မန်စီးတီးအသင်း၏ စပိန်ကွင်းလယ်ကစားသမား ရိုဒရီက AS သတင်းစာမှ ချီးမြှင့်သည့် ၂၀၂၃ ခုနှစ်အတွက် အကောင်းဆုံးကစားသမားဆုရရှိသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားခဲ့သည်။
စပိန်အားကစားသတင်းစာ AS သည် ၂၀၂၃ ခုနှစ်အတွက် အကောင်းဆုံးကစားသမားဆုကို ရွေးချယ်ရာတွင် ရိုဒရီက နာမည်ကျော်များကို ကျော်ကာ ရရှိခဲ့ခြင်းဖြစ်သည်။
"AS က ချီးမြှင့်တဲ့ဆုကို လက်ခံရရှိတာဟာ ကျွန်တော့်အတွက် ဂုဏ်ယူစရာဆုလာဘ်တစ်ခုပါပဲ။ ကျွန်တော် ပြည်ပမှာ သွားကစားနေတာတောင် ကျွန်တော့်နိုင်ငံကလူတွေ ကျွန်တော့်ကို သတိရနေတဲ့အတွက်လည်း အလွန်စိတ်လှုပ်ရှားမိပါတယ်။ ကလပ်အသင်းအတွက် ရော လက်ရွေးစင်အသင်းအတွက်ပါ အကောင်းဆုံးလုပ်ဆောင်ပေးသွားနိုင်ဖို့ မျှော်လင့်ပါတယ်"ဟု ရိုဒရီက ဆိုခဲ့သည်။
ရိုဒရီသည် ပြီးခဲ့သည့် ၂၀၂၂-၂၃ ရာသီက မန်စီးတီးအသင်းနှင့်အတူ ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ်နှင့် FA ဖလားတို့ကို ရယူနိုင်ခဲ့ပြီး အသင်းအတွက် အဓိက ကစားသမားအဖြစ် ပါဝင်ခြေစွမ်းပြခဲ့သူဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
