လေဗာကူဆင်အသင်းသည် ဘိုဟုမ်အသင်းကို ဂိုးပြတ်အနိုင်ရပြီး နောက် ရာသီအဖွင့် ပြိုင်ပွဲစုံ (၂၅) ပွဲ ဆက်တိုက် ရှုံးပွဲမရှိသည့် ပထမဆုံး ဂျာမန်ကလပ်အဖြစ် စံချိန်တင်ခဲ့ကြောင်း သိရသည်။
လေဗာကူဆင်အသင်းသည် ယခုရာသီတွင် ပြိုင်ပွဲစုံ (၂၅)ပွဲကစား ပြီးနောက် ရှုံးပွဲမရှိသေးဘဲ (၂၂)ပွဲနိုင်၊ သုံးပွဲသရေကျကာ ၁၉၈၂-၈၃ ရာသီက ဟမ်းဘတ်အသင်း တင်ရှိခဲ့သည့် ပြိုင်ပွဲစုံ (၂၄)ပွဲဆက် ရှုံးပွဲမရှိစံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ခြင်းဖြစ်သည်။
လေဗာကူဆင်အသင်းသည် ဘွန်ဒစ်လီဂါ ပြိုင်ပွဲတွင် (၁၆)ပွဲ ကစား၊ (၁၃)ပွဲနိုင်၊ သုံးပွဲသရေဖြင့် ရမှတ် (၄၂)မှတ် ရရှိထားပြီး ဆောင်းရာသီအနားပေးကာလရပ်နားချိန်တွင် ဇယားထိပ်မှ ဦးဆောင်နိုင်ခဲ့ပြီဖြစ်သည်။
လေဗာကူဆင်အသင်းသည် ယူရိုပါလိဂ်ပြိုင်ပွဲတွင် အုပ်စုပွဲအားလုံး အနိုင်ရကာ ရှုံးထွက် (၁၆) သင်းအဆင့်သို့ တက်ရောက်ထားသလို ဂျာမန်ဖလားပြိုင်ပွဲတွင်လည်း သုံးပွဲကစား၊ သုံးပွဲစလုံး အနိုင်ရပြီး ကွာတားဖိုင်နယ်အဆင့် ရောက်ရှိနေသည်။
လေဗာကူဆင်အသင်းသည် ၂၀၂၃ ခုနှစ်အတွင်း ဘွန်ဒစ်လီဂါပွဲစဉ်စုစုပေါင်း (၃၅) ပွဲ ယှဉ်ပြိုင်ကစားရာ (၂၂)ပွဲအထိ အနိုင်ရခဲ့ပြီး အသင်းသမိုင်းတစ်လျှောက် ပြက္ခဒိန်တစ်နှစ်အတွင်း ဘွန်ဒစ်လီဂါ ပွဲစဉ်အများဆုံး နိုင်ပွဲရရှိသည့်နှစ်အဖြစ် စံချိန်တင်ခဲ့ကြောင်းလည်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
