ပါကစ္စတန်တွင် ကိုရိုနာဗိုင်းရပ်စ်ကူး စက်ခံရသူ ၁၀၀၀၀၀ ကျော်ရှိလာပြီဟု ကျန်းမာရေးအာဏာပိုင်များက ဇွန် ၈ ရက်တွင် ပြောကြားခဲ့စဉ် ဆေးရုံများ၌ လူနာများကို ကုသရန် ခုတင်များ လုံလောက်မှုမရှိတော့ဟု ဆရာဝန်များက သတိပေးခဲ့သည်။
ပါကစ္စတန်နှင့် အိမ်နီးချင်း အိန္ဒိယနှင့် အာဖဂန်နစ္စတန်နိုင်ငံတို့တွင် ဗိုင်းရပ်စ်ကြောင့် သေဆုံးမှုသည် အနောက်နိုင်ငံများထက် နည်းပါးသော်လည်း စစ်ဆေးမှုနည်းပါးခြင်း (သို့မဟုတ်) ကျေးလက်ဒေသများတွင် ထုတ်ပြန်မှု၌ အမှန်တကယ်ဖြစ်ပေါ်သည့် ကိန်းဂဏန်းများကို ဖုံးကွယ်ထားခြင်းတို့ ရှိနိုင်သည်ဟု ပညာရှင်များက သတိပေးခဲ့သည်။
လူဦးရေ သန်း ၂၁၀ ကျော်ရှိသည့် ပါကစ္စတန်နိုင်ငံတွင် ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ဗိုင်းရပ်စ်ကူးစက်မှုသစ် သိသိသာသာမြင့်တက်ခဲ့ပြီး ယခုအခါ ဗိုင်းရပ်စ်ကူးစက်ခံရသူ စုစုပေါင်း ၁၀၀၀၀၀ ကျော်နှင့် သေဆုံးသူ ၂၀၀၀ ရှိလာပြီဟု အစိုးရက ဇွန် ၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ပြီးခဲ့သည့် ၁၀ ရက်အတွင်း နေ့စဉ်စစ်ဆေးသည့်အရေ အတွက် ၂၃၀၀၀ ရှိခဲ့ပြီး ငါးဦးလျှင် တစ်ဦးသည် ဗိုင်းရပ်စ်ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။ မေ ၉ ရက်တွင် Lockdown ချမှုများ မရုပ်သိမ်းမီတွင် ဗိုင်းရပ်စစ်ဆေးမှုတွင် ၁၀ ဦးလျှင် တစ်ဦးသာ တွေ့ရှိခဲ့သည်ဟု အစိုးရထုတ်ပြန်သည့် စာရင်းများတွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် သီတင်းပတ်တွင် ပေါက်ကြားခဲ့သည့် အစိုးရအစီရင်ခံစာတစ်ခုတွင် လာဟိုးမြို့ တစ်မြို့တည်းမှာပင် ဗိုင်းရပ်စ်ကူးစက်ခံရသူ ၇၀၀၀၀၀ ခန့်ရှိသည်ဟု ဖော်ပြထားသည်။
အရှေ့ဘက်ရှိ သမိုင်းဝင်မြို့ လာဟိုးရှိ ဆေးရုံများမှ ဆရာဝန်များက လူနာများကို ကုသပေးရန် ခုတင်များ၊ အသက်ရှူစက်များနှင့် အခြားအရေးပါသည့် ကိရိယာများ လုံလောက်မှုမရှိတော့ဟု ပြောကြားခဲ့သည်။
“ဗိုင်းရပ်စ်ကူးစက်မှု မြင့်တက်လာတဲ့အတွက် လူနာတွေကို ကုသပေးဖို့ ကျန်းမာရေးစောင့်ရှောက်မှု ဝန်ထမ်းတွေ နည်းပါးလာပြီ” ဟု လာဟိုးဆေးရုံမှ ဆရာဝန် Farooq Sahil က ပြောကြားခဲ့သည်။
ပန်ဂျပ်ပြည်နယ်တစ်ဝန်းရှိ ဆေးရုံများ တွင် အကူအညီလိုအပ်နေသည်ဟု ပန်ဂျပ်လူငယ်ဆရာဝန်များအသင်း၏ ဥက္ကဋ္ဌ Khizer Hayat က ပြောကြားခဲ့သည်။
“ဆေးရုံတွေမှာ ခုတင်တွေပြည့်နေပြီ။ ကျွန်တော်တို့ကို ပေးထားတဲ့ အသက်ရှူစက်တွေလည်း မလုံလောက်တော့ဘူး” ဟု ၎င်းက အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။
တောင်ပိုင်းဆိပ်ကမ်းမြို့ ကရာချိရှိ Indus ဆေးရုံ၏ ဝင်ပေါက်အနီးတွင် ကိုရိုနာဗိုင်းရပ်စ်လူနာများအတွက် အခန်းမရှိတော့ဟု ရေးသားထားသည့် ဆိုင်းဘုတ်တစ်ခုကို ဖော်ပြထားပြီး ကျန်းမာရေးစင်တာများတွင်လည်း ဖျားနာသူများကို လက်မခံတော့ပေ။
ဗိုင်းရပ်စ်ကူးစက်မှုသည် ဇူလိုင်နှောင်းပိုင်းတွင် အထွတ်အထိပ်ရောက်ပြီး နောက်ပိုင်းတွင် တဖြည်းဖြည်းကျဆင်းမည်ဟု ခန့် မှန်းထားကြောင်း ဝန်ကြီးချုပ် အီမရန်ခန်းက ဇွန် ၈ ရက်တွင် ပြောကြားခဲ့သည်။
ခန်းက စီးပွားရေးလုပ်ငန်းများကို ကာကွယ်ရန်အတွက် နိုင်ငံတစ်ဝန်းပိတ်ဆို့မှုကို တိုက်တွန်းရန် ဝန်လေးနေမှုနှင့်အတူ ပါကစ္စတန်၏ Lockdown မူဝါဒသည် စင်းလုံးချောမဟုတ်သော်လည်း အသင့်လျော်ဆုံး အခြေအနေဖြစ်ခဲ့သည်။
ဆေးရုံများဖိစီးမှုဖြစ်နေသည်ကို သက်သာရာရစေမည့်အစီအစဉ်တစ်ခုကို အတည်ပြုခဲ့ပြီးဖြစ်ကြောင်းနှင့် ယင်းအစီအစဉ်တွင် မြို့ကြီးများအတွက် ခုတင်အသစ် ၁၀၀၀ ပါဝင်မည်ဖြစ်ကြောင်း ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ရေးအထူး လုပ်ငန်းအဖွဲ့၏ ဥက္ကဋ္ဌ Asad Umar က ပြောကြားခဲ့သည်။
အနောက်တောင်ပိုင်း Balochistan ပြည်နယ်တွင် အခြေအနေသည် စိုးရိမ်ရကြောင်း၊ တာဝန်ရှိသူများသည် ယင်းအခြေအနေကို ကိုင်တွယ်ဖြေရှင်းရန် အပြင်းအထန် ကြိုးစားနေကြောင်း အစိုးရပြောခွင့်ရပုဂ္ဂိုလ် Liaqat Shahwani က ပြောကြားခဲ့သည်။
ပါကစ္စတန်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု မြင့်တက်နေသော်လည်း စီးပွားရေးအကျပ်အတည်းနှင့် အလုပ်လက်မဲ့ဖြစ်မှုအခြေအနေကို ပိုမိုဆိုးရွားစေသည့် Lockdown ချထားမှုများကို ရုပ်သိမ်းရန် မေ ၉ ရက် ဆုံးဖြတ်ခဲ့သည်။
ပါကစ္စတန်သည် ကိုရိုနာဗိုင်းရပ်စ်ကူး စက်ခံရသူ ၁၀၀၀၀၀ ကျော်ရှိသည့် ၁၆ ခု မြောက်နိုင်ငံဖြစ်ကြောင်း ရိုက်စ်တာက ပြုစုခဲ့သည့် စာရင်းအရ သိရသည်။ နိုင်ငံအတွင်း ဗိုင်းရပ်စ်ကူးစက်မှုသည် ယခုအချိန်ထိ အထွတ်အထိပ် မရောက်သေးဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
