ဇင်ဘာဘွေနိုင်ငံတွင် ၎င်း၏ပထမဆုံးအကြိမ် mpox ကူးစက်မှုဖြစ်စဉ်နှစ်ခုကို တွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၃ ရက်တွင် အတည်ပြုခဲ့ပြီး ကူးစက်ခံရသည့် မျိုးကွဲအတိအကျကိုမူ မသိရှိကြောင်း ပြောကြားခဲ့သည်။
ပထမဆုံးကူးစက်မှု ဖြစ်စဉ်မှာ လွန်ခဲ့သည့်လက တောင်အာဖရိကသို့ ခရီးသွားရောက်ပြီး ပြန်လာခဲ့သည့် အသက် ၁၁ နှစ်အရွယ်ကလေးငယ်တွင် ရောဂါလက္ခဏာများကို တွေ့ရှိခဲ့သည်။
ဒုတိယကူးစက်မှုဖြစ်စဉ်မှာ တန်ဇန်နီးယားကို ခရီးသွားရောက်ခဲ့ပြီး ပြန်ရောက်လာခဲ့ပြီးနောက် နာမကျန်းဖြစ်ခဲ့သည့် အသက်၂၄ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ကြောင်း သိရသည်။
ယင်းလူနာနှစ်ဦးလုံး ပြန်လည်သက်သာ ကောင်းမွန်လာပြီဖြစ်ပြီး ၎င်းတို့နှင့်ထိတွေ့ခဲ့သူများကို လိုက်လံခြေရာခံနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ကူးစက်မှု ဖြစ်စဉ်များကို မြို့တော် ဟာရာရီနှင့်နိုင်ငံတောင်ပိုင်း အမ်ဘီရန်ဝါတို့တွင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
သြဂုတ်လက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO )သည် ကွန်ဂိုနှင့် အခြားအာဖရိက နိုင်ငံများတွင် mpox ရောဂါကူးစက် ဖြစ်ပွားနိုင်ကြောင်း ထုတ်ပြန်ခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာခဲ့ သည်။ကွန်ဂိုနိုင်ငံတွင် သိပ္ပံပညာရှင်များက ပိုမိုလွယ်ကူစွာ ကူးစက်ပျံ့နှံ့နိုင်သော mpox မျိုးကွဲသစ်တစ်မျိုးကို ဖော် ထုတ်ခဲ့သည်။
အာဖရိကဒေသတွင် mpox ကူးစက်မှု ဖြစ်စဉ်နှင့်ပတ်သက်၍ WHO ၏နောက်ဆုံး ထုတ်ပြန်ထားသည့် အစီရင်ခံစာအရ အာဖရိကဒေသရှိ နိုင်ငံ ၁၅ နိုင်ငံတွင် လက်ရှိအချိန်၌ mpox ကူးစက်ပျံ့နှံံ့လျက်ရှိပြီး ဂါနာနိုင်ငံ တွင်လည်း အောက်တိုဘာလ အစောပိုင်း mpox ကူးစက်မှုဖြစ်စဉ်အသစ်ကို တွေ့ရှိခဲ့သည်။
၂၀၂၄ ခုနှစ်တွင် စက်တင်ဘာ ၂၉ ရက်နေ့အထိ အာဖရိကဒေသတွင်း mpox သံသယဖြစ်စဉ် ၃၇,၃၂၅ ဦးရှိပြီး mpox ကြောင့် သေဆုံးသူ ၉၉၆ ဦးရှိကာ အတည်ပြုဖြစ်စဉ် ၆၆၀၂ ဦးရှိသည်။mpox အဓိကကူးစက်ဖြစ်ပွားနေသည့် နိုင်ငံသည် ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယခင်က မျောက်ကျောက်ရောဂါဟု လူသိများခဲ့သော mpox သည် ရေကျောက်ကဲ့သို့ ဗိုင်းရပ်စ်များနှင့် တူညီသော မျိုးနွယ်စုတစ်စုထဲမှ ပေါ်ပေါက်လာခြင်း ဖြစ်သည်။သို့သော် ဖျားနာမှုကဲ့သို့ အပျော့စားလက္ခဏာများကိုသာ ဖြစ်ပေါ် ခံစားရနိုင်သည်။
ပြင်းထန်ဖြစ်စဉ် ခံစားရသူများတွင်မူ အရေပြားတွင် အနာများပေါက်လေ့ရှိသည်။ အာဖရိကတွင် နောက်ဆုံးအကြိမ် ဖြစ်ပွားသည့် ကူးစက်မှုဖြစ်စဉ်များတွင် သေဆုံးသူ ၇၂၀ ကျော်ရှိပြီး အများစုမှာ ကွန်ဂိုနိုင်ငံမှ ဖြစ်သည်။
mpox ရောဂါသည် ဗိုင်းရပ်စ်ကူးစက်ခံထားရသော တိရစ္ဆာန်များမှ လူသားများကို ကူးစက်နိုင်သော ရောဂါဖြစ်သည်။၂၀၂၂ခု နှစ်တွင် ကမ္ဘာတစ်ဝန်း mpox ရောဂါကူးစက်ပျံ့နှံ့ချိန်က ဗိုင်းရပ်စ်သည် အထူးသဖြင့်လိင် ဆက်ဆံမှုနှင့် ရုပ်ပိုင်းဆိုင်ရာ အနီးကပ်ထိတွေ့မှုမှ တစ်ဆင့် အဓိကကူးစက်ပျံ့နှံ့ခဲ့သည်။
mpox ဗိုင်းရပ်စ်တွင် clade 1နှင့် clade 2ဟူ၍ နှစ်မျိုးရှိကာ clade နှစ်ခုစီတွင် a နှင့် b ဟူ၍ အခွဲ clades များရှိသည်။
Ref:Reuters
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
