ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်ရှိ တီကျစ်ကျောက်မီးသွေးသုံး ရေနွေးငွေ့ ဓာတ်အားပေးစက်ရုံအား နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်အား ဖြည့်ဆ ည်းပေးရန် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ တီကျစ်ကျောက်မီးသွေးသုံး ရေနွေးငွေ့ဓာတ်အားပေးစက်ရုံ၏ စက်တပ်ဆင်အင်အား မှာ ၆၀ မဂ္ဂါဝပ်ရှိ ဓာ တ်အားပေးစက်နှစ်လုံးဖြင့် စုစုပေါင်းတပ်ဆင်အင်အား ၁၂ ၀ မဂ္ဂါဝပ်ဖြစ်ပြီး တစ်နှစ်ထုတ်လုပ်နိုင်မည့် ဓာတ်အားမှာ ၉၆၀ ကီလိုဝပ်နာရီသန်းပေါင်းဖြစ်ကြောင်း သိရသည်။
ယင်းမှ ထွက်ရှိလာသော လျှပ်စစ်ဓာတ်အားများကို ၁၃၂ ကေဗွီ တီကျစ်-လောပိတဓာတ်အားလိုင်း၊ ၁၃၂ ကေဗွီ တီကျစ်-လွိုင်ကော်ဓာတ်အားလိုင်းနှင့် ၁၃၂ ကေဗွီ တီကျစ် -ကလောဓာတ်အားလိုင်းတို့ဖြင့် နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်၍ လျှပ်စစ်ဓာတ်အားများ ပို့လွှတ်ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။
ယာဂီမုန်တိုင်းအရှိန်ဖြင့် မိုးသည်းထန်စွာရွာသွန်း၍ ရေကြီးရေလျှံမှုကြောင့် ကျောက်မီးသွေးလုပ်ကွက်အတွင်း မြေပြိုကျမှုများ၊ ထုတ်ယူဆဲကျောက်မီးသွေး ရေနစ်မြုပ်မှုများ၊ ကျောက်မီးသွေးသယ်ထုတ်လမ်းပိုင်းများ ပြိုကျပျက်စီးခဲ့ခြင်းနှင့် တီကျစ်ဓာတ်အားပေးစက်ရုံ အအေးပေးစနစ်အတွက် ရေပေးပို့လျက်ရှိသော ဘီလူးချောင်း ရေပန့်ရုံ ရေနစ်မြုပ်ပြီး ပန့်နှင့်ဆက်စပ်ပစ္စည်းများ ရေနစ်မြုပ်ပျက်စီးခြင်းတို့ ဖြစ်ပေါ်ခဲ့သဖြင့် ဓာတ်အားထုတ်လုပ်မှုများရပ်နားခဲ့ရကြောင်း သိရသည်။
ဓာတ်အားအမြန်ဆုံး ပြန်လည်ထုတ်လုပ်ပို့လွှတ်ပေးနိုင်ရန်အတွက် ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ အမှတ် (၁) ဓာတ်အားပေးစက်ကို အောက်တိုဘာ (၁၁) ရက်တွင် ပြန်လည် လည်ပတ်၍ နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်ပြီး လျှပ်စစ်ဓာတ်အားများ ပြန်လည်ပို့လွှတ်ပေးနိုင်ခဲ့ပြီး အမှတ်(၂) ဓာတ်အားပေးစက်ကို ပြန်လည်လည်ပတ်ကာ ဓာတ်အားထုတ်လုပ်နိုင်ရေးနှင့် လိုအပ်သော ကျောက်မီးသွေးများ အချိန်မီထုတ်ယူရရှိနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
