မင်္ဂလာဒုံမြို့နယ်၊ ပုလဲအိမ်ရာဝင်းအတွင်း ဆိုင်ကယ်မောင်းနှင်လာသူအား အမျိုးသားနှစ်ဦးမှ ဓားဖြင့်ထိုးပြီး ဆိုင်ကယ်လုယက်ရန် ကြံစည်မှုဖြစ်ပွားခဲ့ကြောင်း နိုဝင် ဘာ၂၆ ရက်တွင် ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။
နိုဝင်ဘာ ၂၅ ရက် ည ၇ နာရီဝန်းကျင် ခန့်တွင် မင်္ဂလာဒုံမြို့နယ်၊ပုလဲအိမ်ရာဝင်း အတွင်း အမျိုးသားတစ်ဦးဓားဖြင့်ထိုးခံရသဖြင့် ဒဏ်ရာများရရှိနေကြောင်း သတင်း ရသဖြင့် ဒဏ်ရာရရှိသူအား ကူညီရန် ပုလဲ အရန်မီးသတ်တပ်ဖွဲ့မှသွားရောက်ခဲ့ ကြောင်း သိရသည်။
“ဖြစ်တာက ည ၇ နာရီလောက်ကပါ။မင်္ဂလာဒုံမြို့နယ်၊ ပုလဲအိမ်ရာဝင်းအတွင်းမှာ ဖြစ်တာပါ။ ဓားနဲ့ထိုးခံရသူက ဆိုင်ကယ်နဲ့ ပါ။ ဓားနဲ့ထိုးတဲ့လူနှစ်ယောက်ကလည်း ဆိုင်ကယ်နဲ့လို့သိရတယ်။ဆိုင်ကယ်လာလုတာ လို့ ဓားထိုးခံရတဲ့ကောင်လေးရဲ့ပြောကြားချက်အရသိရတယ်။ လာလုတဲ့အချိန်မှာ တစ်ယောက်နဲ့တစ်ယောက် ခိုက်ရန်ဖြစ်ပွားတဲ့ အခြေအနေပေါ့။ လုတဲ့ဘက်ကနေ ကြက်သွန်လှီးတဲ့ဓားပေါ့။ အသွားက သုံးလက်မ လောက်ပဲရှိတယ်။ အဲဒီဓားနဲ့ ထိုးတာပေါ့။ထိုးခံရတဲ့သူက ထိုးသွင်းဒဏ်ရာငါးချက်။ခေါင်းမှာ တစ်ချက်၊ညာဘက်လည်ပင်းဘေး မှာနှစ်ချက်နဲ့ဘယ်ညာလက်ကောက်ဝတ်နား မှာ ပြတ်ရှဒဏ်ရာနှစ်ချက် ဒဏ်ရာရရှိခဲ့ပါ တယ်။ ဓားနဲ့ထိုးခံရတဲ့ မောင်းတဲ့သူက ဆိုင်ကယ်ကယ်ရီဆွဲတဲ့ သဘောလည်းရှိတယ်။ဆိုင်ကယ်လျှောက်စီးတဲ့အနေအထားလည်း ရှိတယ်။အသက်က၂၃နှစ်ပါ။ ဖြစ်တဲ့နေရာ ကတော်တော်မှောင်တယ်။လမ်းမီးလည်း မရှိ ဘူး။ဘယ်သူဘယ်ဝါလဲဆိုတာ ထိုးခံရတဲ့ ကောင်လေးကမမှတ်မိဘူး။ ထိုးခံရတဲ့ကောင် လေးပြောတာကတော့ သူ့ကိုထိုးသွားတာ နှစ်ယောက်လို့ ပြောတယ်။ ဓားနဲ့ထိုးပြီး ဆိုင်ကယ်လုပေမဲ့ ဆိုင်ကယ်က မပါသွားဘူး။ ဘာလို့လဲဆိုတော့ အဲဒီအချိန်က အလုပ်ဆင်း ချိန်ဖြစ်တော့ အလုပ်ဆင်းတဲ့သူတွေက ဒဏ် ရာနဲ့လဲနေတာတွေ့တော့ ဝိုင်းဝန်းကူညီပြီး ကျွန်တော်တို့ ပုလဲအရန်မီးသတ်ကို ဆက် သွယ်တာပါ” ဟု ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ ကိုထင်လင်းအောင်က ပြောကြားသည်။
ဒဏ်ရာရရှိသူကို မြောက်ဥက္ကလာဆေး ရုံသို့ပို့ဆောင်ထားပြီး လက်ရှိတွင် ဒဏ်ရာ အခြေအနေမှာ သက်သာနေပြီဖြစ်ကြောင်း ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ ကိုထင်လင်းအောင်၏ ပြောကြားချက်အရ သိရသည်။
အဆိုပါဖြစ်စဉ်အား သက်ဆိုင်ရာ ရဲစခန်းမှ ဆက်လက်စစ်ဆေး ဆောင်ရွက်နေ ကြောင်းသိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
