AA လက်နက်ကိုင်အဖွဲ့၏ ဖမ်းဆီးခြင်းခံရသည့် နိုင်ငံဝ့န်ထမ်းများ အမြန်ဆုံး လွတ်မြောက်ဘေးအန္တရာယ်ကင်းစေရန် ရဲပရဟိတအဖွဲ့က မန္တလေးမြို့ မဟာမုနိဘုရား စနေထောင့်တွင် ဆုတောင်းမှုကို နိုဝင်ဘာ ၂၆ ရက ်နံနက် ၉ နာရီက ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
ရဲပရဟိတအဖွဲ့မှ ဦးဆောင်သည့် မေတ္တာ ပို့ဆုတောင်းခြင်းကို စနေထောင့်တွင် ပြုလုပ်ခဲ့ပြီး သံဃာများကို ဆွမ်းကပ်တရားနာ မှုပြုလုပ်ခဲ့ခြင်းဖြစ်သည်။
“ရခိုင်ပြည်နယ်မှာ ဖမ်းဆီးခံရတဲ့ နိုင်ငံဝန်ထမ်းတွေ၊ အပြစ်မဲ့ပြည်သူတွေအတွက် အမြန်ဆုံးလွတ်မြောက်အန္တရာယ်ကင်းစေဖို့ ဆုတောင်းရခြင်းဖြစ်ပါတယ်။ ဖမ်းဆီးခံရတဲ့ သူတွေရဲ့ မိသားစုနဲ့ ထပ်တူရှိနေတယ်ဆိုတာကို ပြသတာပါ။ အခုလိုမျိုး နိုင်ငံ့ဝန်ထမ်းတွေအတွက် ဆုတောင်းတာတွေ လုပ်လိုက် ခြင်းအားဖြင့် သက်ဆိုင်ရာအာဏာပိုင်တာဝန်ရှိသူတွေ သိသွားပါလိမ့်မယ်။ ကနဦးငြိမ်း စုစီတင်တုန်းကတော့ အယောက် ၁၀၀ အတွက်ဖြစ်ပေမဲ့ ဘုရားပေါ်မှာတော့ ခွင့်မပေးဘူး။ မနော်ရမ္မံဟစ်တိုင်မှာပဲ ခွင့်ပြုတယ်။ ဘုရားမှာ ဝတ်ပြုဆုတောင်းတာမို့ ဟစ်တိုင် ကွင်းမှာ ဘုရားမရှိလို့ အဆင်မပြေဘူး။ဘုရား မှာအယောက် ၁၀၀ အဆင်မပြေတဲ့အတွက် ကျွန်တော်တို့ ဦးဆောင်တဲ့သူခြောက်ဦးပဲ ဆုတောင်းဖြစ်သွားတာပါ”ဟု ဦးဆောင်သူ ရဲပရဟိတအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်သူဟိန်းက ပြောကြားသည်။
ဖမ်းဆီးခံဝန်ထမ်းများ၊ အပြစ်မဲ့ပြည်သူ များလွတ်မြောက်စေချင်သူများ၊ မိသားစုဝင် များလည်း အဆိုပါဆုတောင်းပွဲတွင်ပါဝင်ခဲ့ကြောင်း သိရသည်။
“အန်တီ့သား ဒုရဲအုပ်မျိုးကိုကိုက ရန်ကုန် မှာ သင်တန်းဆင်း တစ်နှစ်ထမ်းဆောင်ပြီး ရခိုင်ကို တာဝန်ကျတာပါ။ အန်တီသား ရခိုင် ကိုတာဝန်ကျပြီးကတည်းက သုံးနှစ်အတွင်း တစ်ခါမှ မတွေ့ခဲ့ရပါဘူး။ ဒီနေ့ဆို ၂၈ ရက် ရှိပါပြီ။ အန်တီတို့ တစ်မျိုးလုံးမီးလောင်တိုက်သွင်းသလို ပူလောင်နေရပါတယ်။ အန်တီ့ သားလေးနဲ့အဖွဲ့ အမြန်ဆုံးလွတ်မြောက်ဖို့ ကယ်ပေးပါလို့ နိုင်ငံရဲ့အကြီးအကဲဖြစ်တဲ့ အားလုံးကို တောင်းဆိုပါတယ်။ သမ္မတကြီး ကိုလည်း သိစေဖို့တောင်းဆိုပါတယ်။ ကယ်ပေးကြပါလို့။ အန်တီ့လိုပဲ တခြားသူတွေရဲ့ မိသားစုဝင်တွေလည်း ပူဆွေးနေကြရမယ် ဆိုတာ နားလည်ပါတယ်။ ဖမ်းဆီးခံရတဲ့ သူတို့ကို ကယ်တင်ပေးဖို့ အန်တီတို့က ဘာမှ မစွမ်းနိုင်ပေမယ့် ဒီပုဂ္ဂိုလ်ကြီးတွေသာ လုပ်ပေးမယ်ဆိုရင် ရပါတယ်လို့ အန်တီပြောချင် ပါတယ်” ဟု AA လက်နက်ကိုင်အဖွဲ့၏ဖမ်းဆီးခြင်းခံရသည့်ထဲတွင်ပါဝင်ခဲ့သူ ဒုရဲအုပ် မျိုးကိုကို၏ မိခင်က ပြောကြားသည်။
“AA သူပုန်များ၏ ဖမ်းဆီးခြင်းခံရသည့် နိုင်ငံ့ဝန်ထမ်းများသည် သုံ့ပန်းများ မဟုတ်ပါ။ မိသားဝင်များကို စာနာပါ” စသည့် စာသားများရေးသားထားသော အကျႌဆင်တူများဝတ်ဆင်ကာ ဆုတောင်းခဲ့ကြခြင်းဖြစ်သည်။
ယခုဆုတောင်းပွဲအပြင် ပြည်မြို့ ရွှေဆံ တော်ဘုရားတွင်လည်း ထပ်မံ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ မိသားစုဝင်များ၊ ဝန်းရံသူ များလည်း ပါဝင်သွားမည်ဟု သိရသည်။
ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်ကိုးဦး နှင့် အကျဉ်းဦးစီးဌာနမှ တပ်ဖွဲ့ဝင်နှစ်ဦး၊ စုစု ပေါင်း ၁၁ ဦးကို AA လက်နက်ကိုင် အဖွဲ့ က ဖမ်းဆီးထားခြင်းဖြစ်ကြောင်း AA အဖွဲ့၏ထုတ်ပြန်ချက်များအရ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
