၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ရှမ်း ပြည်နယ်အတွင်းရှိ မြို့ကြီးရှစ်မြို့တွင် ဝန်ထမ်းအိမ်ရာပေါင်း ၁၀ လုံး တည်ဆောက်သွားမည်ဟု ရှမ်းပြည်နယ် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုး ရေးဦးစီးဌာနမှ သတင်းရရှိသည်။
ရှမ်းပြည်နယ် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာနှစ်တွင် တည်ဆောက်သွားမည့် ဝန်ထမ်းအိမ်ရာများ မှာ တောင်ကြီးမြို့၊ ပင်းတယမြို့၊ လောက်ကိုင် မြို့၊ ကုန်းကြမ်းမြို့၊ မိုးမိတ်မြို့၊ လားရှိုးမြို့၊ မိုင်း ဆတ်မြို့၊ မိုင်းယောင်းမြို့စသော မြို့ကြီး ရှစ် မြို့တွင်ဖြစ်ပြီး တောင်ကြီးမြို့တွင် ၄ ခန်းတွဲ ၄ ထပ် နှစ်လုံး၊ လားရှိုးတွင် ၄ ခန်းတွဲ ၄ ထပ် နှစ်လုံး၊ ပင်းတယတွင် ၄ ခန်းတွဲ ၂ ထပ် တစ် လုံး၊ ကုန်းကြမ်းတွင် ၄ ခန်းတွဲ ၃ ထပ် တစ်လုံး၊ လောက်ကိုင်၊ မိုးမိတ်၊ မိုင်းယောင်း၊ မိုင်းဆတ် မြို့များတို့တွင် ၄ ခန်းတွဲ ၄ ထပ် တစ်လုံးစီတည် ဆောက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
“ဝန်ထမ်းတွေနေထိုင်ဖို့ အိမ်ရာတွေ ဆောက်ပေးတယ်။ ၂၀၁၉-၂၀၂၀ ခုနှစ်အထိ ဝန်ထမ်းအိမ်ရာ တိုက်ပေါင်း ၄၇ တိုက်နဲ့ အခန်းပေါင်း ၆၉၄ ခန်း ဆောင်ရွက်ပေးနိုင်ခဲ့ပါ တယ်။ အငှားအိမ်ရာဆိုရင်လည်း တိုက်ခုနစ် လုံးနဲ့ အခန်း ၁၅၆ ခန်း ငှားထားပေးနိုင်ပါတယ်။ ပြည်သူတွေကို ငှားထားပေးတာဖြစ်ပါ တယ်။ ဝန်ထမ်းအိမ်ရာကတော့ လက်ရှိတာ ဝန်ထမ်းဆောင်တဲ့ဝန်ထမ်းတွေ အဆင်ပြေပြေနေထိုင်နိုင်ဖို့ အိမ်ငှားနေရဖို့ မရှိအောင် ဆောင်ရွက်ပေးခြင်းဖြစ်တယ်။ ၂၀၁၉-၂၀၂၀ မှာ ဝန်ထမ်းအိမ်ရာတွေ တိုက် ၁၀ လုံး အခန်း ပေါင်း ၁၄၈ ခန်း၊ လုပ်ပေးပါမယ်။ အဓိက တော့ ဒီနှစ်ထဲမှာ ကုန်းကြမ်းမြို့ဆိုရင် ဝန်ထမ်း အိမ်ရာမရှိလို့ ဝန်ထမ်းတွေ သွားရောက်နေ ထိုင်နိုင်တာမရှိဘူး။ ဒါကြောင့်မို့ ဝန်ထမ်းအိမ်ရာတစ်လုံး ဆောက်ပေးဖို့ ဒေသဦးစီးလည်း ပြောတယ်။ ရှမ်းပြည်နယ်အစိုးရအဖွဲ့လည်း ပြောတယ်။ နောက်တော့ မိုင်းယောင်းမှာ ဝန် ထမ်းအိမ်ရာ မရှိလို့ဆောက်ပေးပါမယ်။ ဒီနှစ် ထဲမှာ မြို့သုံးမြို့ထဲမှာ အသစ်ဆောက်မယ်။ ဒီနှစ်ကုန်သွားရင် မြို့ပေါင်း ၁၀ မြို့ကို တိုး ချဲ့ပြီးတော့ ဆောင်ရွက်ပေးနိုင်တော့မှာ ဖြစ်ပါတယ်။ ဆက်လက်ပြီးတော့ ဝန်ထမ်းအိမ်ရာ မရှိတဲ့ မြို့တွေ၊ ခရိုင်မြို့တွေ ဦးစားပေးလုပ်မယ်။ ဝန်ထမ်းအင်အားများတဲ့မြို့တွေကို ဦးစားပေးပြီးတော့ ဆောင်ရွက်ပေးဖို့ လျာထား ချက်ရှိတယ်။ သို့သော် မြေနေရာရရှိရေးနဲ့ ဘတ်ဂျက်ပေါ် မူတည်ပြီးတော့ တစ်နှစ်ချင်း တစ်နှစ်ချင်းလုပ်နိုင်တဲ့ပမာဏမှာ မူတည်ပြီး တော့ လုပ်သွားဖို့ လျာထားပါတယ်။ ဝန်ထမ်း တွေကို အိမ်ငှားမနေအောင် လုပ်ခြင်းအားဖြင့် ငွေကုန်ကျမှုလျော့နည်းလာမယ်။ ဒီလိုငွေကုန် လျော့နည်းလာခြင်းအားဖြင့် အဂတိကင်းရှင်း ရေးကို တစ်နည်းတစ်လမ်းနဲ့ တစ်ထောင့်တစ်နေရာကနေ ထောက်ပံ့ပေးနိုင်မယ်လို့ ယူဆတယ်” ဟု ရှမ်းပြည်နယ် မြို့ပြနှင့် အိမ်ရာဖွံ့ ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးထွန်း အောင်ကျော်က ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
