လာသည့် စိတ်ဝေဒနာများအား လာရောက်ကုသသူများ အများဆုံးဖြစ်ကြောင်း ဒေါက်တာတင်တင်ဝင်းက နိုဝင်ဘာ ၂၆ ရက် ၌ အနေကြာနှင့် ပိုင်ရှင်မဲ့ စိတ်ဝေဒနာရှင်များ၏ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေးအတွက်ပြုလုပ်သည့် အပျော်ခရီးစဉ်သို့ လိုက်ပါလာရာတွင် ပြောကြားသည်။

“စိတ်ကျန်းမာရေးပေါ့။ စိတ်ကျန်းမာရေးနှင့် နှီးနွှယ်သောပေ့ါ။ အန်တီတို့ လက်ရှိ ဆေးရုံမှာ စိတ်ကျန်းမာရေးနှင့် နှီးနွှယ်သော မှာ အဓိကများနေတာကတော့ အရက်စွဲလူနာ များနေတာပေါ့နော်။ အရက်စွဲလူနာက အရက်စွဲတာတင် သက်သက်ပဲမဟုတ်ဘဲ။ အရက်စွဲတာကနေ ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲ စိတ်ရောဂါတွေပေါ်လာတဲ့ သူတွေများ နေတာပေါ့။ ကျန်တဲ့ သီးသီးသန့်သန့်စိတ် ရောဂါဝေဒနာရှင်တွေလည်း များတယ်ပေါ့။ စိတ်ရောဂါရဲ့ Categories တွေကတော့ အများကြီးပေါ့” ဟု ဒေါက်တာတင်တင်ဝင်း က ပြောကြားသည်။

လက်ရှိတွင် ရန်ကုန်စိတ်ကျန်းမာရေးဆေးရုံကြီး၌ နေထိုင်ကာ တက်ရောက်ကုသ နေရသည့် အတွင်းလူနာများအပါအဝင် စိတ်ဝေဒနာရှင်ပေါင်း ၁၅၀၀ ဝန်းကျင်တက် ရောက်ကုသလျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် စိတ်ဝေဒနာရှင်များအားကုသသည့် ဆေးရုံအား ၁၈၈၆ ခုနှစ် တွင် အင်းစိန်မြို့နယ်၌ ဗြိတိသျှအစိုးရက စတင်တည်ထောင်ခဲ့ပြီး ယင်းနောက် ၁၉၂၆ ခုနှစ်တွင် ရှစ်မိုင်၊ တံတားလေးသို့ပြောင်းရွှေ့ ခဲ့ပြီး လက်ရှိတွင် ရွာသာကြီးသို့ ပြောင်းရွှေ့့ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်


READ NEXT
Cancel OK