ရခိုင်ပြည်နယ် ဂွမြို့နယ်ရှိ ဂွ- ငါးသိုင်း ချောင်း ရိုးမလမ်းပေါ်ရှိ ဒေါင်းချောင်းတံတားမှာ အောက်ခံသံပေါင်များ ဆွေးမြည့်ကာ ကျိုးလာသည့်အတွက် ကားများသွားလာမှုကို ယာယီရပ်နားခဲ့ရာမှ နိုဝင်ဘာ ၂၅ ရက်ည နေပိုင်းတွင် သံပေါင်လဲလှယ်ပြီးစီးသွားသဖြင့် ကားများ ဖြတ်သန်းသွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။
မျိုးဆက်သစ်ကားဂိတ်မှ ဂိတ်မှူးကိုလေး ထိုက်က “အခုဆိုရင်ကားတွေသွားလာနိုင်ပြီ ဖြစ်ပါတယ်။ မနေ့ကတော့ သံပေါင်တွေကို လဲလိုက်တယ်။ ဒါကြောင့် မနေ့က ညနေ ၅ နာရီခွဲလောက်မှာတော့ ကားတွေကို ဖြတ်သန်း သွားလာခွင့်ပြုပြီဖြစ်ပါတယ်” ဟု ပြောကြားသည်။
ပျက်စီးသွားသောသံပေါင်အား လမ်းအ ထူး(၂၀)နှင့် တံတားအထူး(၈)အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် သံပေါင်အစားထိုးလဲ လှယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တံတား၏ခံနိုင်ဝန်မှာ (ကုန်+ယာဉ်) ၁၃တန်သာ ဖြစ်သော်လည်း ကုန်စည်စီးဆင်းမှုအရ တန်၂၀ ခန့်အထိ ယာဉ်ကြီးများဖြတ် သန်းနေပါသဖြင့် ခရီးသည်တင်ယာဉ်ကြီးများ အနေဖြင့် ခရီးသည်များ လမ်းလျှောက်ဖြတ် သန်းခြင်းအားဖြင့် အန္တရာယ်ကင်းဝေးစေနိုင်ကြောင်းလည်း ဒေသခံကားသမားများက သုံးသပ်ပြောကြားသည်။
အဆိုပါတံတားသည် ဂွမြို့နှင့် ခုနစ်မိုင် ခန့်ဝေးပြီး ရန်ကုန်-ဂွ-ငပလီသွားလာရေးအ တွက် အဓိကအရေးပါသော တံတားတစ်စင်း ဖြစ်ကြောင်းနှင့် ပေ ၁၅၀ အရှည်ရှိသော သံပေါင်ဘေလီတံတားတစ်စင်းဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
