Top News

■ လူးဝစ်မိုင်လေကို သက်တမ်းတိုးရန် နယူးကာဆယ်အသင်း စီစဉ်     
24htopnews | October 16, 2024 2:12 AM CST

နယူးကာဆယ်အသင်းသည် ဆယ်ကျော်သက်ကွင်းလယ်ကစားသမား လူးဝစ်မိုင်လေ(၁၇ နှစ်)ကို ကာလရှည်သက်တမ်းတိုးစာချုပ် ချုပ်ဆိုသွားရန် စီစဉ်နေကြောင်း သိရသည်။ 

၎င်း၏ လက်ရှိစာချုပ်မှာ ၂၀၂၆ ခုနှစ်တွင် ကုန်ဆုံးမည်ဖြစ်ပြီး အသက်(၁၈)နှစ်ပြည့်မြောက်ပြီးမှသာ ကာလရှည် စာချုပ်ချုပ်ဆိုနိုင်မည်ဖြစ်သည်။ 

ထို့ကြောင့် နယူးကာဆယ်အသင်းက လာမည့်နွေရာသီတွင် သက်တမ်းတိုးစာချုပ်သစ်ချုပ်ဆိုရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။ 

လူးဝစ်မိုင်လေသည် ပရီးမီးယားလိဂ်၏ အသက်အငယ်ဆုံးဂိုးသွင်းသူများထဲတွင် ပါဝင်လာသူဖြစ်သည်။

အသက် (၁၇) နှစ်အရွယ်ရှိ လူးဝစ်မိုင်လေသည် ယခုရာသီတွင် နယူးကာဆယ်အသင်းအတွက် ပြိုင်ပွဲစုံ (၁၁) ပွဲ ပါဝင်ကစားထားပြီး (၁) ဂိုး သွင်းထားသည်။


READ NEXT
Cancel OK