အက်သလက်တီကို - ဆီဗီလာ (မြန်မာစံတော်ချိန် ဒီဇင်ဘာ ၂၃ ရက် ည ၉:၄၅ နာရီ)
ဆီဗီလာအသင်းက နည်းပြ ကီကေးဆန်းချက်ဇ်ရဲ့ ပွဲဦးထွက်မှာ ဂိုးပြတ်နိုင်ပွဲနဲ့ အဖွင့်လှခဲ့တယ်။ ဒါပေမဲ့ ကီကေးဆန်းချက်ဇ်က ဒီယေဂိုအလွန်ဆိုလက်ထက်အထိုင်ကို လုံးဝမဖျက်ခဲ့ဘူး။ Three Back ကို အခြေခံတည်ဆောက်ထားတဲ့ ၃-၅-၂ နဲ့ပဲ ဆက်လက်ပွဲထွက်ခဲ့ပြီး ရာကီတစ် ပွဲပယ်ခံထားရတာဖြစ်လို့ အပြောင်းအလဲလို့ ဆိုနိုင်တာက အီဘရာဟင်းမားဆိုးကို ပွဲထွက်စာရင်းက ချန်လှပ်ထားတာပဲရှိတယ်။ အက်သလက်တီကိုက ဂီတာဖေးနဲ့ပွဲမှာ ဒီရာသီ လာလီဂါအိမ်ကွင်း ရာနှုန်းပြည့်နိုင်ပွဲဆက်မှု ရပ်တန့်ခဲ့ရတယ်။ ဒါပေမဲ့ ပွဲချိန်(၃၈)မိနစ်ကတည်းက တစ်ယောက်လျော့နဲ့ ကစားခဲ့ရတာ၊ (၈၇)မိနစ်အထိ (၃-၁) ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့တာတွေက အက်သလက်တီကိုအသင်းရဲ့ ခြေစွမ်းကို မှန်းဆရမခက်ပါဘူး။ ဒီပွဲမှာတော့ ဂရီးဇ်မန်း-မိုရာတာ တိုက်စစ်အတွဲကိုပဲ ပြန်ပွဲထွက်ကစားစေလိမ့်မယ်။ အက်သလက်တီကို ဂိုးပြတ်၊ မပြတ်ပဲ ကြည့်ရမှာပါ။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
