နိုင်ငံတော်အစိုးရမှ နှစ်စဉ် အမျိုးသားကာကွယ် ဆေးထိုးလုပ်ငန်းများအတွက် နိုင်ငံခြားငွေအ မြောက်အများကိုကျခံသုံးစွဲပေးလျက်ရှိသည်ဟု ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောသည်။
အင်ဒိုနီးရှားနိုင်ငံ၊ ကျန်းမာရေးဝန်ကြီး H.E Budi Gunadi Sadikin ဦးဆောင်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ အရှေ့တောင်အာရှဒေသနှင့် အနောက်ပစိဖိတ်ဒေသဆိုင်ရာအဖွဲ့၊ အဖွဲ့ဝင်နိုင်ငံများမှ ကျန်းမာရေးဝန်ကြီးများနှင့်အတူ အောက်တိုဘာ ၁၄ ရက်ညနေပိုင်းကကျင်းပသည့် Global Alliance for Vaccine Initiatives(Gavi)အဖွဲ့၏ (၂၀၂၆- ၂၀၃၀)ခုနှစ်များတွင်ဆောင်ရွက်မည့် ကာကွယ်ဆေးထိုးလုပ်ငန်းအစီအစဉ်များနှင့်ပတ်သက်သည့်ဆွေးနွေးပွဲ၌ ပြောကြားခဲ့ခြင်းဖြစ်သည်။
Gavi အဖွဲ၏ (၂၀၂၆-၂၀၃၀) (၅)နှစ် မဟာဗျူ ဟာစီမံကိန်းတွင် မြန်မာနိုင်ငံမှတက်ကြွစွာပူး ပေါင်းဆောင်ရွက်မည်ဖြစ်ပြီး မြန်မာနိုင်ငံအနေ ဖြင့် ကာကွယ်ဆေး(၁၃)မျိုးအား တစ်နိုင်ငံလုံးရှိ ကလေးငယ်များကိုထိုးနှံပေးလျက်ရှိရာ ကာ ကွယ်ဆေးအမျိုးအစား(၈)မျိုးကို နိုင်ငံတော်ဘတ်ဂျက်မှထောက်ပံ့ပေးလျက်ရှိပြီး ကာကွယ် ဆေးအမျိုးအစား(၆)မျိုးကို GAVI မှထောက်ပံ့ပေးလျက်ရှိသည်ဟု ပြောသည်။
ထို့ပြင် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးခြင်းကိုလည်း အသက်(၉)နှစ်မှ(၁၀)နှစ်ကြား မိန်းကလေးများတွင် ကာကွယ်ဆေးလွမ်းခြုံမှု (၈၈)ရာခိုင်နှုန်းရရှိအောင်ဆောင်ရွက်နိုင်ခဲ့သည်ဟု ပြောသည်။
နိုင်ငံတော်အစိုးရအနေဖြင့် နှစ်စဉ် အမျိုးသားကာကွယ်ဆေးထိုးလုပ်ငန်းများအတွက် နိုင်ငံ ခြားငွေအမြောက်အများကိုကျခံသုံးစွဲပေး လျက်ရှိ၍ GAVI အဖွဲအနေဖြင့် နည်းပညာပိုင်းဆိုင်ရာအထောက်အပံ့များကို ဆက်လက်ပံ့ပိုးပေးစေလိုကာ ကျန်းမာရေးသတင်းအချက်အ လက်များအသုံးပြု၍ ကာကွယ်ဆေးထိုးလုပ်ငန်းများအား တစ်နိုင်ငံလုံးလွမ်းခြုံမှုပိုမိုမြင့်မားစေရန်ဆောင်ရွက်သွားမည်ဟု ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် ဆွေးနွေးပွဲတက်ရောက်လာသည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ အရှေ့တောင်အာရှဒေသနှင့် အနောက်ပစိဖိတ်ဒေသဆိုင်ရာအဖွဲ့များ၏ အဖွဲ့ဝင်နိုင်ငံများဖြစ်သော အင်ဒိုနီးရှား၊ ဗီယက်နမ်၊ လာအို၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ သီရီလင်္ကာ၊ ကမ္ဘောဒီးယားနိုင်ငံတို့မှ ကျန်းမာရေးဝန်ကြီးများနှင့်ဒု-ဝန်ကြီးများကလည်း ဆွေးနွေးမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။


-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
