Top News

■ ယာဉ်တိုက်မှုကြောင့် ကစားသမားတစ်ဦးနှင့် နည်းပြတစ်ဦး သေဆုံးခဲ့သည့်အတွက် အယ်လ်ဂျီးရီးယားဘောလုံးပွဲအားလုံး ရွှေ့ဆိုင်း     
24htopnews | October 16, 2024 2:12 AM CST

အယ်လ်ဂျီးရီးယားနိုင်ငံတွင် ယာဉ်တိုက်မှုကြောင့် ကစားသမားတစ်ဦးနှင့် နည်းပြတစ်ဦး သေဆုံးခဲ့သည့်အတွက် ယခုတစ်ပတ် ယှဉ်ပြိုင် ကစားမည့် ဘောလုံးပွဲအားလုံးကို ရွှေ့ဆိုင်းခဲ့ကြောင်း သိရသည်။

    

အယ်လ်ဂျီးရီးယား League 1  ပြိုင်ပွဲမှ အယ်လ်ဘာယတ်ဒ်အသင်းသည် ကာဘီလိုင်းအသင်းနှင့် ယှဉ်ပြိုင်ကစားရန်အတွက် ဗုဒ္ဓဟူးနေ့က ခရီးထွက်ခွာခဲ့စဉ် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ခြင်းကြောင့် ဂိုးသမား ဘူဇီယာနီ၊ လက်ထောက်နည်းပြ ခါလစ်မူဖတာနှင့် ဘတ်စ်ကားမောင်းသူတို့ သေဆုံးခဲ့သည်။ 

ဒဏ်ရာရရှိသူ(၁၀)ဦးမှာမူ လက်ရှိအချိန်၌ စိုးရိမ်ရသည့် အခြေအနေမရှိကြောင်း သိရသည်။ ယခုကဲ့သို့ ကြေကွဲဖွယ်ဖြစ်ရပ်နှင့် ရင် ဆိုင်ခဲ့ရခြင်းကြောင့် အယ်လ်ဂျီးရီးယားဘောလုံးအဖွဲ့ချုပ်က ယခုတစ်ပတ် ယှဉ်ပြိုင်ကစားမည့် ဘောလုံးပွဲအားလုံးကို ရွှေ့ဆိုင်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    

"အယ်လ်ဂျီးရီးယားဘောလုံးလောကအတွက် နာကျင်ကြေကွဲ ဖွယ်ဖြစ်ရပ်နဲ့ ရင်ဆိုင်ခဲ့ရခြင်းဖြစ်ပါတယ်။ ဒါကြောင့် လာမယ့်ရက်သတ္တ ပတ်အတွင်း ယှဉ်ပြိုင်ကစားဖို့ စီစဉ်ထားတဲ့ တစ်နိုင်ငံလုံးက ဘောလုံးပွဲ အားလုံးကို ရွှေ့ဆိုင်းဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ်"ဟု အယ်လ်ဂျီးရီး ယားဘောလုံးအဖွဲ့ချုပ်က ကြေညာချက်ထုတ်ပြန်ခဲ့သည်။ 

အယ်လ်ဂျီးရီးယားဘောလုံးအဖွဲ့ချုပ်သည် ယခု တစ်ပတ်ယှဉ်ပြိုင်ကစားမည့် လိဂ်ပွဲစဉ်များအပြင် ဒီဇင်ဘာ(၂၆)တွင် ယှဉ်ပြိုင်ရန် စီစဉ်ထားသော ဖလားပွဲများကိုလည်း ရွှေ့ဆိုင်းရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။


READ NEXT
Cancel OK