နင်းဘို၊အောက်တိုဘာ ၁၅
ဆဋ္ဌမအကြိမ်မြောက် ကမ္ဘာ့ဗုဒ္ဓဘာသာဖိုရမ်ကို တရုတ်နိုင်ငံအရှေ့ပိုင်း Zhejiang ပြည်နယ်ရှိ ကမ်းရိုးတန်းမြို့နင်းဘိုတွင် အင်္ဂါနေ့မှကြာသပတေးနေ့အထိ ကျင်းပရန်စီစဉ်ထားကြောင်း ပွဲစီစဉ်သူများကပြောကြားခဲ့သည်။
ဗုဒ္ဓဘာသာအသိုင်းအဝိုင်းမှ ကိုယ်စားလှယ်များ၊ကျွမ်းကျင်သူများ၊ပညာရှင်များနှင့် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံနှင့် ဒေသပေါင်း ၇၂ ခုမှ အခြားဧည့်သည်များလည်း ယခုနှစ်ဖိုရမ်သို့တက်ရောက်မည်ဖြစ်ကြောင်းသတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။
ယခုဖိုရမ်သည် အပြန်အလှန်လေးစားမှု၊ သဟဇာတဖြစ်မှု နှင့် မတူညီသောယဉ်ကျေးမှုများနှင့် ယုံကြည်မှုများအကြား ဖလှယ်မှုများမြှင့်တင်ရန် ရည်ရွယ်သည်ဟုသိရသည်။
ထို့ပြင် ဗုဒ္ဓဘာသာ၏ ဉာဏ်ပညာနှင့်ခွန်အားများ ကို ကမ္ဘာ့ငြိမ်းချမ်းရေး၊လူသားများဘဝမြှင့်တင်ရေးနှင့် အနာဂတ်လူမှုအသိုက်အဝန်း တည်ဆောက်ရေးတို့ကို အထောက်အကူပြုစေရန် ရည်ရွယ်ကြောင်းသိရသည်။
ဖိုရမ်ကို ၂၀၀၆ ခုနှစ်ကစတင်ခဲ့ပြီး သုံးနှစ်တစ်ကြိမ်ကျင်းပလေ့ရှိကာ တရုတ်နိုင်ငံက စတင်လုပ်ဆောင်ခဲ့သည့် နိုင်ငံတကာ ဗုဒ္ဓဘာသာဆိုင်ရာဖလှယ်မှုနှင့်ဆွေးနွေးပွဲအတွက် အကြီးမားဆုံးနှင့်သြဇာအရှိဆုံး နိုင်ငံပေါင်းစုံပလက်ဖောင်းအဖြစ်လည်းပြောင်းလဲတိုးတက်လာခဲ့သည်။
Source : ရှင်းဟွာ





-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
