လာမည့် ၂၀၁၉-၂ ၀၂ဝပညာသင်နှစ်အတွက် ရန်ကုန်နှင့်မန္တလေးရှိ သူနာပြုတက္ကသိုလ်ဝင်ခွင့်ရသူဦးရေ ၅၀၀ နီးပါးခန့်ရှိ ကြောင်း ကျန်းမာရေးလူ့စွမ်းအားအရင်းအ မြစ်ဦးစီးဌာနမှ ရရှိသည့်အချက်အလက်အရ သိရသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအောက်ရှိ ဆေးရုံအသီးသီးတွင် သူနာပြု လိုအပ်ချက်မြင့်မားနေသည့်အတွက် ၂၀၁၈ ခုနှစ်မှစ၍ သူနာပြုသင်တန်းသားဦးရေကို ယခင်နှစ်များထက် နှစ်ဆတိုးမြှင့်ခေါ်ယူ သင်ကြားခဲ့ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် သူနာပြုနှင့် သားဖွားဆရာမများ၏ ပြည်သူ့ ကျန်းမာရေးဆိုင်ရာ စွမ်းရည်၊ ကုသရေး နှင့် သူနာပြုစုမှုစွမ်းရည်များ ယခုထက်ပိုမိုတိုးတက်စေရေး၊ သူနာပြုနှင့် သားဖွားဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် တိုးတက်စေရေး အတွက် ဘက်ပေါင်းစုံမှ ဆောင်ရွက်လျက်ရှိ ကြောင်း၊ လိုအပ်ချက်အရ သူနာပြုသင်တန်း သားဦးရေကို နှစ်စဉ် ၁၈၀၀ ဦးခန့်သာ သင် ကြားပေးနိုင်ခဲ့ရာမှ ၂၀၁၈ ခုနှစ်မှစ၍ နှစ်ဆ တိုးမြှင့်ပြီး ၃၆၀၀ အထိ တိုးမြှင့်ခေါ်ယူသင် ကြားလျက်ရှိကြောင်းနှင့် သင်ရိုးညွှန်းတမ်း နှင့် သင်ကြားရေးစနစ်များကို နိုင်ငံတကာ အဆင့်အတန်းမီဖြစ်စေရေး ပြောင်းလဲဆောင်ရွက်ထားပြီးဖြစ်ကြောင်း သိရသည်။
ထို့ပြင် မြန်မာနိုင်ငံရှိ လူဦးရေ ၇၀ ရာ ခိုင်နှုန်းခန့်သည် ကျေးလက်ဒေသများတွင် နေထိုင်ကြသည့်အတွက် ကျေးလက်ဒေသတွင် အများစုတာဝန်ထမ်းဆောင်ကြရသော သားဖွားဆရာမများ၏ အရည်အသွေး ပိုမို မြင့်မား စွာဖြင့်ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ သူ နာပြု/သားဖွားများ၏ ဘဝတက်လမ်းအတွက် ဘွဲ့ရအရာရှိများဖြစ်လာစေရန် သားဖွားသိပ္ပံဘွဲ့များ ပေးအပ်နိုင်ရန်လည်း စီစဉ်နေပြီး ပြည်ပအတွေ့အကြုံများရရှိစေရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အစီအစဉ်ဖြင့် သင်တန်းများ၊ လေ့လာရေးခရီးများ စေလွှတ်သွားရန်လည်းစီစဉ်ထားကြောင်းနှင် ့သူနာပြု၊ သားဖွားဆရာမများအား ဝန်ကြီးဌာနက ရာထူးနေရာများပေးရန်နှင့် သားဖွားဆရာမ များအတွက် ပညာရပ်ဆိုင်ရာဘွဲ့များလည်း ပေးအပ်ရန် ဆွေးနွေးမှုများပြုလုပ်နေကြောင်း သိရသည်။
လက်ရှိ သူနာပြုတက္ကသိုလ်နှစ်ခု၊ သူနာပြု၊ သားဖွားနှင့်နှီးနွှယ်ကျောင်း ၅၀ တို့မှ မြန်မာနိုင်ငံအတွက် လိုအပ်လျက်ရှိသော သူနာပြုနှင့်သားဖွားများ မွေးထုတ်လျက် ရှိသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
