လျှပ်စစ်သုံးယာဉ်များပြေးဆွဲ/အသုံးပြုရေးနှင့်အခြေခံအဆောက်အအုံများအကောင်အထည် ဖော်ရေးလုပ်ငန်းကော်မတီမှ ယနေ့ အောက်တို ဘာ ၁၅ ရက်မှစတင်၍ လျှပ်စစ်သုံးယာဥ်များ၏ အားသွင်းခများကိုတိုးမြှင့်ကောက်ခံရန် ခွင့်ပြုခဲ့ကြောင်း သိရသည်။
လျှပ်စစ်သုံးယာဉ် ပြေးဆွဲ/အသုံးပြုရေးနှင့်အ ခြေခံအဆောက်အအုံများအကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီနှင့် Charging Station တည်ဆောက်နေသော၊ EV Taxi ပြေးဆွဲနေသော ကုမ္ပဏီများပါဝင်သည့် လျှပ်စစ်သုံးယာဉ်အားသွင်းခနှုန်းထားများပြင်ဆင်သတ်မှတ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးအား ပြီးခဲ့သည့် အောက်တိုဘာ ၁၁ ရက်က ပြုလုပ်ပြီးနောက်ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် EV Charging Station များတွင်အားသွင်းမည့် လျှပ်စစ်သုံးခရီးသည်တင်ယာဥ်နှင့်အငှားယာဥ်(Taxi)များမှာ အားသွင်းခအဖြစ် တစ်ယူနစ်လျှင်(၇၀၀)ကျပ်၊ ကိုယ်ပိုင်ယာဥ်များမှာ တစ်ယူနစ်လျှင်(၇၅၀)ကျပ်ကျသင့်မည်ဖြစ် ကြောင်း သိရသည်။
ထိုသို့ တိုးမြှင့်ကောက်ခံရခြင်းမှာ တိုးမြှင့်လာသည့် လျှပ်စစ်ဓာတ်အားခနှုန်းထားများနှင့်အညီ လျှပ်စစ်သုံးယာဉ်အားသွင်းခများကိုလည်း သင့်လျော်သည့်နှုန်းထားဖြင့် ပြင်ဆင်တိုးမြှင့်ကောက်ခံရခြင်းဖြစ်ကြောင်း သိရသည်။

-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
