တောင်ကိုရီးယားနှင့် တရားဝင်ဆက်သွယ်ထားသော အရေးပေါ် တယ်လီဖုန်းလိုင်းများအားလုံးကို ဖြတ်တောက်မည်ဖြစ်ကြောင်း မြောက်ကိုရီးယားက ဇွန် ၉ ရက်တွင် ထုတ်ပြန်ခဲ့ရာ ယင်းလုပ်ဆောင်မှုသည် ကိုရီးယားကျွန်းဆွယ်အရေးတွင် ပဋိပက္ခ ဖြစ်ပွားစေရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ယူဆရကြောင်း လေ့လာသုံးသပ်သူများက ဆိုသည်။
နှစ်နိုင်ငံနယ်စပ်မှနေ၍ မြောက်ကိုရီးယားနယ်နိမိတ်ဘက်ခြမ်းသို့ မြောက်ကိုရီးယားအစိုးရအဖွဲ့ ဆန့်ကျင်ရေးလက်ကမ်းစာစောင်များ ကြဲချနေသည့်ကိစ္စနှင့်ပတ်သက်၍ ပြီးခဲ့သည့်သီတင်းပတ်တွင် မြောက်ကိုရီးယားက တောင်ကိုရီးယားအား ခါးခါးသီးသီး စွပ်စွဲပြစ်တင်ခဲ့ပြီး ယင်းလုပ်ရပ်များ မရပ်တန့်ပါက နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးရုံးနှင့် စီမံကိန်းများကို ရပ်ဆိုင်းပစ်မည်ဟု ခြိမ်းခြောက်ခဲ့သည်။
တောင်-မြောက် ကိုရီးယားနှစ်နိုင်ငံအကြား ဆက်သွယ်ထားသော ပူးပေါင်းဆောင်ရွက်ရေးရုံးဖုန်းလိုင်းအပြင် နှစ်နိုင်ငံ စစ်တပ်အကြား အရေးပေါ်ဆက်သွယ်ရေးလိုင်းများ၊ မြောက်ကိုရီးယား၏အာဏာရ အလုပ်သမား ပါတီရုံးချုပ်နှင့် တောင်ကိုရီးယားသမ္မတရုံးအကြား ဆက်သွယ်ရေးလိုင်းကို ဇွန် ၉ ရက် မွန်းလွဲပိုင်းတွင် ပြုံယမ်းက ဖြတ်တောက်ပစ်မည်ဖြစ်ကြောင်း KCNA သတင်းဌာနက ထုတ်ပြန်ခဲ့သည်။
မြောက်ကိုရီးယားသို့ အရေးပေါ် တယ်လီဖုန်းလိုင်းဖြင့် ဆက်သွယ်ရာတွင် တစ်ဖက်မှ ဖုန်းလက်ခံဖြေကြားခြင်း မရှိဟု တောင်ကိုရီးယား၏ ပေါင်းစည်းရေးဝန်ကြီးဌာနက ဆိုသည်။
နှစ်နိုင်ငံအကြား ဆက်သွယ်ရေးလိုင်းများအား ဖြတ်တောက်ပစ်ရန် ဆုံးဖြတ်ချက်ကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်၏ညီမ ကင်ယိုဂျောင်နှင့် အာဏာရအလုပ်သမားပါတီ၏ ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ကင်ယုံချိုတို့က ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း KCNA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားရာ မြောက်ကိုရီးယားအစိုးရအဖွဲ့အတွင်း ကင်ဂျုံအွန်၏ ညီမဖြစ်သူ ကင်ယိုဂျောင်၏ အာဏာထက်လာမှုကို ရှင်းရှင်းလင်းလင်း ပြသလိုက်ခြင်းဖြစ်သည်ဟု ခန့်မှန်းရသည်။
တောင်ကိုရီးယားနှင့် ချုပ်ဆိုထားသော စစ်ရေးသဘောတူစာချုပ်ကို ဖျက်သိမ်းပစ်မည်ဖြစ်ပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး ရုံးကိုပိတ်ပစ်မည်ဟုလည်း ကင်ယိုဂျောင်က ပြီးခဲ့သည့်သီတင်းပတ်တွင် ခြိမ်းခြောက်ခဲ့သည်။
ကင်ဂျုံအွန်၏ နျူကလီးယားလက်နက် အစီအစဉ်များနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများအား ဝေဖန်ထားသော စာစောင်များကို ပူဖောင်းများ၊ ပုလင်းများထဲတွင် ထည့်သွင်း၍ နိုင်ငံ့နယ်နိမိတ်ဘက်ခြမ်းသို့ လွှတ်တင်၍ ကြဲချနေသည့် မြောက်ကိုရီးယား ပြည်ပြေးများကို မနှစ်မြို့စရာကောင်းသော တေလေကြမ်းပိုးများဟု သုံးနှုန်းလျက် ဇွန် ၉ ရက် ထုတ်ပြန်ကြေညာချက်တွင် အကြိမ်ကြိမ် ပြစ်တင်ရှုတ်ချထားကာ ထိုပြည်ပြေးများ၏ လုပ်ရပ်အတွင်း တောင်ကိုရီးယားပါဝင်ပတ်သက်နေသည်ဟုလည်း စွပ်စွဲထားသည်။
သစ္စာဖောက်သော၊ ဉာဏ်နီဉာဏ်နက်များသော တောင်ကိုရီးယားအာဏာပိုင်များ၏ အပြုအမူကို မြောက်ကိုရီးယားပြည်သူများက ဒေါသထွက်နေကြပြီး ထိုအာဏာပိုင်များကြောင့် မိမိတို့တွင် ဖြေရှင်းစရာကိစ္စရပ် အများအပြား ကျန်ရှိနေသေးသည်ဟု KCNA သတင်းတွင် ဖော်ပြထားသည်။
နိုင်ငံ့နယ်နိမိတ်တွင်းသို့ လက်ကမ်းစာစောင်များ ပစ်လွှတ်မှုသည် မြောက်ကိုရီးယားပြည်သူအားလုံးအပေါ် ရန်လိုစိတ်ထားနေသည့် အသွင်ထွက်နေကြောင်း၊ မိမိတို့ကို စိတ်ပျက်အောင် လုပ်ဆောင်နေသော တောင်ကိုရီးယား အာဏာပိုင်များနှင့် မျက်နှာချင်းဆိုင် ညှိနှိုင်းဆွေးနွေးစရာ အကြောင်းမရှိဟု အချုပ်အားဖြင့် ဖော်ပြလိုကြောင်း KCNA သတင်းဌာနက ထုတ်ပြန်ခဲ့သည်။
နှစ်နိုင်ငံဆက်သွယ်ရေးလိုင်းများကို ဖြတ်တောက်ခြင်းသည် တောင်ကိုရီးယားအပေါ် ဖိအားထပ်တိုးရန် ပြုံယမ်း၏ မဟာဗျူဟာအရှိန်မြင့်လာခြင်းကို အချက်ပြနေခြင်းဖြစ်သည်ဟု လေ့လာသုံးသပ်သူများက ဆိုသည်။
မြောက်ကိုရီးယား၏ တရားဝင် ထုတ်ပြန်ကြေညာချက်များသည် လွန်ခဲ့သည့် နှစ်နှစ်အတွင်း တောင်-မြောက်ကိုရီးယားနှစ်နိုင်ငံအကြား ပျော့ပျောင်းလာသည့် ဆက်ဆံရေးအခြေအနေအတွက် အဟန့်အတား တစ်ခုသဖွယ်ဖြစ်နေသည်။ ကိုရီးယားနှစ်နိုင်ငံသည် ၁၉၅၀-၁၉၅၃ ကိုရီးယားစစ်ပွဲကို ငြိမ်းချမ်းရေး သဘောတူစာချုပ်ဖြင့် ရပ်ဆိုင်းရမည့်အစား စစ်ရပ်စဲရေး သဘောတူစာချုပ်ချုပ်ဆိုခြင်းဖြင့် ရပ်ဆိုင်းခဲ့ခြင်းကြောင့် ထိုနှစ်နိုင်ငံမှာ သဘောတရားအရ စစ်မက်ဖြစ်ပွားနေဆဲအခြေအနေတွင် ရှိနေသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
