Top News

မော်လမြိုင် သွေးသောက်ရွာရှိ ခနောက်စိမ်းတွင်းမှာ တွင်းဟောင်းဖြစ်၍ အရေးယူရန်မရှိကြောင်း မွန်ပြည်နယ် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ပြောကြား
24htopnews | October 15, 2024 10:12 PM CST

မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အေးဇံ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်နွယ်နွယ်အောင်တို့ နိုဝင်ဘာ ၁၁ ရက် က သွားရောက်ကြည့်ရှုခဲ့သော မော်လမြိုင်မြို့ နယ် သွေးသောက်ကျေးရွာရှိတွင်းမှာ ခနောက်စိမ်းတွင်းဟောင်းဖြစ်၍ အရေးယူရန်မရှိကြောင်း ဝန်ကြီး ဒေါက်တာမင်းကြည်ဝင်း (သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မွန်ပြည်နယ်အစိုးရ အဖွဲ့) က ဆိုသည်။

“ဝန်ကြီးချုပ်နဲ့ ဒေါ်နွယ်နွယ်အောင် (အမျိုးသားလွှတ်တော် ကိုယ်စားလှယ်) သွား ကြည့်တဲ့ သွေးသောက်ရွာက ခနောက်စိမ်းတွင်းဆိုတာ ဝန်ကြီးချုပ်ပြောတာက တွင်းဟောင်းဆိုတော့ အရေးယူဖို့ မရှိပါဘူး။ မြေ စာအသစ်တွေ တွေ့ရင်တော့ မြို့နယ်ထွေအုပ်အုပ်ချုပ်ရေးမှူးတွေက မြို့နယ်ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင် ရာ ကြီးကြပ်မှုဆပ်ကော်မတီဥက္ကဋ္ဌပဲ။ သူတို့က တင်ပြပြီး အရေးယူဖို့ရှိပါတယ်”ဟု ဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက ဆိုသည်။

ခနောက်စိမ်းတူးဖော်ခွင့်ကို မိမိတို့အစိုးရ လက်ထက်တွင် ခွင့်ပြုထားခြင်းမရှိသော်လည်း ယခင်အစိုးရက ခွင့်ပြုထားသောကုမ္ပဏီနှစ်ခုတွင် ရပ်ဆိုင်းထားသည့် ကျိုက်မ ရောမြို့နယ် ပိန္နဲကုန်းရွာ၊ မြန်မာစကြာဝဠာ ကုမ္ပဏီ၏ ဧက ၁၆ ခန့်တွင်သွေးသောက်ရွာ တွင်းသည် ပါ မပါမသိရှိရကြေင်း၊ ကျန်ရှိန်း ရတနာကုမ္ပဏီ၏ လုပ်ပိုင်ခွင့်သက်တမ်းတိုး မှုကိစ္စတွင် တည်နေရာစိစစ်ဆဲအခြေနေ တွင်ရှိကြောင်း ဒေါက်တာမင်းကြည်ဝင်းက ဆိုသည်။

ကုမ္ပဏီအချို့သည် ယခင်ခွင့်ပြုချက် ကို မှေးပြီးလုပ်ကိုင်လေ့ရှိပြီး သက်တမ်းတိုး ကာလတွင်လည်း တူးဖော်မှုရှိနိုင်ရာ ဌာနအနေနှင့် သွေးသောက်ရွာ ခနောက်စိမ်းတွင်း၏ ယခင် ခွင့်ပြုလုပ်ကွက်တွင်ပါ မပါ၊ လုပ်ငန်း၊ လုပ်နည်းများ စနစ်ကျမှုရှိ မရှိ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုအတွက် ထိခိုက်မှုရှိ မရှိ၊ မော်လမြိုင်မြို့ ရေကြောများ ပျက်စီးမှုရှိမရှိ၊ လုပ်ငန်းပြီးပါက ပျက်စီးသဘာဝပတ်ဝန်းကျင်ကို ပြန်လည်ထိန်းသိမ်းပြုပြင်မှု ပြု လုပ်ခြင်းရှိ မရှိ စသည့်တာဝန်များကို လုပ် ဆောင်ရန် သက်ဆိုင်သည့်ဌာနတွင် တာဝန် ရှိကြောင်း၊ အမိန့်ညွှန်ကြားချက်နှင့် လုပ်ကိုင် ၍မရသည့်ကိစ္စများတွင် ဒေသန္တရစီမံခန့်ခွဲမှု နှင့် ပွင့်လင်းမြင်သာစွာ တားမြစ်လုပ်ကိုင်သင့်ကြောင်း  ဦးသောင်းဝင်း (မွန်ပြည်နယ် စားသုံးသူများသမဂ္ဂဥက္ကဋ္ဌ)က ဆိုသည်။

“တောင်ဝိုင်းတောင်ကို သွေးသောက် ရွာဘက်မှာ ခနောက်စိမ်းရှာတယ်ဆိုပြီး မိုင်း တွေခွဲပြီး မြေအောက်ကို ပေပေါင်းများစွာ တူးချထားတာ ရွာကလူတွေ အကြောင်း ကြားလာတဲ့အတွက် အခင်းဖြစ်နေရာ ဝန်ကြီးချုပ်ကို အကြောင်းကြားတော့ ဝန်ကြီးချုပ် ကိုယ်တိုင်သွားကြည့်ခဲ့ကြတယ်။ တွင်းက လိုဏ်ဂူလိုဖြစ်နေပြီး အောက်ခြေရေကြော ထိရောက်နေပြီ။ လူတွေက ကိုယ့်အတ္တတစ်ခုကိုပဲကြည့်တယ်။ အများအကျိုးကို မကြည့် ကြဘူး၊ ပြီးခဲ့တဲ့နှစ်က တောင်ဝိုင်းတောင် ဖြို ပြီး မြေကြီးရောင်းစားတယ်။ အခုတစ်ခေါက် ပိုဆိုတာက မိုင်းခွဲပြီး သတ္တုကြော ရှာတယ်၊ အရင်လို အောက်မြန်မာပြည်နှင့် အခွန်ဥပဒေ နဲ့တင်မကတော့ဘူး၊ သတ္တုတွင်းဥပဒေ၊ ယမ်း ကို အသုံးပြုခွင့်မရှိဘဲ အသုံးပြုတဲ့အတွက် ခဲယမ်းမီးကျောက်နဲ့ပတ်သက်သော ဥပဒေ များကိုပါ ချိုးဖောက်ရာရောက်ပါတယ်။ ကျွန်မ နဲ့ တောင်ဝိုင်းတောင်ရဲ့ရေစက်က မသေးဘူး၊ တောင်ဝိုင်းတောင်ကို ပြည်သူများ ၀ိုင်းဝန်းထိန်းသိမ်းပေးကြပါလို့ မေတ္တာရပ်ခံပါတယ်၊ ဒီလိုသာ ဆက်လုပ်နေကြမယ်ဆိုရင် မကြာခင် မုတ္တမ၊ သဲဖြူကုန်းက မလတ်တောင် ပြိုသလို တောင်ဝိုင်းတောင်မှာလည်း ဒီလိုပြို နိုင်တဲ့ အန္တရာယ်ရှိပါတယ်” ဟုဒေါ်နွယ်နွယ် အောင် (အမျိုးသားလွှတ်တော်ကိုယ်စား လှယ်  မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၂))က ၎င်း၏ လူမှုကွန်ရက်တွင် ဖော်ပြခဲ့သည်။


READ NEXT
Cancel OK