ဘရာဇီးနှင့် အိန္ဒိယနိုင်ငံတို့တွင် ဗိုင်းရပ်စ်ကူးစက်မှု အရေအတွက် မြင့်တက်လာသောကြောင့် ကမ္ဘာတစ်ဝန်းတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ အရေအတွက်သည် ၄၀၀,၀၀၀ ကျော်အထိ မြင့်တက်လာသည်ဟု ရိုက်စ်တာသတင်းဌာနက ပြုစုထားသည့် စာရင်းများအရ သိရသည်။
သေဆုံးမှုအားလုံး၏ လေးပုံတစ်ပုံခန့်သည် အမေရိကန်မှ ဖြစ်သော်လည်း တောင်အမေရိကတွင် သေဆုံးမှု အရေအတွက်သည်လည်း တစ်ဟုန်ထိုး မြင့်တက်လာသည်။
ငါးလခန့်အတွင်း COVID-19 နှင့် ဆက်စပ်ပြီး သေဆုံးသည့် အရေအတွက်သည် ကမ္ဘာတွင် လူသေဆုံးမှု အများဆုံး ကူးစက်ရောဂါတစ်ခုဖြစ်သည့် ငှက်ဖျားရောဂါကြောင့် နှစ်စဉ် သေဆုံးသည့် အရေအတွက်နှင့် ယခုအခါ တန်းတူဖြစ်လာပြီ ဖြစ်သည်။
ကမ္ဘာတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသည့် အရေအတွက်သည် ခုနစ်သန်းနီးပါးရှိလာပြီး ယင်းတို့အနက် နှစ်သန်း (သို့မဟုတ်) ၃၀ ရာခိုင်နှုန်းခန့်သည် အမေရိကန်မှ ဖြစ်သည်။ လက်တင် အမေရိကသည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ဒုတိယအများဆုံးဖြစ်ပြီး စုစုပေါင်း ဗိုင်းရပ်စ်ကူးစက်မှု အရေအတွက်၏ ၁၅ ရာခိုင်နှုန်းရှိကြောင်း ရိုက်စ်တာ က ဖော်ပြခဲ့သည်။
COVID-19 ကြောင့် တရုတ်နိုင်ငံ၊ ဝူဟန်မြို့တွင် ပထမဆုံး လူသေဆုံးခဲ့ကြောင်း ဇန်နဝါရီ ၁၀ တွင် ထုတ်ပြန်ခဲ့ပြီးနောက် ဧပြီအစောပိုင်း ယင်းရောဂါကြောင့် ကမ္ဘာတစ်ဝန်းတွင် သေဆုံးသည့် အရေအတွက် ၁၀၀,၀၀၀ ကျော်ရှိလာခဲ့ကြောင်း အစိုးရများက ထုတ်ပြန်သည့် တရားဝင် အစီရင်ခံစာများကို အခြေခံထားသည့် ရိုက်စ်တာ၏ စာရင်းများအရ သိရသည်။ COVID-19 ကြောင့် သေဆုံးသူ အရေအတွက်သည် ၂၄ ရက်အတွင်း ၃၀၀,၀၀၀ မှ ၄၀၀,၀၀၀ အထိ မြင့်တက်လာခဲ့သည်။
အမေရိကန်သည် ကမ္ဘာတွင် COVID-19 ကြောင့် သေဆုံးမှု အမြင့်ဆုံးနိုင်ငံဖြစ်ပြီး သေဆုံးသူ အရေအတွက် ၁၁၀,၀၀၀ နီးပါး ရှိလာပြီဖြစ်သည်။ ဘရာဇီးတွင် သေဆုံးသည့် အရေအတွက်သည် တစ်ရှိန်ထိုး မြင့်တက်လာပြီး ဗြိတိန်ကို ကျော်တက်ကာ ကမ္ဘာတွင် ဗိုင်းရပ်စ်ကြောင့် သေဆုံးမှု ဒုတိယအများဆုံးနိုင်ငံ ဖြစ်လာနိုင်ခြေ ရှိသည်။
နိုင်ငံအများစုသည် သံသယရှိသည့် လူနာအားလုံးကို စစ်ဆေးရန်အတွက် ထောက်ပံ့ပေးမှု မရှိခြင်းနှင့် အချို့နိုင်ငံများက ဆေးရုံပြင်ပတွင် သေဆုံးမှုများကို ထည့်တွက်ခြင်း မရှိသောကြောင့် အမှန်တကယ် သေဆုံးသည့် စုစုပေါင်း အရေအတွက်သည် တရားဝင် ထုတ်ပြန်သည့် ၄၀၀,၀၀၀ ထက် ပိုမိုမြင့်မားနိုင်သည်ဟု ယူဆရသည်။
■ ဆော်ဒီတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၀၀,၀၀၀ ကျော် ရှိလာ
ဆော်ဒီအာရေဗျတွင် ပြီးခဲ့သည့် ၁၀ ရက်အတွင်း ဗိုင်းရပ်စ်ကူးစက်မှုသစ် မြင့်တက်လာခဲ့ပြီးနောက် ဇွန် ၇ ရက်တွင် ဗိုင်းရပ်စ် ကူးစက်ခံရသည့် အရေအတွက် စုစုပေါင်း ၁၀၀,၀၀၀ ကျော် ရှိလာပြီဖြစ်သည်။
ဇွန် ၇ ရက်တွင် ဗိုင်းရပ်စ်ကူးစက်မှုသစ် ၃,၀၄၅ ဦး ရှိလာပြီး စုစုပေါင်း ဗိုင်းရပ်စ်ကူးစက်ခံရသူ ဦးရေ ၁၀၁,၉၁၄ ဦးနှင့် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၇၁၂ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
လူဦးရေ သန်း ၃၀ ကျော်ရှိသည့် ဆော်ဒီအာရေဗျတွင် ပထမဆုံး COVID-19 ရောဂါ ကူးစက်မှုကို မတ် ၂ ရက်တွင် အတည်ပြုခဲ့သည်။ ဆော်ဒီအာရေဗျတွင် ဗိုင်းရပ်စ်ကူးစက်မှု အရေအတွက်သည် နောက်ဆုံးတွင် ၁၀,၀၀၀ နှင့် ၂၀၀,၀၀၀ အတွင်းရှိနိုင်သည်ဟု ကျန်းမာရေးအာဏာပိုင်များက ဧပြီတွင် ပြောကြားခဲ့သည်။ မေ ၁၆ ရက်တွင် ဗိုင်းရပ်စ်ကူးစက်မှု အရေအတွက်သည် ၅၀,၀၀၀ ကျော်အထိ မြင့်တက်ခဲ့သည်။ ဆော်ဒီအာရေဗျ၏ ဗိုင်းရပ်စ်ကူးစက်မှု အရေအတွက်သည် ပင်လယ်ကွေ့ ခြောက်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးကောင်စီ (GCC) တွင် အမြင့်ဆုံးဖြစ်သည်။ GCC ခြောက်နိုင်ငံတွင် ဗိုင်းရပ်စ် ကူးစက်ခံရသူ ၂၇၂,၆၂၅ ဦးနှင့် သေဆုံးသူ ၁,၄၀၆ ဦး ရှိသည်။
ရေနံထုတ်လုပ်သည့် ဒေသတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများသည် ကနဦးတွင် ခရီးသွားလာမှုများနှင့် ဆက်စပ်ပြီး ဖြစ်ပွားခဲ့သည်။ ပင်လယ်ကွေ့ နိုင်ငံများတွင် ဗိုင်းရပ်စ်ထိန်းချုပ်ရန် အစောပိုင်း စီမံချက်များကို လုပ်ဆောင်ခဲ့သော်လည်း ပြည့်ကျပ်နေသော အစုအတန်းများတွင် နေထိုင်ရသည့် ဝင်ငွေနိမ့် ရွှေ့ပြောင်း အလုပ်သမားများအကြား ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု ဖြစ်ပွားမှုကြောင့် အာဏာပိုင်များက စစ်ဆေးမှုကို အရှိန်မြှင့်တင်ခဲ့ရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
