အမ်ပိုလီ - လာဇီယို (မြန်မာစံတော်ချိန် ဒီဇင်ဘာ ၂၂ ရက် ည ၁၂:၀၀ နာရီ)
အမ်ပိုလီက သာမန်ထက်မပိုတဲ့အသင်းဖြစ်ပြီး စီးရီးအေ နောက်ဆုံး (၄)ပွဲဆက် နိုင်ပွဲပျောက်ခဲ့တယ်။ လာဇီယိုက ပုံမှန်ခြေစွမ်းရဖို့ ရုန်းကန်နေရပေမဲ့ ဒီပွဲတော့ အနိုင်ကစားဖို့များပါတယ်။ (၂)သင်းပေါင်းသွင်းဂိုး နည်းနိုင်တယ်။
ဆာဆူအိုလို - ဂျီနိုအာ (မြန်မာစံတော်ချိန် ဒီဇင်ဘာ ၂၂ ရက် ည ၁၂:၀၀ နာရီ)
အထက်အောက် ရပ်တည်နေကြတဲ့ အသင်းတွေဖြစ်ပြီး ဆာဆူအိုလိုက နောက်ဆုံးပွဲမှာ အူဒီးနီးစ်ကို နောက်ကလိုက်ကစားပြီး (၁)မှတ်ရခဲ့တယ်။ ဂျီနိုအာက အဝေးကွင်းနောက်ဆုံး (၅)ပွဲဆက် ရှုံးပွဲတွေ့ထားတဲ့အသင်းပါ။ အိမ်ရှင်ကို ကြိုက်တယ်။
မွန်ဇာ - ဖီအိုရင်တီးနား (မြန်မာစံတော်ချိန် ဒီဇင်ဘာ ၂၃ ရက် နံနက် ၂:၁၅ နာရီ)
မွန်ဇာက နောက်ဆုံးပွဲမှာ အေစီမီလန်ကို ဂိုးပြတ်ရှုံးခဲ့ပေမဲ့ အရမ်းညံ့နေတာမျိုးတော့ မဟုတ်ဘူး။ ဖီအိုရင်တီးနားကလည်း အသင်းကောင်းတစ်သင်းပါ။ ဒါပေမဲ့ အဝေးကွင်းဆိုရင်တော့ သိသိသာသာကျဆင်းသွားတတ်တယ်။ မွန်ဇာအသင်း အနည်းဆုံး သရေရလိမ့်မယ်။
ဆလာနီတာနာ - အေစီမီလန် (မြန်မာစံတော်ချိန် ဒီဇင်ဘာ ၂၃ ရက် နံနက် ၂:၁၅ နာရီ)
ဆလာနီတာနာက လာဇီယိုကိုနိုင်ခဲ့ပေမဲ့ နောက်ဆုံး (၃) ပွဲဆက် ရှုံးပွဲတွေ့ခဲ့တယ်။ ပြိုင်ဘက်ကောင်းတွေနဲ့ ရင်ဆိုင်ရတဲ့ပွဲတွေဆို ဆလာနီတာနာအသင်း ခက်ခက်ခဲခဲ ရုန်းကန်လာရတာကိုလည်း တွေ့ရတယ်။ အေစီမီလန်က စီးရီးအေနောက်ပိုင်းပွဲတွေမှာ နိုင်ပွဲတွေ ပြန်ရလာတယ်။ ဥရောပပြိုင်ပွဲကစားဖို့ မရှိသေးတာကြောင့်လည်း ပြည်တွင်းပြိုင်ပွဲကို ပြန်လည်အာရုံ စိုက်နေတာ တွေ့ရတယ်။ အေစီမီလန် အနိုင်သေချာတယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
