မြန်မာတစ်နိုင်ငံလုံးရှိ မြို့နယ် ၂၃၄ မြို့ နယ်တွင် အသက်ကိုးလမှ ငါးနှစ်ခွဲအရွယ် ကလေးများအား ဝက်သက်-ဂျိုက်သိုးကာကွယ်ဆေး အပိုဆောင်း စတင်ထိုးနှံနေပြီဖြစ်ကြောင်း နိုဝင်ဘာ ၂၆ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ပြုလုပ်သည့် နိုင်ငံတစ်ဝန်း ဝက်သက်-ဂျိုက်သိုးကာကွယ်ဆေး အပိုဆောင်းထိုးနှံခြင်း လုပ်ငန်းတိုင်းဒေသကြီးအဆင့်ဖွင့်ပွဲ အခမ်းအနားမှ သိရသည်။
အဆိုပါ အပိုဆောင်းထိုးနှံခြင်းလုပ်ငန်းကို နိုဝင်ဘာ၂၆ ရက်မှ၂၈ ရက်အထိ ထိုးနှံပေးသွားမည်ဖြစ်ပြီး ယခုထိုးနှံခြင်းသည် အပိုဆောင်းအခွင့်အရေးအနေဖြင့် တစ်ကြိမ် ထပ်မံထိုးပေးခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းဌာန (ခွဲ) လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ သက်စုမွန်က ပြောကြားသည်။
“ နိုင်ငံတစ်ဝန်း ဝက်သက်- ဂျိုက်သိုးကာကွယ်ဆေး အပိုဆောင်းထိုးနှံခြင်းကို နိုဝင်ဘာ ၂၆ ရက်ကနေ ၂၈ ရက်အထိ သုံးရက်တိုင်တိုင် မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ၂၃၄ မြို့နယ်မှာ ပြုလုပ်မှာဖြစ်တယ်။ ထိုးနှံပေးမယ့် ကလေးတွေကတော့ အသက်ကိုးလကနေ ငါးနှစ်ခွဲအရွယ်ရှိတဲ့ ကလေးအားလုံးကို အပိုဆောင်းအခွင့်အရေးအနေနဲ့ တစ်ကြိမ် ထပ်မံထိုးပေးတာဖြစ်တယ်။ ၉၆ မြို့နယ်နဲ့ ခက်ခဲဒေသတွေကတော့ ပြီးခဲ့တဲ့ အောက်တိုဘာလမှာ ငါးရက်တာ ထိုးနှံပေးခဲ့ပြီးဖြစ်တယ်” ဟု ၎င်းက ပြောကြားသည်။
ခက်ခဲဒေသများဖြစ်သည့် ၉၆ မြို့နယ်၌ ကာကွယ်ဆေးထိုးနှံရာတွင် ရန်ကုန်တိုင်းဒေသကြီး မြို့နယ် ၄၅ မြို့နယ်သည် ပါဝင်ခြင်းမရှိသေးသည့်အတွက် ယခုထိုးမည့် ၂၃၄ မြို့နယ်တွင် ပါဝင်ကြောင်းနှင့် ၄၅ မြို့နယ်ရှိ ခန့်မှန်းကလေး ၅၇၀၀၀၀ ကျော်ကို ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။
ဝက်သက်- ဂျိုက်သိုးကာကွယ်ဆေးအား ကလေးအသက်ကိုးလတွင် တစ်ကြိမ် အသက် ၁၈ လတွင် တစ်ကြိမ် ပုံမှန်ကာကွယ်ဆေးထိုးအနေဖြင့် ထိုးနှံပေးနေကြောင်း သိရသည်။
“ အသက်ကိုးလမှာ ပထမတစ်ကြိမ် အသက် ၁၈ လမှာ တစ်ကြိမ် ပုံမှန်ကာကွယ်ဆေးထိုးအနေနဲ့ ပုံမှန်ထိုးပေးနေပါတယ်။ ဒီနှစ်ကြိမ်စလုံးကိုရမှသာ ကလေးက ဝက်သက်ရောဂါကနေ ကာကွယ်နိုင်စွမ်းအား ၉၅ ရာခိုင်နှုန်းနဲ့ ဂျိုက်သိုးကာကွယ်ဆေးစွမ်းအားကို ရရှိမှာဖြစ်တယ်။ အဲဒီလိုမဟုတ်ဘဲ ကလေးအသက် ကိုးလမှာ တစ်ကြိမ်ပဲ ထိုးမယ်။ ထိုးပြီးသွားပြီး ထပ်ထိုးစရာ မလိုတော့ဘူးဆိုပြီး ဒုတိယအကြိမ် ကာကွယ်ဆေးထိုးမှုကို ပျက်ကွက်ခဲ့မယ်ဆိုရင် ဝက်သက်ကာကွယ်ဆေးရဲ့ ဆေးအာနိသင် ၈၅ ရာခိုင်နှုန်းပဲ ရှိတဲ့အတွက်ကြောင့် ကာကွယ်စွမ်းအားရသွားပေမဲ့ ကျန်တဲ့ ၁၅ ရာခိုင်နှုန်းက ကျန်သွားတတ်တယ်။ ဒါကြောင့် အသက် ၁၈ လမှာ ဒုတိယအကြိမ် ထိုးတဲ့အခွင့်အရေးကို မိဘတွေအနေနဲ့ သေသေချာချာ ထိုးပေးဖို့လိုတယ်။ တစ်ကြိမ်တည်း ထိုးရင်လုံးဝ မလုံလောက်ပါဘူး။ အကြောင်းကြောင်းကြောင့် ပျက်ကွက်ခဲ့တာရှိရင် ဝက်သက်ရောဂါက ကပ်အသွင် ဖြစ်ပွားတတ်ပါတယ်။ အဲဒီလိုမျိုးဖြစ်ပွားမှာကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ အပိုဆောင်း ထိုးနှံခြင်းလုပ်ငန်းကို သုံးလေးနှစ်တစ်ကြိမ် လုပ်ပါတယ်” ဟု ၎င်းက ပြောကြားသည်။
၂၀၁၈ နှစ်ကုန်ပိုင်းနှင့် ၂၀၁၉ နှစ်ဦးပိုင်းတွင် ဝက်သက်ရောဂါဖြစ်ပွားမှု များပြားခဲ့ပြီး ယင်းဖြစ်ပွားမှုကို ပြန်လည်သုံးသပ်ကြည့်ပါက ဖြစ်ပွားသူဦးရေ၏ ထက်ဝက်ကျော်သည် ရန်ကုန်တိုင်းဒေသကြီးမှ ဖြစ်ကြောင်းသိရသည်။
၂၀၁၈ ခုနှစ်တွင် တစ်နိုင်ငံလုံးအနေဖြင့် ဝက်သက်ရောဂါဖြစ်ပွားသူ စုစုပေါင်း ၁၂၇၆ ဦး ရှိပြီး ရန်ကုန်တိုင်းဒေသကြီးတွင် ၆၄၆ ဦး (တစ်နိုင်ငံလုံး၏ ၅၀ ရာခိုင်နှုန်း) ဖြစ်ခဲ့ပြီး ၇၅ ရာခိုင်နှုန်းမှာ အသက် ၁၅ နှစ်အောက် ကလေးများဖြစ်ကြောင်းနှင့် ယင်းကဲ့သို့ ဖြစ်ရခြင်းမှာ ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းတွင် ၉၀ ရာခိုင်နှုန်းအောက်သာ နှစ်စဉ်ရရှိခဲ့ခြင်းနှင့် အစုလိုက်ကာကွယ်ဆေးထိုးလုပ်ငန်း ၂၀၁၇ ခုနှစ်တွင် ၈၅ ရာခိုင်နှုန်းသာ ရရှိခဲ့ခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
