Top News

■ စီးရီးအေပွဲစဉ် (၁၇) ပွဲကြိုသုံးသပ်ချက် 
24htopnews | October 16, 2024 2:12 AM CST

ဖရိုဆီနိုနီ - ဂျူဗင်တပ်စ် (မြန်မာစံတော်ချိန် ဒီဇင်ဘာ ၂၃ ရက် ည ၆:၀၀ နာရီ)

ဖရိုဆီနိုနီက ရာသီအစကလို ပုံစံမျိုးမရှိတော့ဘူး။ ကိုပါအီတာလီယာပြိုင်ပွဲမှာ နာပိုလီကို ဂိုးပြတ်နိုင်ခဲ့ပေမဲ့ ပြိုင်ဘက်က အရန်ကစားသမားအများစုနဲ့ပွဲထွက်လာတာကို သတိပြုရပါမယ်။ ဂျူဗင်တပ်စ်ကတော့ ပြီးခဲ့တဲ့ရာသီနဲ့ ခြားနားတဲ့ပုံစံကို ပြသနေပြီး နောက်ဆုံးပွဲမှာလည်း ဂျီနိုအာကိုမထင်မှတ်ဘဲ သ ရေကျခဲ့တယ်လို့ ပြောရမှာပါ။ ဒါ့အပြင် နောက်ပိုင်းတွေ့ဆုံမှု တွေမှာလည်း ဂျူဗင်တပ်စ်အသင်းအနေနဲ့ ဂျီနိုအာကို သိသိသာသာ အသာစီးယူနိုင်တာ တွေ့ရတယ်။ (၂)သင်းပေါင်းသွင်းဂိုးများနိုင်ပြီး ဂျူဗင်တပ်စ်ကို ကြိုက်တယ်။



ဘိုလော့ဂ်နာ - အတ္တလန်တာ (မြန်မာစံတော်ချိန် ဒီဇင်ဘာ ၂၃ ရက် ည ၈:၃၀ နာရီ)

ပွဲကောင်းတစ်ပွဲဖြစ်လာနိုင်ပြီး အပြန်အလှန်သွင်းဂိုးတွေ မြင်ရနိုင်တဲ့ပွဲမျိုးပါပဲ။ ဘိုလော့ဂ်နာက အဝေးကွင်းထက် အိမ်ကွင်းကစားအားပိုကောင်းပြီး စီးရီးအေအိမ်ကွင်းနောက်ဆုံး (၅) ပွဲဆက် အနိုင်ရထားတယ်။ ဘိုလော့ဂ်နာနဲ့ ဂိုးအများကို ရွေးချယ်ချင်ပါတယ်။



တိုရီနို - အူဒီးနီးစ် (မြန်မာစံတော်ချိန် ဒီဇင်ဘာ ၂၃ ရက် ည ၈:၃၀ နာရီ)

တိုရီနိုက စီးရီးအေအိမ်ကွင်းနောက်ဆုံး (၃)ပွဲဆက် အနိုင်ကစားထားပြီး အဆင့် (၉)အထိ ပြန်ရောက်လာတယ်။ အူဒီးနီးစ် ခံစစ်အားနည်းချက်တွေများပြီး နောက်ဆုံး(၄)ပွဲမှာ (၁၂)ဂိုးအ ထိပေးခဲ့ရတယ်။ တိုရီနို ရလဒ်ကောင်းလိမ့်မယ်။



ဗီရိုနာ - ကာဂလီယာရီ (မြန်မာစံတော်ချိန် ဒီဇင်ဘာ ၂၃ ရက် ည ၁၁:၃၀ နာရီ)

ဗီရိုနာက ဖီအိုရင်တီးနားနဲ့ပွဲမှာ ကစားပုံကောင်းခဲ့ပေမဲ့ အခွင့်အရေးတွေကို အသုံးမချနိုင်လို့ ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရတယ်။ ကာဂလီယာရီက တဖြည်းဖြည်းတိုးတက်လာတဲ့အသင်းပါ။ ကာဂလီယာရီ အနည်းဆုံး သရေရမယ်ထင်တယ်။



အင်တာမီလန် - လက်ချီ (မြန်မာစံတော်ချိန် ဒီဇင်ဘာ ၂၃ ရက် ည ၁၁:၃၀ နာရီ)

အင်တာမီလန်က စီးရီးအေမှာ ဘယ်လိုပြိုင်ဘက်မျိုးမဆို ဖြိုလှဲနိုင်တဲ့အသင်းဖြစ်တယ်။ ဒီရာသီစီးရီးအေပြိုင်ပွဲရဲ့ ရေပန်းအစားဆုံးအသင်းဖြစ်ပြီး တောင်ပံတိုက်စစ်ကစားပုံနဲ့ လော်တာရိုမာတီနက်ဇ်ရဲ့ ဦးဆောင်မှုတွေက အားရဖို့ အရမ်းကောင်းတယ်။ လက်ချီကတော့ သရေပွဲတွေဆက်နေရာကနေ နောက်ဆုံးပွဲမှာ ဖရိုဆီနိုနီကို အနိုင်ရခဲ့တယ်။ ဒါပေမဲ့ ဒီပွဲတော့ လက်ချီမလွယ်ပါ ဘူး။ အင်တာမီလန်ဂိုးပြတ်နိုင်လိမ့်မယ်။



ရိုးမား - နာပိုလီ (မြန်မာစံတော်ချိန် ဒီဇင်ဘာ ၂၄ ရက် နံနက် ၂:၁၅ နာရီ)

နည်းပြ မော်ရင်ဟိုရဲ့ ရိုးမားက နောက်ဆုံးပွဲဲမှာ ဘိုလော့ဂ်နာကို ရှုံးခဲ့တယ်။ ဒါပေမဲ့ အိမ်ကွင်းဆိုရင်တော့ ရိုးမားရဲ့ အားကောင်းတဲ့ပုံစံကို တွေ့ရပြီး သွင်းဂိုးတွေလည်းအလွံယ်တကူရနေတာကို တွေ့ရတယ်။ ဒါပေမဲ့ ရိုးမားတိုက်စစ်မှာ လူကာကူ ပွဲ ပယ်ပြစ်ဒဏ်ခံနေရပြီး တိုက်စစ်ကို ဘယ်လော့တီနဲ့ပဲ ပွဲထွက်လာဖို့များနေတယ်။ နာပိုလီကလည်း အိုဆင်မန်ပြန်ကစားနိုင်ပြီ ဆိုပေမဲ့ နိုင်ပွဲအတွက် ခက်ခက်ခဲခဲရုန်းကန်နေရဆဲပဲ။ စီးရီးအေအဝေးကွင်းနောက်ဆုံး (၅)ပွဲမှာ (၄)ပွဲအထိ နာပိုလီအနိုင်ရခဲ့ပေမဲ့ ဒီပွဲတော့ ခက်ခဲလိမ့်မယ်။ ရိုးမားကို ကြိုက်တယ်။


READ NEXT
Cancel OK