ဂျကာတာ၊အောက်တိုဘာ ၁၅
ယီမင်၊ပါလက်စတိုင်းနှင့် ဆူဒန်နိုင်ငံများမှ ဒုက္ခသည်များအတွက် လူသားချင်းစာနာမှုအကူအညီအဖြစ် အမေရိကန်ဒေါ်လာ ၃ သန်းဖိုးရှိ အထောက်အကူပစ္စည်းများကို အင်ဒိုနီးရှားကပေးပို့ကူညီခဲ့ကြောင်းသိရသည်။
ဂျကာတာမြို့ရှိ လေဆိပ်တစ်ခု၌ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတော်သဘာဝဘေးလျော့ပါးရေးအေဂျင်စီအကြီးအကဲက ယီမင်တွင် သဘာဝဘေးဒဏ်သင့်ခံရသူ ၂၇၀,၀၀၀ ခန့်၊ ကာလဝမ်းရောဂါကူးစက်ခံရသူ ၃,၀၀၀ ဝန်းကျင်နှင့် ရေကြီးမှုဒဏ်ခံခဲ့ရသူ ၄၉၀,၀၀၀ ဝန်းကျင်ရှိပြီး ပိုလီယိုရောဂါဖြစ်ပွားနေသည့် ပါလက်စတိုင်း ဒုက္ခသည်ပေါင်း ၁ ဒသမ ၉ သန်းခန့်အသီးသီးရှိကြောင်းပြောကြားခဲ့သည်။
ယင်းနောက် ၎င်းကဆက်လက်၍ ပါလက်စတိုင်း၊ယီမင်နှင့်ဆူဒန်ဒုက္ခသည်များအား တရားဝင်အကူအညီပေးအပ်ခြင်းဖြစ်ပြီး ယနေ့ပင်စတင်ပေးပို့မည်ဖြစ်သည်ဟုလည်းပြောကြားခဲ့သည်။
ပါလက်စတိုင်း၊ဆူဒန်နှင့်ယီမင်တို့သည် ပြီးခဲ့သော ၂ နှစ်အတွင်း အင်ဒိုနီးရှားထံမှအကူအညီများ လက်ခံရရှိသည့် ၁၂ ၊၁၃ နှင့် ၁၄ ခုမြောက်နိုင်ငံများဖြစ်ကြောင်းပြောကြားခဲ့သည်။
အင်ဒိုနီးရှားကပေးပို့သည့် ထောက်ပံ့ကူညီမှုတွင် ဒုက္ခသည်များအတွက်ယာယီတဲများ၊မွေ့ယာများ၊စောင်များ၊မီးချောင်းများ၊အမျိုးသမီးနှင့် ကလေးအဝတ်အထည်များ၊အသင့်စားအစားအစာများ၊ဆေးဝါးများနှင့်အခြားဆေးပစ္စည်း ကိရိယာများပါဝင်သည်ဟုသိရသည်။
Source : ရှင်းဟွာ
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
