စပိန်လာလီဂါပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
ဗီလာရီးယဲလ် - အက်စ်ပန်ညို (တနင်္ဂနွေညနေ ၅း၃၀ နာရီ)
ဗီလာရီးယဲလ်အခြေအနေက အတော်ဆိုးနေတယ်။ ဒါပေမဲ့ အက်စ်ပန်ညိုကလည်း စပိန်ဘုရင့်ဖလားနဲ့ အာရုံများနေချိန်ဖြစ်တဲ့အပြင် အဝေးကွင်းမှာလည်း သိပ်မျှော်လင့်ထားလို့မရသေးတဲ့ အသင်းဖြစ်နေတယ်။ ဗီလာရီးယဲလ်ကတော့ အိမ်ကွင်းပွဲတွေမှာ အမှတ်ရအောင်ယူရမယ့်အခြေအနေဖြစ်ပါပြီ။ ဒီပွဲမှာ ဗီလာရီးယဲလ် အနိမ့်ဆုံးသရေကစားပါလိမ့်မယ်။
ဘက်တစ် - အက်သလက်တီကို (တနင်္ဂနွေည ၉း၄၅ နာရီ)
စပိန်ဘုရင့်ဖလားကစားထားရတဲ့ ဘက်တစ်နဲ့ လာလီဂါတစ်ခုတည်းကို အာရုံစိုက်ခွင့်ရနေတဲ့ အက်သလက်တီကိုရဲ့ အနေအထားချင်းက သိပ်မကွာလှပါဘူး။ ဒါပေမဲ့ အက်သလက်တီကို ခံစစ်မှာ လူစုံလာတယ်။ အဝေးကွင်းမှာလည်း ပိုပြီးထိန်းကစားနိုင်တာတွေက ဘက်တစ်အတွက် စိုးရိမ်စရာပါပဲ။ အက်သလက်တီကိုနဲ့ ဂိုးအနည်းပဲကြိုက်နေမိတယ်။
အီဘာ - ဟီရိုနာ (တနင်္ဂနွေည ၁၂းဝဝ နာရီ)
တိုက်စစ်ဖွင့်ကစားလေ့ရှိတဲ့ ဒီနှစ်သင်းရဲ့တွေ့ဆုံမှုက အပြန်အလှန်ရှိမှာသေချာနေတယ်။ ဒါပေမဲ့ ဟီရိုနာရဲ့အဝေးကွင်းကစားအားနဲ့ ခံစစ်ပိုင်းအားနည်းမှုတွေက အီဘာကို အခွင့်အရေးပေးနေသလိုပါပဲ။ အီဘာနဲ့ ဂိုးအများပဲကောင်းမယ်။
ရီးယဲလ်မက်ဒရစ် - အလာဗတ်စ် (တနင်္လာနံနက် ၂း၁၅ နာရီ)
ပထမအကျော့ အလာဗတ်စ်ကွင်းမှာ (၀-၁) ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရတဲ့ ရှုံးကြွေးကို ရီးယဲလ်မက်ဒရစ် အခုအိမ်ကွင်းပွဲမှာ ပြန်ပေးဆပ်ပြရတော့မယ်။ လက်ရှိရီးယဲလ်မက်ဒရစ်ရဲ့ကစားပုံကိုလည်း နည်းပြဆိုလာရီလက်ထဲမှာ လမ်းကြောင်းမှန်ပေါ်ပြန်ရောက်လာနေပြီလို့ သုံးသပ်မှုတွေလည်းရှိနေတယ်။ အခုဆို ဘေးလ်၊ တိုုနီကရို့စ်တို့လို ဒဏ်ရာရသူတွေပါ ပြန်ပွဲထွက်လာနိုင်ပြီဖြစ်လို့ လူအင်အားပိုင်းမှာလည်း ရီးယဲလ်ပြန်တောင့်တင်းလာနေပါပြီ။ ဒါ့အပြင် ဆိုလာရီဟာ အသင်းရဲ့အမာခံအထိုင်တစ်ခုကိုလည်း ပုံဖော်ထားနိုင်သလို မိုဒရစ်၊ ဘန်ဇီမာတို့လို ၀ါရင့်ကစားသမားတွေ ပုံမှန်ခြေပြန်ရလာတာ၊ ရီဂွယ်လွန်နဲ့ ဗင်နီစီယပ်စ်တို့လို လူငယ်တွေကလည်း အသင်းနဲ့ အံဝင်အောင်ကစားပြလာနိုင်တာတွေကြောင့် အသင်းကစားပုံ ပိုမြိုင်လာတယ်။ ဒါ့အပြင် ရီးယဲလ်ကံကောင်းတယ်လို့ ပြောနိုင်တာက အခုနောက်ပိုင်း အလာဗတ်စ်ကစားပုံလျော့လာနေတာပဲဖြစ်တယ်။ လာလီဂါမှာ အလာဗတ်စ် နိုင်ပွဲပျောက်နေတဲ့အပြင် တိုက်စစ်ကပါ လျော့နေတယ်။ အဝေးကွင်းဆို အလာဗတ်စ်တို့ ပိုရုန်းကန်ရလေ့ရှိပြီး ခံစစ်အားနဲ့ကစား တတ်ပေမယ့် ဘာနေဗျူးမှာတော့ ရီးယဲလ်ကို တောင့်ခံနိုင်မယ်မထင်ဘူး။ ရီးယဲလ်နဲ့ ဂိုးအများပဲရွေး
ထားချင်တယ်။
ဂျာမန်ဘွန်ဒစ်လီဂါပွဲစဉ်များပွဲကြိုသုံးသပ်ချက်
အော့စ်ဘတ် - မိန့်ဇ် (တနင်္ဂနွေည ၉းဝဝ နာရီ)
(၁၀)ပွဲဆက်နိုင်ပွဲပျောက်ထားတဲ့ အော့စ်ဘတ်အသင်း ပြန်လာနိုင်ဖို့ မလွယ်သေးဘူး။ မိန့်ဇ် အဝေးကွင်းမှာ အမှတ်ရလိမ့်မယ်။
စတုဂတ် - ဖရိုင်းဘတ် (တနင်္ဂနွေည ၁၁း၃၀ နာရီ)
လတ်တလောရလဒ်ပိုင်းချင်းယှဉ်ရင် စတုဂတ်က အနည်းငယ်ပိုသာပေမယ့် ဒီတစ်ပွဲတော့ အိမ်ရှင်အသင်းဘက်ကပဲ ရပ်တည်တာပိုကောင်းမယ်ထင်တယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
