Top News

EV လျှပ်စစ်ကားများ အားသွင်းခ တိုးမြှင့်သတ်မှတ်
24htopnews | October 16, 2024 1:12 AM CST

EV လျှပ်စစ်ကားများ အားသွင်းခအဖြစ် ကိုယ်ပိုင်ယာဉ်များအတွက် တစ်ယူနစ် ၇၅၀ ကျပ်နှင့် ခရီးသည်တင်ယာဉ်နှင့် တက္ကစီများအတွက် တစ်ယူနစ် ကျပ် ၇၀၀ သို့ တိုးမြှင့်သတ်မှတ်လိုက်ကြောင်း လျှပ်စစ်သုံးယာဉ်များ ပြေးဆွဲအသုံးပြုရေးနှင့် အခြေခံအဆောက်အအုံများ အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီထံမှ သိရသည်။

အောက်တိုဘာ ၁၅ ရက်မှ စတင်ကာ EV Charging Station များတွင် ကောက်ခံရမည့်နှုန်းထားများအား ကြော်ငြာဆိုင်းဘုတ်ဖြင့် ဖော်ပြကောက်ခံရေး ကြပ်မတ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အားသွင်းခနှုန်းထားများမှာ ခရီးသည်တင်ယာဉ်နှင့် အဌားယာဉ်များအတွက် တစ်ယူနစ်လျှင် ကျပ် ၇၀၀ နှင့် ကိုယ်ပိုင်ယာဉ်များအတွက် တစ်ယူနစ်လျှင် ကျပ် ၇၅၀ သို့ ပြောင်းခဲကောက်ခံမည်ဖြစ်ကြောင်း သိရသည်။

EV လျှပ်စစ်ကားများ အားသွင်းခများကို တိုးမြှင့်လိုက်သည့် လျှပ်စစ်ဓာတ်အားခနှုန်းထားဖြင့် ပြင်ဆင်တိုးမြှင့်ကောက်ခံနိုင်ရေးအတွက် လျှပ်စစ်သုံးယာဉ်များ ပြေးဆွဲအသုံးပြုရေးနှင့် အခြေခံအဆောက်အအုံများ အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီနှင့် Charging Station များတည်ဆောက်နေသော EV တက္ကစီပြေးဆွဲနေသော ကုမ္ပဏီများပါဝင်သည့် အစည်းအဝေးကို စက်တင်ဘာ ၁၁ ရက်တွင် ပြုလုပ်ခဲ့ပြီး ညှိနှိုင်းချက်များအရ ယင်းဈေးနှုန်းများသို့ ပြောင်းလဲသတ်မှတ်လိုက်ခြင်းဖြစ်သည်။


READ NEXT
Cancel OK