စားအုန်းဆီ အိမ်တိုင်ရာရောက် ဖြန့်ဖြူးရောင်းချမှုကို ယခု သီတင်းကျွတ်ရုံးပိတ်ရက်များတွင် (၅)ရက်တာ ရပ်နားသွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး စားအုန်းဆီ အိမ်တိုင် ရာရောက် ဖြန့်ဖြူးရောင်းချရေး ကော်မတီထံမှ သိရသည်။
အောက်တိုဘာ (၁၆) ရက်မှ စတင်ကာ အောက်တိုဘာ (၂၀) ရက်အထိ စုစုပေါင်း (၅)ရက်အား အမှာစာများ လက်ခံခြင်းပြုမည်မဟုတ်ဘဲ ရပ်နားထားမည်ဟု ထုတ်ပြန်ထားခြင်းဖြစ်သည်။
လက်ရှိတွင် စားအုန်းဆီ အိမ်တိုင်ရာရောက် ဖြန့်ဖြူးရောင်းချမှုကို အခုအောက်တိုဘာလမှာ အိမ်ထောင်စု (၁) သိန်း (၈) သောင်း အထိ တိုးချဲ့ ဖြန့်ဖြူးရောင်းချရန် စီစဉ်ဆောင်ရွက်နေကြောင်းလည်း ရန်ကုန်တိုင်းဒေသကြီး စားအုန်းဆီ အိမ်တိုင်ရာရောက် ဖြန့်ဖြူးရောင်းချရေး ကော်မတီထံမှ သိထားရသည်။
စားအုန်းဆီများကို ဝယ်ယူရာတွင်လည်း သတ်မှတ်ထားသည့် Call Center များမှ အမှာ စာများ လက်ခံပေးနေပြီး ဈေးနှုန်းများသည် အပတ်စဉ် တနင်္လာနေ့တိုင်း ထုတ်ပြန်သည့် ရည်ညွှန်းဈေးကို အခြေခံကာ ကုန်ကျစရိတ်ကို ထည့်သွင်းတွက်ချက်ထားသည့် ဈေးနှုန်းဖြင့် ရောင်းချဖြန့်ဖြူးပေးနေခြင်း ဖြစ်ပြီး ပို့ဆောင်ခကို ဝယ်သူဘက်မှ ပေးချေရမှာ ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
