ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကြောင့် စီးပွားရေးကို ရိုက်ခတ်မှု ကြီးမားခဲ့ပြီး ကမ္ဘာ့စီးပွားရေးသည် ၁၈၇၀ ပြည့်နှစ် နောက်ပိုင်း အဆိုးဆုံး ပြိုလဲမှုနှင့် ကြုံရနိုင်ကြောင်း ကမ္ဘာ့ဘဏ်က ဇွန် ၈ တွင် ပြောကြားခဲ့သည်။
ကမ္ဘာ့စီးပွားရေးသည် ယခုနှစ်တွင် ၅.၂ ရာခိုင်နှုန်း ကျဆင်းသွားပြီး နှစ် ၈၀ အတွင်း အဆိုးဆုံး ကျဆင်းမှု ဖြစ်နိုင်ကြောင်း၊ စီးပွားရေး ကျဆင်းမှုကို ကြုံနေရသော နိုင်ငံအရေအတွက်များပြားမှုကြောင့် စီးပွားကျကပ်သည် နှစ် ၁၅၀ အတွင်း အဆိုးဆုံး ဖြစ်နိုင်ကြောင်း Global Economics Prospects အစီရင်ခံစာတွင် ကမ္ဘာ့ဘဏ်က ပြောကြားခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်ပေါ်ခဲ့သော စီးပွားရေး အကျပ်အတည်းသည် ကာလရှည်ကြာနိုင်ပြီး ကမ္ဘာအတွက် စိန်ခေါ်မှုကြီးတစ်ရပ် ဖြစ်လာနိုင်ကြောင်း ကမ္ဘာ့ဘဏ်၏ ဒုဥက္ကဋ္ဌတစ်ဦးဖြစ်သူ စေလာပါဇာဘာစီ အိုဂလူက ပြောကြားခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးသည် လူသန်း ၇၀ မှ ၁၀၀ အထိကို အလွန်အမင်းဆင်းရဲမွဲတေမှုသို့ ကျဆင်းသွားစေခဲ့ပြီး ယခင်ခန့်မှန်းထားသည့် သန်း ၆၀ ထက် ပိုများနေခဲ့ကြောင်း ပါဇာဘာစီ အိုဂလူက ပြောကြားခဲ့သည်။
ကမ္ဘာ့စီးပွားရေးသည် ၂၀၂၁ ခုနှစ်တွင် ပြန်လည်ဦးမော့လာမည်ဟု ၀ါရှင်တန်အခြေစိုက် ကမ္ဘာ့ဘဏ်က ပြောကြားခဲ့ပြီး ဗိုင်းရပ်စ်ကူးစက်မှု ဒုတိယအကျော့လှိုင်းက စီးပွားရေးပြန်လည်နာလန်ထူမှု အလားအလာကို ထိခိုက်နိုင်ကြောင်း သတိပေးခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေး၏ သက်ရောက်မှုကို တိုင်းတာရန် စီးပွားရေးပညာရှင်များက တွက်ချက်နေကြပြီး သက်ရောက်မှု အတိုင်းအတာ ကြီးမားမှုက တွက်ချက်ရန် ခက်ခဲစေခဲ့သည့်အပြင် ပြန်လည်ဦးမော့မှုနှင့် ပတ်သက်ပြီး ခန့်မှန်းချက်များကိုလည်း မရေမရာဖြစ်စေသည်။
အဆိုးဆုံးအခြေအနေတွင် ကမ္ဘာ့စီးပွား ကျဆင်းမှုသည် ၈ ရာခိုင်နှုန်းအထိ ရှိနိုင်ကြောင်း ကမ္ဘာ့ဘဏ်၏ Global Economics Prospects အစီရင်ခံစာက ပြောကြားခဲ့သည်။
ယခုနှစ်တွင် တရုတ်တစ်နိုင်ငံတည်းသာ စီးပွားရေး အသင့်အတင့် တိုးတက်မှု ရရှိနိုင်ပြီး တရုတ်စီးပွားရေး နှေးကွေးမှုက ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ပြန်လည်နာလန်ထူမှုကို သက်ရောက်နိုင်ကြောင်း ကမ္ဘာ့ဘဏ်က သတိပေးခဲ့သည်။
တရုတ်သည် ၂၀၂၀ ပြည့်တွင် ဂျီဒီပီ ၁ ရာခိုင်နှုန်း တိုးတက်မည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းခဲ့ပြီး အမေရိကန်က ၆.၁ ရာခိုင်နှုန်း ကျဆင်းမည်ဟု ခန့်မှန်းခဲ့သည်။
ယူရိုဇုန်က ၉.၁ ရာခိုင်နှုန်း၊ ဂျပန်က ၆.၁ ရာခိုင်နှုန်း၊ ဘရာဇီးက ၈ ရာခိုင်နှုန်း၊ မက္ကဆီကိုက ၇.၅ ရာခိုင်နှုန်း၊ အိန္ဒိယက ၃.၂ ရာခိုင်နှုန်း အသီးသီးကျဆင်းမည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းခဲ့သည်။ စီးပွားရေးထိခိုက်မှုသည် ပို၍ဆိုးရွားနိုင်ပြီး ခန့်မှန်းမှုများကို ထပ်မံပြင်ဆင်ရနိုင်ကြောင်း ကမ္ဘာ့ဘဏ်က သတိပေးခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် စီးပွားရေးကို သက်ရောက်မှုသည် ကြီးမားသော်လည်း လက်ရှိခန့်မှန်းမှုများသည် ၁၉၃၀ - ၃၂ ကမ္ဘာ့စီးပွားပျက်ကပ်ကာလက ကမ္ဘာ့စီးပွားရေး ကျဆင်းမှုကို မမီသေးပေ။ ထိုစဉ်က ကမ္ဘာ့စီးပွားရေးသည် ၁၄.၅ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သည်။ ၁၉၄၅ - ၄၆ စစ်ပွဲလွန်ကာလက ကမ္ဘာ့စီးပွားရေးသည် ၁၃.၈ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သည်ဟု ကမ္ဘာ့ဘဏ်က ဆိုခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးသည် ခန့်မှန်းရန် မရေမရေ ဖြစ်နေဆဲ အခြေအနေ၌ ရှိနေပြီး ကမ္ဘာ့စီးပွားရေးသည် ၈ ရာခိုင်နှုန်းအထိ ကျဆင်းနိုင်သည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသည်။
၂၀၂၁ ခုနှစ်တွင် ကမ္ဘာ့စီးပွားရေး ပြန်လည်နာလန်ထူပြီး ၄.၂ ရာခိုင်နှုန်း တိုးတက်ခဲ့လျှင်လည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် စီးပွားရေးကျဆင်းမှုသည် နိုင်ငံအများအပြား၌ နှစ်ချီ၍ သက်ရောက်နေမည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာက ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
