ရီးယဲလ်မက်ဒရစ်က အိမ်ကွင်းမှာ အလာဗတ်စ်ကို ဂိုးပြတ်သွင်းကာ နိုင်ပွဲဆက်ခဲ့ပြီး ဒုတိယနေရာက အက်သလက်တီကိုကို (၂)မှတ်အကွာနဲ့ ဖိအားလိုက်ပေးနိုင်ခဲ့ပါတယ်။
ရီးယဲလ်အသင်းအတွက်ဂိုးတွေကို ဘန်ဇီမာ၊ ဗင်နီစီယပ်စ်၊ မာရီယာနိုဒီယက်ဇ်တို့က သွင်းယူပေးခဲ့ပါတယ်
နည်းပြ ဆိုလာရီရဲ့အသင်းဟာ ပြိုင်ပွဲစုံနောက်ဆုံး(၅)ပွဲဆက် အနိုင်ရရှိခဲ့သလို၊ လာလီဂါမှာလည်း (၄)ပွဲဆက် အနိုင်ယူခဲ့ပါတယ်။
ရိုးမား-အေစီမီလန်ပွဲမှာတော့ အေစီမီလန်က ပီယွန်တက်ခ်ရဲ့ဂိုးနဲ့ဦးဆောင်ခဲ့ပေမယ့် ရိုးမားကွင်းလယ်လူ ဇာနီယိုလိုက ချေပဂိုးပြန်သွင်းခဲ့ပါတယ်။
■ ဖေဖော်ဝါရီ(၃)ရက်နေ့ အခြားပွဲရလဒ်များ
လာလီဂါ
ဗီလာရီးယဲလ် ၂ - ၂ အက်စ်ပန်ညို
ဘက်တစ် ၁ - ၀ အက်သလက်တီကို
အီဘာ ၃ - ၀ ဟီရိုနာ
ရီးယဲလ်မက်ရစ် ၃ - ၀ အလာဗတ်စ်
စီးရီးအေ
SPAL ၀ - ၀ တိုရီနို
အူဒီးနီးစ် ၁ - ၁ ဖီအိုရင်တီးနား
ဂျီနိုအာ ၁ - ၁ ဆာဆူအိုလို
အင်တာမီလန် ၀ - ၁ ဘိုလော့ဂ်နာ
ရိုးမား ၁ - ၁ အေစီမီလန်
ဘွန်ဒစ်လီဂါ
အော့စ်ဘတ် ၃ - ၀ မိန့်ဇ်
စတုဂတ် ၂ - ၂ ဖရိုင်းဘတ်
ပြင်သစ်လီဂူး
နီးစ် ၁ - ၁ မောင့်ပယ်လီယာ
လိုင်ယွန် ၂ - ၁ PSG
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
