ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုကို ထိန်းချုပ်ရန်အတွက် သတ်မှတ်ထားသည့်ဒေသများတွင် အလှည့်ကျ Lockdown ချမှုများ ပြန်လည်ချမှတ်ရန်အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ပါကစ္စတန်အာဏာပိုင်များကို အကြံပြုခဲ့ပြီး ပါကစ္စတန်နိုင်ငံသည် ကန့် သတ်ချက်ချက်များ ရုပ်သိမ်းရန်အတွက် WHO ၏ စည်းကမ်းသတ်မှတ်ချက်များနှင့် ကိုက်ညီမှုမရှိခဲ့ဟု ထုတ်ပြန်ခဲ့သည်။
ပါကစ္စတန်အစိုးရက စီးပွားရေးဖိစီးမှုများကြောင့်ဟု ထုတ်ဖော်ပြောကြားခဲ့ပြီး နိုင်ငံအတွင်း Lockdown ချထားမှုများကို မေ ၉ ရက်တွင် ရုပ်သိမ်းခဲ့ပြီးနောက် တောင်အာရှနိုင်ငံတွင် ဗိုင်းရပ်စ်ကူးစက်မှုသစ်များ တစ်ရှိန်ထိုး မြင့်တက်လာခဲ့သည်။ ပါကစ္စတန်တွင် ဇွန် ၈ရက် တစ်ရက်တည်းတွင် ဗိုင်းရပ်စ်ကြောင့် လူ ၁၀၅ ဦး စံချိန်တင် သေဆုံးခဲ့မှုအပါအဝင် စုစုပေါင်းဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၀၈၃၁၆ ဦးနှင့် သေဆုံးသူ ၂၁၇၂ ဦး ရှိလာပြီဖြစ်သည်။
ပါကစ္စတန်နိုင်ငံ၏ လူဦးရေထူထပ်ဆုံး ပြည်နယ်နှစ်ခုဖြစ်သည့် ပန်ဂျပ်နှင့် Sindh ရှိ ကျန်းမာရေးအာဏာပိုင်များထံသို့ WHO က ဇွန် ၇ ရက်တွင် ပေးပို့ခဲ့သည့် စာတစ်စောင်တွင် ကျန်းမာရေးစနစ်ပြိုလဲမှုအန္တရာယ် လျော့ပါးစေရန် လိုအပ်ကြောင်း အလေးအနက်ထား ရေးသားထားသည်။
Lockdown မဖြေလျှော့မီ ဗိုင်းရပ်စ်စစ်ဆေးမှုတွင် လူ ၁၀ ဦးလျှင် တစ်ဦးသာ တွေ့ရှိခဲ့သော်လည်း ပြီးခဲ့သည့်သီတင်းနှစ်ပတ်အတွင်း စစ်ဆေးမှုများ၌ လူငါးဦးလျှင် တစ်ဦးကျော်တွင် COVID-19 ရောဂါတွေ့ရှိခဲ့ကြောင်း အစိုးရထုတ်ပြန်သည့် စာရင်းအင်းများတွင် ဖော်ပြထားသည်။
“Lockdown ချတာကို သီတင်းနှစ်ပတ်နား၊ သီတင်းနှစ်ပတ်ချတဲ့ မဟာဗျူဟာကို ကျင့်သုံးဖို့ WHO က ပါကစ္စတန်အစိုးရကို ခိုင်ခိုင်မာမာအကြံပြုခဲ့တယ်” ဟု WHO ၏ ပါကစ္စတန်မစ်ရှင်အကြီးအကဲ ဒေါက်တာ Palitha Mahipala လက်မှတ်ရေးထိုးထားသည့် ယင်းစာတွင် ထည့်သွင်းရေးသားထားသည်။
အခြားပြည်နယ်များ(သို့မဟုတ်) ဖက်ဒရယ်အစိုးရထံသို့လည်း အလားတူအကြံပေးစာ ပေးပို့ခဲ့ခြင်း ရှိ၊ မရှိကို တိတိကျကျ မဖော်ပြခဲ့ပေ။
ရောဂါကူးစက်ပျံ့နှံ့မှု ထိန်းချုပ်ထားနိုင်မှု၊ ရှာဖွေတွေ့ရှိ၊ စစ်ဆေး၊ သီးသန့်ထားရှိနိုင်မှု၊ ဗိုင်းရပ်စ်ကူးစက်ခံရသူတိုင်းကို ကုသပေးနိုင်မှုနှင့် ထိတွေ့ဆက်ဆံမှုကွင်းဆက်တိုင်းကို ခြေရာခံနိုင်မှု၊ အခြေခံကျသောနေရာများတွင် ကာကွယ်တားဆီးရေးစီမံချက်များချ မှတ်ထားမှု၊ လူထုကို ပညာပေးမှု၊ အခြေအနေသစ်တွင် နေသားတကျနေနိုင်ရန် အားပေးမှုတို့ ပါဝင်သည့် ကန့်သတ်ချက်များ ရုပ်သိမ်းရန်အတွက် WHO က အကြံပြုထားသည့် စည်းကမ်းသတ်မှတ်ချက်ခြောက်ခုကို ယင်းစာတွင် ရေးသားခဲ့သည်။ ပါကစ္စတန်သည် ယင်းစည်းကမ်းချက်များထဲမှ တစ်ခုနှင့်မျှ ကိုက်ညီမှုမရှိဟု ယင်းစာတွင် ရေးသားထားသည်။
ပန်ဂျပ်နှင့် Sindh ပြည်နယ်ရှိ အာဏာပိုင်များက WHO ၏ စိုးရိမ်ပူပန်မှုများကို ထောက်ခံခဲ့ပြီး ပြည်နယ်အစိုးရအဖွဲ့များက အကြံပြုချက်များကို ဆွေးနွေးသွားမည်ဟု ပြောကြားခဲ့သည်။
နေ့စဉ် စစ်ဆေးမှုကို ၅၀၀၀၀ ကျော်အထိ တိုးမြှင့်စစ်ဆေးနိုင်ရန် အလွန်အရေးကြီးသည်ဟုလည်း ယင်းစာတွင် ရေးသားထားသည်။ လူဦးရေ ၂၀၇ သန်းကျော်ရှိသည့် ပါကစ္စတန်တွင် နေ့စဉ် ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးမှုကို အများဆုံး ၂၄၀၀၀ အထိသာ စစ်ဆေးခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
