ကင်ဆာရောဂါလူနာများကဲ့သို့ ဝေဒနာသည်များအတွက် နာကျင်မှုသက်သာလျော့ပါးစေရန် ကုသစောင့်ရှောက်မှု (Palliative Care) ပေးသည့်စင်တာများ သီးသန့်ဖွင့်လှစ် နိုင်ရေး စီစဉ်နေကြောင်း နိုဝင်ဘာ ၂၄ ရက် ကပြုလုပ်ခဲ့သည့် ဦးလှထွန်းမေတ္တာရိပ်မွန် ကင်ဆာဖောင်ဒေးရှင်း၏ ၂၁ နှစ်ပြည့် အခမ်းအနားတွင် ကျန်းမာရေးနှင့်အားကစားဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ပြောကြားချက်အရသိရသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး က ကင်ဆာရောဂါဝေဒနာသည်များအတွက် ဝေဒနာသက်သာလျော့ပါးစေရေးပြုစုမှု၊ ကြင်နာစောင့်ရှောက်မှုနှင့်ပံ့ပိုးမှုများကို အလွန်မွန်မြတ်သော စေတနာနှင့် ပရဟိတစိတ်ထား များဖြင့် လုပ်ဆောင်ပေးလျက်ရှိသော ဦးလှထွန်းမေတ္တာရိပ်မွန် (ကင်ဆာ) ဖောင်ဒေးရှင်း ကြီး ၂၁ နှစ်တာကာလကြာ ရှင်သန်ဖွံ့ဖြိုးမှု အတွက် ၀ိုင်းဝန်းဆောင်ရွက်ပေးသူများကို ချီးကျူးဂုဏ်ပြုကြောင်း၊ ကင်ဆာရောဂါဝေဒနာသည်များကို ပြုစုစောင့်ရှောက်မှုပေးနေသော hospice အဖွဲ့များ စုပေါင်း၍ အဖွဲ့အစည်းတစ်ခုပြုလုပ်ကာ အဖွဲ့များအကြား အတွေ့အကြုံများ ဝေမျှခြင်းကို ဆောင်ရွက်သွားကြစေလိုပြီး ဝန်ကြီးဌာနအနေဖြင့်လည်း ပံ့ပိုး ကူညီပေးမည်ဖြစ်ကြောင်း၊ hospice အဖွဲ့ များမှ လူနာများ ဆေးရုံတက်ရောက်ကုသမှုခံယူရန်လိုအပ်သည့်အခါ ဝန်ကြီးဌာန၏ ဆေးရုံများတွင် ဆေးပညာကျင့်ဝတ်များနှင့် အညီ အထူးဦးစားပေး တက်ရောက်နိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း စသည်တို့ကို ပြောကြားသည်။
“၂၀၁၄ခုနှစ် ကမ္ဘာ့ကျန်းမာရေးညီလာခံ ရဲ့ သဘောတူဆုံးဖြတ်ချက် (WHA 67.19) တွင် နာကျင်မှုဝေဒနာသက်သာလျော့ပါးစေဖို့ ကုသစောင့်ရှောက်မှုတွေကို ဘက်စုံကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေ မှာ အားဖြည့်ထည့်သွင်းသွားဖို့ တိုက်တွန်းထားပါတယ်။ ဒါကြောင့် ဝန်ကြီးဌာနအနေနဲ့ လည်း ကင်ဆာရောဂါဝေဒနာသည်တွေလို ဝေဒနာရှင်တွေအတွက် နာကျင်မှုဝေဒနာ သက်သာလျော့ပါးစေဖို့ ကုသစောင့်ရှောက်မှု (Palliative Care) ပေးတဲ့စင်တာတွေ သီးသန့် ဖွင့်လှစ်နိုင်ဖို့ စီစဉ်ဆောင်ရွက်နေပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ကပြောကြားသည်။
မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်း တွင် ကင်ဆာရောဂါဖြစ်ပွားနှုန်းများ ပိုမိုများ ပြားလာပြီး အမျိုးသားငါးဦးတွင် တစ်ဦးနှင့် အမျိုးသမီးခြောက်ဦးတွင် တစ်ဦးမှာ ၎င်းတို့ သက်တမ်းတစ်နေရာတွင် ကင်ဆာရောဂါ ဖြစ်ပွားနိုင်သည်ဟု International Agency for Research on Cancer (IARC)က ခန့် မှန်းထားကြောင်း ဖော်ပြထားသည်။
အသက်အရွယ်ကြီးရင့်သူဦးရေ များပြားလာခြင်း၊ ကင်ဆာရောဂါဖြစ်စေတတ်သော ပစ္စည်းများ ပိုမိုများပြားလာခြင်း၊ နေထိုင်စား သောက်မှုအလေ့အထများ ပြောင်းလဲလာခြင်း၊ ဆေးလိပ်နှင့်ဆေးရွက်ကြီး သုံးစွဲမှုများ ပြားလာခြင်းနှင့် စက်မှုလုပ်ငန်းများမှ ထွက်ရှိသော ကင်ဆာရောဂါဖြစ်စေတတ်သည့် ပစ္စည်းများ ပတ်ဝန်းကျင်တွင် များပြားခြင်း စသည့်အချက်များကြောင့် မြန်မာနိုင်ငံတွင် ကင်ဆာရောဂါဖြစ်ပွားမှုများ မြင့်တက်လာကြောင်း မြန်မာနိုင်ငံ ကင်ဆာရောဂါဆိုင်ရာ ဓာတ်ရောင်ခြည်ဆေးပညာရှင်များအဖွဲ့၏ ပထမအကြိမ် အမျိုးသားအဆင့် နှီးနှောဖလှယ်ပွဲမှ ရရှိသည့်အချက်အလက်အရသိရ သည်။
ဆယ်စုနှစ်များအတွင်း မြန်မာနိုင်ငံတွင် ကင်ဆာရောဂါဖြစ်ပွားနှုန်းလျင်မြန်စွာတိုး ပွားလာခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် သေဆုံးမှုစုစု ပေါင်း၏ ၄ ဒသမ ၉ ရာခိုင်နှုန်းနှင့်ရောဂါဖြစ် ပွားမှုအားလုံး၏ ၂ ဒသမ ၉ ရာခိုင်နှုန်းသည် ကင်ဆာရောဂါနှင့်ဆက်နွယ်မှုရှိနေကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ရ ရှိသည့်အချက်အလက်အရသိရသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန အနေဖြင့် လာမည့် ၂၀၁၉-၂၀၂ဝဘဏ္ဍာနှစ် တွင် ကင်ဆာရောဂါများ အပါအဝင် မကူး စက်တတ်သောရောဂါများ ကာကွယ်နှိမ်နင်း ရေးလုပ်ငန်းအပါအဝင် လုပ်ငန်းကြီးငါးရပ် ကိုဦးစားပေးဆောင်ရွက်မည်ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည် ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေး၏ ပြောကြားချက်အရ သိရသည်။
မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံများတွင် မကူးစက်နိုင်သောရောဂါများကြောင့် နှစ်စဉ် လူဦးရေ ၄၁ သန်းခန့်သေဆုံးနေပြီး ၎င်းတို့အနက် အသက် ၃၀ မှ ၆၉ နှစ်ကြား လူဦးရေ ၁၅ သန်းခန့်ပါဝင်နေကြောင်း၊ မကူးစက်နိုင် သောရောဂါများကြောင့် နှစ်စဉ် လူဦးရေ ၄၁ သန်းသေဆုံးလျက်ရှိပြီး တစ်ကမ္ဘာလုံးသေဆုံး မှု၏ ၇၁ ရာခိုင်နှုန်းခန့်ရှိကြောင်း၊ ယင်းတို့အနက် အသက် ၃၀ မှ ၆၉ နှစ်ကြား လူဦးရေ ၁၅ သန်းနှစ်စဉ်သေဆုံးလျက်ရှိပြီး ထိုသို့အရွယ် မတိုင်မီသေဆုံးမှုများ၏ ၈၅ရာခိုင်နှုန်း သည်ဝင်ငွေနည်းပါးသည့် ဖွံ့ဖြိုးဆဲနိုင်ငံများ မှ ဖြစ်ကြောင်းနှင့်အဓိကသေဆုံးရသည့် အကြောင်းရင်းများမှာ နှလုံးနှင့် သွေးကြော ရောဂါများ၊ ကင်ဆာ၊ နာတာရှည်အဆုတ်ရောဂါနှင့် ဆီးချိုရောဂါစသည်တို့ကြောင့်ဖြစ် ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
