Top News

■ လူတန်အသင်းခေါင်းဆောင် တွမ်လော့ခ်ယာ ဆေးရုံမှ ဆင်းခွင့်ရ     
24htopnews | October 16, 2024 2:12 AM CST

ဘောလုံးကစားနေစဉ် နှလုံးရပ်တန့်သွားခဲ့သဖြင့် ဆေးရုံတွင် အရေးပေါ်ကုသမှုခံယူခဲ့ရသော လူတန်အသင်းခေါင်းဆောင် တွမ်လော့ခ်ယာသည် ပြီးခဲ့သည့် ကြာသပတေးနေ့တွင် ဆေးရုံမှ ဆင်းခွင့်ရရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။ 

တွမ်လော့ခ်ယာသည် မန်ယူကွင်းလယ်ကစားသမား အဲရစ်ဆင်နည်းတူ နှလုံးနှိုးစက် တပ်ဆင်အသုံးပြုရမည်ဖြစ်ကြောင်း သိရသည်။ 

သို့သော် ၎င်းအနေဖြင့် နေအိမ်တွင်ပင် ကုသမှုခံယူသွားနိုင်ပြီဖြစ်သည့်အတွက် ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း သိရသည်။ 

ယခုသတင်းကို လူတန်အသင်းက အတည်ပြုထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။


READ NEXT
Cancel OK