အီဂျစ်နိုင်ငံတောင်ပိုင်းတွင် အောက်တိုဘာ ၁၃ ရက်က မီးရထားစက်ခေါင်းတစ်ခုသည် ကိုင်ရိုသို့ ဦးတည်သွားလာနေသော ခရီးသည်တင်ရထားတစ်စီး၏ နောက်ဆုံးအပိုင်းကို ဝင်တိုက်မိသောကြောင့် လူတစ်ဦးထက်မနည်း သေဆုံးခဲ့ပြီး လူအများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု အာဏာပိုင်များက ပြော ကြားခဲ့သည်။
ယင်းသည် အီဂျစ်တွင် တစ်လအတွင်း ဒုတိယအကြိမ်မြောက် မီးရထားတိုက်မှု ဖြစ်လာခဲ့သည်။
ကိုင်ရိုတောင်ပိုင်း ကီလိုမီတာ ၂၇၀ ခန့်အကွာ မီညာပြည်နယ်တွင် ယင်းမတော်တဆမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း မီး ရထား အာဏာပိုင်များက ဆိုသည်။
မီးရထား တွဲနှစ်တွဲသည် အနီးအနားရှိ ချောင်းတစ်ခုအတွင်းသို့ ပြုတ်ကျခဲ့သည်ဟု ဆိုသည်။
မီးရထား တိုက်မိသည့် အကြောင်းအရင်းကို စုံစမ်းစစ်ဆေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။
ဒေသခံမီဒီယာတွင် ထုတ်ပြန်ထားသော ဗီဒီယို၌ မီးရထားတွဲနှစ်တွဲသည် ချောင်းတစ်ခုတွင် တစ်စိတ်တစ်ပိုင်း နစ်နေသည်ကို မြင်တွေ့ရသည်။
သေဆုံးသူတစ်ဦးအပြင် လူ ၂၁ ဦး ထက်မနည်းကို ဆေးရုံများဆီ ပို့ဆောင်ခဲ့ရ ပြီး မကြာမီ ၁၉ ဦးသည် ကုသမှုခံယူပြီးနောက် ဆေးရုံမှဆင်းခွင့်ရရှိသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။ ညံ့ဖျင်းသော စီမံခန့်ခွဲမှုနှင့် အိုဟောင်းနေသော မီးရထားလမ်းစနစ်ကြောင့် အီဂျစ်တွင် မီးရထားလမ်းချော်မှု ဖြစ်စဉ်များနှင့် တိုက်မိသည့် ဖြစ်စဉ်များ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။
Ref:AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
