Top News

■ ဖလူမင်နန်ဆီအသင်းသည် (၂၀)ရာစု ဘရာဇီးလ်ကစားပုံနှင့် တူညီသည်ဟု ဂွါဒီယိုလာ သုံးသပ်     
24htopnews | October 16, 2024 2:12 AM CST

မန်စီးတီးနည်းပြ ဂွါဒီယိုလာက ကလပ် ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင် ရင်ဆိုင်ရမည့် ဖလူမင်နန်ဆီအသင်းသည် (၂၀)ရာစုမှ ဘရာဇီးလ် လက်ရွေးစင်အသင်း၏ ကစားပုံနှင့် တူညီသည်ဟု သုံးသပ်ပြောကြားခဲ့သည်။

    

မန်စီးတီးအသင်းသည် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ပထမဆုံးအကြိမ် ယှဉ်ပြိုင်ခွင့်ရရှိခြင်းဖြစ်သော်လည်း ဗိုလ်စွဲရန် ဖလူမင်နန် ဆီအသင်းထက် အပြတ်အသတ်ရေပန်းစားနေသည်။ 

သို့သော် ဂွါဒီယိုလာက ဗိုလ်လုပွဲ၌ ဖလူမင်နန်ဆီအသင်းကို အနိုင်ရရှိရန် အလွန်ခက်ခဲ လိမ့်မည်ဟုလည်း ပြောကြားခဲ့သည်။

"သူတို့ ကစားတဲ့ပုံစံက ကျွန်တော် ဘယ်တုန်းကမှ ရင်မဆိုင်ခဲ့ဖူးတဲ့ပုံစံမျိုးပါ။ ကျွန်တော် ဒါကို သဘောကျပါတယ်။ သူတို့ကို ရင်ဆိုင်ဖို့ ပြင်ဆင်ရမှာကိုလည်း သဘောကျပါတယ်။ သူတို့ ကစားတဲ့ပုံစံက ဘရာဇီးလ်စတိုင်စစ်စစ်ပါပဲ။ ၁၉၇၀၊ ၁၉၈၀ နဲ့ ၁၉၉၀ အစောပိုင်းကာလတွေက ပုံစံ မျိုးပါ။ အမေရိကန်မှာ ကမ္ဘာ့ဖလားချန်ပီယံဆု ရရှိခဲ့တဲ့ ၁၉၉၄ ကမ္ဘာ့ဖလားတုန်းက ပုံစံမျိုးဆိုပါ တော့။ ကျွန်တော်တို့အနေနဲ့ တတ်နိုင်သလောက် အကောင်းဆုံးစွမ်းဆောင်ရည်ပြသနိုင်အောင် လုပ်ဆောင်နိုင်ဖို့ လိုပါတယ်။ ဒီလိုမှမဟုတ်ရင် ဗိုလ်လုပွဲမှာ အနိုင်ရဖို့ အရမ်းခက်ခဲသွားပါလိမ့်မယ်"ဟု ဂွါဒီယိုလာက ပြောကြားခဲ့သည်။ 

ဖလူမင်နန်ဆီအသင်းမှာလည်း ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ပထမဆုံးယှဉ်ပြိုင်ဖူးခြင်းဖြစ်၍ ချန်ပီယံအသင်းသစ် ထွက်ပေါ်လာမည်ဖြစ်သည်။


READ NEXT
Cancel OK