ဝက်သက်- ဂျိုက်သိုးကာကွယ်ဆေးအပိုဆောင်းထိုးနှံခြင်းကို ပဲခူးတိုင်းဒေသကြီး တွင် အောက်တိုဘာလအတွင်းက ကျောက်ကြီးမြို့နယ်နှင့် ရွှေကျင်မြို့များတွင် ဆောင် ရွက်ခဲ့ပြီး နိုဝင်ဘာ၂၆ ရက်မှ၂၈ရက်အထိ သုံးရက်အတွင်း ကျန်ရှိသောပဲခူးတိုင်းဒေသကြီး ၂၆ မြို့နယ်အတွင်းရှိ ကလေးသုံးသိန်းခြောက် သောင်းကျော်ကို ထိုးနှံပေးသွားမည်ဟု သိရသည်။
မြန်မာနိုင်ငံအတွင်းရှိ အသက်ငါးနှစ် အောက်ကလေးသေဆုံးမှုကို ထပ်မံလျှော့ချ နိုင်ရန် မြန်မာနိုင်ငံ၌ ၂၀၂၃ ခုနှစ်တွင် ဝက် သက်ရောဂါနှင့် ဂျိုက်သိုးရောဂါကင်းဝေး၍ မွေးရာပါဂျိုက်သိုးရောဂါကင်းဝေးစေရန်ရည် ရွယ်၍ယခုကဲ့သို့ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေးအပိုဆောင်း ထိုးနှံပေးခြင်းလုပ်ငန်း များကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။
“ဝက်သက် -ဂျိုက်သိုးကာကွယ်ဆေးကို ဒီနှစ်နိုင်ငံတစ်ဝန်းလုံးမှာ ကလေးအသက်ကိုးလကနေ ငါးနှစ်အတွင်းရှိတဲ့ ကလေးအားလုံး ထိုးပေးရမှာပါ။ ပဲခူးတိုင်းဒေသကြီးတစ်ခုလုံး ကလေး ၃၆၀၀၀၀ ကျော်ကို ထိုးပေးရမှာဖြစ် ပြီး ပဲခူးမြို့နယ်အတွင်းမှာတော့ ၃၀၀၀၀ ကျော် လောက်ရှိပါတယ်။ ကာကွယ်ဆေးထိုးထားရင် တော့ ဝက်သက်နဲ့ ဂျိုက်သိုးရောဂါမဖြစ်နိုင်တော့ဘူးပေါ့။ မထိုးထားရင်တော့ ဒီဝက်သက် နဲ့ဂျိုက်သိုးရောဂါတွေ ဖြစ်လာနိုင်တယ်။ ဒီရောဂါတွေဖြစ်လာပြီဆို ဝမ်းပျက်ဝမ်းလျှောရောဂါ ပြင်းထန်အဆုတ်ရောင်ရောဂါ၊ ဦးနှောက် ရောင်ရောဂါ၊ ပြင်းထန်အာဟာရချို့တဲ့ရောဂါတွေဖြစ်ပြီး အသက်ပါသေဆုံးနိုင်ပါတယ်”ဟု ပဲခူးတိုင်းဒေသကြီး တိုးချဲ့ကာကွယ်ဆေး ထိုးလုပ်ငန်းနှင့် ကူးစက်ရောဂါဌာနမှ လက် ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသင်း သင်းလှိုင်က ပြောကြားသည်။
မြန်မာနိုင်ငံအတွင်း၂၀၁၅ ခုနှစ်တွင် တစ်နိုင်ငံလုံး ဝက်သက်-ဂျိုက်သိုး ကာကွယ် ဆေးကို ထိုးနှံခဲ့သော်လည်း၂၀၁၇ ခုနှစ်တွင် ဝက်သက်ရောဂါကပ်အသွင်၂၁ကြိမ်၊၂၀၁၈ ခုနှစ်တွင် ၃၈ ကြိမ်ဖြစ်ပွားခဲ့၍စုစုပေါင်း က လေး ၆၄၃ ဦး ရောဂါခံစားခဲ့ရပြီး တစ်ဦးသေ ဆုံးခဲ့ကြောင်း သိရသည်။
ပုံမှန်ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းတွင် ဝက်သက်၊ ဂျိုက်သိုးကာကွယ်ဆေးကို ကလေးအသက်ကိုးလတွင် တစ်ကြိမ်၊ ၁၈ လ တွင် ဒုတိယတစ်ကြိမ်၊ စုစုပေါင်းနှစ်ကြိမ်ထိုး ပေးခြင်းဖြင့် ရောဂါကာကွယ်ရန်ဆောင်ရွက် ပေးလျက်ရှိပြီး ကိုယ်ဝန်ဆောင်များရောဂါကူး စက်ခံရပါက ကိုယ်ဝန်ပျက်ခြင်း၊ ကလေးသေ ဆုံးခြင်းတို့ဖြစ်နိုင်ပြီး မွေးရာပါဂျိုက်သိုးရော ဂါခံစားရသော ကလေးများတွင် မွေးရာပါနှလုံးရောဂါ၊ မျက်စိမမြင်ခြင်း၊ နားမကြားဆွံ့အခြင်းများဖြစ်ပွားတတ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
