COVID-19 ကပ်ရောဂါကူးစက်ပြန့်ပွားမှုနှင့် Lockdown ချမှုများကြောင့် ရေနံစျေးထိုးကျနေမှုကို ကယ်တင်ရန်အတွက် ရေနံထုတ်လုပ်သည့်နိုင်ငံများအဖွဲ့ (OPEC) နှင့် ရေနံအဓိကထုတ်လုပ်သည့် အခြားသော မဟာမိတ်နိုင်ငံများက ရေနံထုတ်လုပ်မှု ပမာဏ စံချိန်တင်လျှော့ချခြင်းကို ဇူလိုင်လကုန်အထိ တိုးမြှင့်လုပ်ဆောင်ရန် ဇွန် ၆ ရက်တွင် သဘောတူခဲ့ကြသည်။
အဖွဲ့ဝင် ၁၃ နိုင်ငံ ပါဝင်သော OPEC နှင့် ရုရှားအပါအဝင် အခြားသော ရေနံထုတ်လုပ်သည့် မဟာမိတ်နိုင်ငံများ (OPEC+ ဟု အသိများ) သည် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပြိုလဲခဲ့သော ရေနံစျေးကို ပြန်လည် ဦးမော့လာစေရန်အတွက် ရေနံထုတ်လုပ်မှုကို မေလနှင့် ဇွန်လတွင် လျှော့ချရန် ပြီးခဲ့သည့် ဧပြီ၌ ကနဦး သဘောတူထားခဲ့ပြီး ယင်းသို့ လျှော့ချခြင်းကို ဇူလိုင်လအကုန်အထိ တိုးမြှင့်လုပ်ဆောင်ရန် ဇွန် ၆ ရက်တွင် ကျင်းပသော OPEC+ အဖွဲ့ဝင်နိုင်ငံဝန်ကြီးများ၏ ဗီဒီယိုဖြင့် ဆက်သွယ်ဆွေးနွေးမှုအတွင်း သဘောတူခဲ့ကြခြင်းဖြစ်သည်။
ဧပြီသဘောတူညီချက်ပါ သတ်မှတ်ချက်များအရ OPEC+ အဖွဲ့သည် မေ ၁ ရက်မှ ဇွန်လကုန်အထိ တစ်နေ့လျှင် ရေနံစည် ၉.၇ သန်း လျှော့ချထုတ်လုပ်ရန် ကတိပြုခဲ့ကြသည်။ ထိုသို့ ရေနံစည် လျှော့ချထုတ်လုပ်မှုများကို ဇူလိုင်လမှစတင်၍ တဖြည်းဖြည်းချင်း ဖြေလျှော့ပေးနိုင်ဖွယ်ရှိပြီး ဒီဇင်ဘာလမတိုင်မီအထိ တစ်နေ့လျှင် ရေနံစည် ၇.၇ သန်း လျှော့ချထုတ်လုပ်နိုင်ဖွယ်ရှိသည်။
OPEC အဖွဲ့သည် ဇူလိုင်အတွက် ရေနံထုတ်လုပ်မှုကို တစ်နေ့လျှင် ရေနံစည် ၉.၆ သန်းလျှော့ချထုတ်လုပ်မည်ဟု သဘောတူခဲ့ကြောင်း၊ ယင်းပမာဏသည် တစ်နေ့လျှင် ရေနံစည် ၉.၇ သန်းလျှော့ချခဲ့သော မေ၊ ဇွန်လနှင့်ယှဉ်ပါက အနည်းငယ် လျော့နည်း သွားခြင်းဖြစ်ကြောင်း၊ သဘောတူညီချက်ကို ချင့်ချိန်ဆုံးဖြတ်ရန်အတွက် ရေနံအဓိက ထုတ်လုပ်သည့်နိုင်ငံများမှ ရေနံဝန်ကြီးဌာန ဝန်ကြီးများနှင့် လစဉ်ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း OPEC အဖွဲ့၏ အလှည့်ကျဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်နေသော အယ်ဂျီးရီးယား ရေနံဝန်ကြီး မိုဟာမက်အာကက်ဘ်က ပြောကြားခဲ့သည်။
အခက်အခဲများ ကြုံတွေ့နေရသော်လည်း ရေနံထုတ်လုပ်မှုလျှော့ချခြင်းသည် ရေနံစျေးမြင့်တက်စေရန် အထောက်အကူပြုခဲ့ကာ ဧပြီလတွင် တစ်စည်လျှင် ဒေါ်လာ ၂၀ အောက်သာ ရှိခဲ့သော ရေနံစိမ်းစျေးနှုန်းသည် သုံးလအတွင်း စျေးနှုန်းမြင့်တက်လာမှုအဖြစ် ဇွန် ၅ ရက်တွင် ရေနံစိမ်းတစ်စည်လျှင် ၄၂ ဒေါ်လာအထက်သို့ ရောက်ရှိခဲ့သည်။
ဇွန် ၈ ရက်မှစ၍ ရေနံစျေးနှုန်းများ ခိုင်မာလာမည်ဟု ခန့်မှန်းရကြောင်း Rystad Energy မှ ဂျော်နာတွန်ဟာဂျင်က ဆိုသည်။
ဆော်ဒီအာရေဗျနှင့်ရုရှားသည် ၎င်းတို့၏ ဘတ်ဂျက်လိုအပ်မှုကို ဖြည့်ဆည်းရန်အတွက် ရေနံစျေး မြင့်တက်လာစေရန် ဟန်ချက်ညီညီ ဆောင်ရွက်ရလိမ့်မည်ဖြစ်သည်။
မေလအတွင်း အီရတ်သည် တစ်နေ့လျှင် ရေနံစည် ၅၂၀,၀၀၀၊ နိုင်ဂျီးရီးယားသည် တစ်နေ့လျှင် ရေနံစည် ၁၂၀,၀၀၀၊ ကာဇက်စတန်သည် တစ်နေ့လျှင် ရေနံစည် ၁၈၀,၀၀၀၊ ရုရှားသည် တစ်နေ့လျှင် ရေနံစည် ၁၀၀,၀၀၀ ထုတ်လုပ်ခဲ့ကြောင်း OPEC+ ၏ ကိန်းဂဏန်းအချက်အလက်တွင် ဖော်ပြထားသည်။
OPEC နှင့် OPEC+ သည် စီစဉ်ထားသော ဆွေးနွေးပွဲများကို နိုဝင်ဘာ ၃၀ ရက်နှင့် ဒီဇင်ဘာ ၁ ရက်တို့တွင် ကျင်းပလိမ့်မည် ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
