Facebook နှင့် Tik Tok များတွင် သံရုံးအယောင်ဆောင်ကာ နိုင်ငံကူးလက်မှတ်ကိစ္စများ ဆောင်ရွက်ပေးသည်ဟုဆိုကာ လိမ်လည်မှုများရှိနေဟု မလေးရှားရှိ မြန်မာသံရုံးက ထုတ်ပြန်သည်။
မြန်မာနိုင်ငံသားများကို လိမ်လည်လှည့်ဖျားနေသူများက Facebook နှင့် Tik Tok များတွင် မြန်မာသံရုံးအမည်ဖြင့် ဖွင့်လှစ်ထားသော အကောင့်အတုကို အသုံးပြု၍ နိုင်ငံကူးလက်မှတ်ကိစ္စရပ်များ ဆောင်ရွက်ပေးသည်ဟုဆိုကာ မမှန်ကန်သည့် ရေးသား/ပြောကြားချက်များ ဖြန့်ဝေနေသည်ကို တွေ့ရှိရကြောင်း၊ အဆိုပါလူမှုကွန်ရက်စာမျက်နှာများသည် ကွာလာလမ်ပူမြို့၊ မြန်မာသံရုံးနှင့် လုံးဝ (လုံးဝ) သက်ဆိုင်ခြင်း မရှိပါကြောင်းနှင့် ၎င်းတို့နှင့်ပတ်သက်သည့် ကိစ္စအဝဝအား မြန်မာသံရုံးမှ တာဝန်ယူ ဖြေရှင်းပေးမည်မဟုတ်ကြောင်းနှင့် မြန်မာနိုင်ငံသားများအား လိမ်လည်လှည့်ဖျားနေသည့် ပုဂ္ဂိုလ်များ၊ Facebook/ Tik Tok အကောင့်ပိုင်ရှင်များကို ဥပဒေနှင့်အညီ စုံစမ်းဖော်ထုတ်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မလေးရှားရှိ မြန်မာသံရုံးက ထုတ်ပြန်သည်။
မြန်မာသံရုံးမှ ကောင်စစ်ဝန်ဆောင်မှုကိစ္စရပ်များနှင့်ပတ်သက်သည့် အသိပေးစာများ၊ နိုင်ငံကူးလက်မှတ်အသစ်/ ပျောက်ဆုံးလျှောက်သူများ ခွင့်ပြုချက်စာရင်းနှင့် C of I ကိစ္စရပ်များကို မြန်မာနိုင်ငံသားများ သိရှိစေရန် သံရုံး၏ Facebook Pageနှင့် ဝက်ဘ်ဆိုက်များတွင် ဖော်ပြပေးလျက်ရှိကြောင်း၊ မြန်မာနိုင်ငံသားများအနေဖြင့်လည်း တင်ထားသည့် QR Code ရက်ချိန်းများကို ဝင်ရောက်စစ်ဆေးကြရန်နှင့် ကောင်စစ်ဝန်ဆောင်မှုကိစ္စရပ်များနှင့်ပတ်သက်၍ စုံစမ်းမေးမြန််းလိုပါက မြန်မာသံရုံး၏ WhatsApp သို့ စာဖြင့် ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း မြန်မာသံရုံးက အသိပေးထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
