လစ်ဗျားနှင့်ပတ်သက်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် သဘောတူညီမှုအချို့ ရရှိခဲ့သည်ဟု တူရကီသမ္မတ ရီဆပ်တေ ရစ်အာဒိုဂန်က ဇွန် ၈ ရက်တွင် ပြောကြားခဲ့သည်။
တူရကီသည် လစ်ဗျား၏ ကုလသမဂ္ဂ အသိအမှတ်ပြု ညီညွတ်ရေးအစိုးရ (GNA) ကို ထောက်ခံခဲ့ပြီး စစ်ဘုရင် ခါလီဖာဟက်ဖ်တာကို နှိမ်နင်းရန်အတွက် ထရီပိုလီကို စစ်ဘက်ဆိုင်ရာထောက်ပံ့မှု အရှိန်အဟုန် မြှင့်တင်ခဲ့သည်။
အမေရိကန်သည် GNA ကို အထောက်အပံ့ပေးခဲ့သော်လည်း အမေရိကန်၏ မဟာမိတ်များဖြစ်သည့် အီဂျစ်၊ ယူအေအီးနှင့် ဆော်ဒီအာရေဗျနိုင်ငံတို့က ဟက်ဖ်တာကို ထောက်ခံခဲ့သည်။
“ဇွန် ၈ ရက် ညနေပိုင်းမှာ ကျွန်တော်တို့ ဖုန်းဆက်ဆွေးနွေးပြီးတဲ့နောက်မှာ လစ်ဗျားဖြစ်စဉ်နဲ့ပတ်သက်ပြီး အမေရိကန်နဲ့ တူရကီနိုင်ငံအကြားမှာ ခေတ်သစ်တစ်ခု ရှိလာပါပြီ။ ဖုန်းနဲ့ဆွေးနွေးနေစဉ်မှာ လစ်ဗျားနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ သဘောတူညီချက်အချို့ ရရှိခဲ့တယ်” ဟု အာဒိုဂန်က အစိုးရပိုင်ရုပ်သံ TRT သို့ ပြောကြားခဲ့သည်။
ယင်းသဘောတူညီချက်များသည် နှစ်နိုင်ငံ အတူပူးတွဲလုပ်ဆောင်ရန်အတွက် အလားအလာကောင်းသည့် ခြေလှမ်းဖြစ်သည်ဟု အာဒိုဂန်က ရည်ညွှန်းပြောကြားခဲ့သော်လည်း အသေးစိတ်အချက်အလက်များကို ထုတ်ပြန်ခဲ့ခြင်းမရှိပေ။
အာဒိုဂန်က ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ဆွေးနွေးမှုပြုလုပ်ရန်လိုအပ်ပြီး လစ်ဗျားနှင့် ပတ်သက်ပြီး လုပ်ဆောင်နိုင်မည့် အဆင့်များကို ဆွေးနွေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး လစ်ဗျားပဋိပက္ခတွင် ရုရှား၏ အရေးပါမှုကို အရိပ်အမြွက်ပြောကြားခဲ့သည်။
ဟက်ဖ်တာကို ထောက်ပံ့ရန်အတွက် ရုရှားအစိုးရသည် ရုရှားပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီ Wagner ထံမှ ထောင်နှင့်ချီသော ကြေးစားစစ်သားများကို စေလွှတ်ခဲ့သည်ဟု စွပ်စွဲခံရသည်။ ကရင်မလင်ကမူ ယင်းစွပ်စွဲချက်များကို ငြင်းဆိုခဲ့သည်။
လစ်ဗျားတွင် ရုရှားစစ်သားများစေလွှတ်ထားခြင်းမရှိဟု ရုရှားအစိုးရက ငြင်းဆိုခဲ့သော်လည်း အာဖရိကမြောက်ပိုင်းနိုင်ငံတွင် တိုက်ခိုက်ရေး ဂျက်လေယာဉ်များအပါအဝင် ရုရှားအကြီးစား စစ်လက်နက်များရှိကြောင်း အာဒိုဂန်က ပြောကြားခဲ့သည်။
လစ်ဗျားတွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုရှိရေးကို အထောက်အကူပြုရန် အမေရိကန်နှင့် တူရကီတို့၏ ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်လုပ်ဆောင်ရန် အာဒိုဂန်နှင့် ထရန့်က သဘောတူညီခဲ့ကြောင်း တူရကီသမ္မတရုံးက ဇွန် ၈ ရက် အစောပိုင်းတွင် ထုတ်ပြန်ခဲ့သည်။
တူရကီသည် GNA အတွက် ဒရုန်းများ၊ လေကြောင်းကာကွယ်ရေးစနစ်များအပြင် ပြီးခဲ့သည့်နှစ် ဧပြီမှစပြီး ထရီပိုလီကို သိမ်းပိုက်ရန် ထိုးစစ်ဆင်နေသည့် ဟက်ဖ်တာ၏ တပ်ဖွဲ့ဝင်များကို ပြီးခဲ့သည့် သီတင်းပတ်တွင် စစ်မြေပြင်တွင် အကျပ်တွေ့ခဲ့သည့် တိုက်ခိုက်မှုများကို ကူညီပေးခဲ့သည်။
တိုးတက်မှုများတွင် ဟက်ဖ်တာသည် မကြာမီအချိန်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှ ဖယ်ထုတ်ခံရနိုင်သည်ဟု ပြသခဲ့ကြောင်းလည်း အာဒိုဂန်က အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။
GNA တပ်ဖွဲ့ဝင်များသည် ၎င်း၏ ပြိုင်ဘက်ဖြစ်သောဟက်ဖ်တာထံမှ နိုင်ငံတစ်ခုလုံးကို သိမ်းပိုက်ရန် ဆုံးဖြတ်ချက်ချထားကြောင်း လစ်ဗျားဝန်ကြီးချုပ် Fayezal- Sarraaj က ပြီးခဲ့သည့် သီတင်းပတ်တွင် တူရကီ၌ ပြောကြားခဲ့သည်။
လစ်ဗျားနိုင်ငံသို့ လက်နက်များ စီးဆင်းမှုကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက ပြီးခဲ့သည့်လတွင် ပြောကြားခဲ့ပြီး Sarraj နှင့် ဖုန်းဖြင့် စကားပြောဆိုစဉ်အတွင်း အပစ်အခတ်ရပ်စဲရေးအတွက် တိုက်တွန်းခဲ့သည်။
ကာလကြာအုပ်ချုပ်ခဲ့သည့် အာဏာရှင် ကဒါဖီကို ၂၀၁၁ ခုနှစ်တွင် ဖြုတ်ချခဲ့ပြီးနောက် လစ်ဗျားတွင် မတည်ငြိမ်မှုများ ဖြစ်ပွားခဲ့သည်။ နောက်ဆုံးဖြစ်ပွားသည့် ပဋိပက္ခသည် ပြီးခဲ့သည့်နှစ်တွင် တူရကီက လစ်ဗျား၏ GNA အစိုးရနှင့် လုံံခြုံရေးနှင့် ပင်လယ်ရေကြောင်းဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆိုခဲ့ပြီးနောက် စတင်ခဲ့ခြင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
