အမေရိကန်ရဲတပ်ဖွဲ့၏ ဖမ်းဆီးမှုအတွင်း အာဖရိကန်-အမေရိကန် လူမည်းအမျိုးသား ဂျော့ဖလွိုက် သေဆုံးသွားခဲ့ပြီးနောက် ဇွန် ၆ ရက်တွင် အမေရိကန်တစ်ဝန်းရှိ မြို့များ၌ သောင်းနှင့်ချီသော ဆန္ဒပြသူများသည် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဖြင့် လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ဆန္ဒပြမှုများသည် နယူးယောက်မှသည် လော့အန်ဂျလိစ်အထိ ဖြစ်ပွားခြင်းဖြစ်ကာ အိမ်ဖြူတော်ဝန်းကျင်ရှိ မြို့တွင်းလမ်းမများထက်သို့ လူမည်း၊ လူဖြူအများအပြား ပါဝင်သည့် ဆန္ဒပြသူထောင်ပေါင်းများစွာ စုပြုံရောက်ရှိလာခဲ့ကြသည်။
“ဒီတိုက်ပွဲက ဆယ်စုနှစ်ပေါင်းများစွာ၊ ရာစုနှစ်ပေါင်းများစွာကြာတဲ့အထိ ဖြစ်ပွားနေတာပါ။ အခုအချိန်မှာတော့ ပြောင်းလဲချိန်တန်ပါပြီ” ဟု ၀ါရှင်တန်မြို့ခံတစ်ဦးဖြစ်သူ ခရစ်စတင်းမွန်ဂိုမယ်ရီက ပြောကြားခဲ့သည်။
လူမည်းအမျိုးသား ဖလွိုက်၏လည်ပင်းကို မင်နီအာပူလိစ်ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဒူးဖြင့် ကိုးမိနစ်နီးပါး ထောက်ထားချိန်တွင် အသက်ရှုမဝကြောင်းပြောကာ အသနားခံနေသော ဖလွိုက်၏ဖြစ်စဉ်ကို ရိုက်ကူးထားသည့် ဗီဒီယိုများ ထွက်ပေါ်လာမှုကြောင့် ဆန္ဒပြမှုများ ပိုမိုပြင်းထန်လာခဲ့သည်။ ယင်းဖြစ်ရပ်သည် လူဖြူတပ်ဖွဲ့ဝင်တစ်ဦးကြောင့် လက်နက်မဲ့ လူမည်းအမျိုးသားတစ်ဦး သေဆုံးရသည့် နောက်ဆုံးဖြစ်ရပ်ဖြစ်သည်။
ဇွန် ၆ ရက် စုဝေးဆန္ဒပြမှုကို ရဲတပ်ဖွဲ့ဝင်များနှင့် စစ်သားများက စောင့်ကြည့်ခဲ့ကြသည်။ သို့သော် လုံခြုံရေးပေးနေသော တပ်ဖွဲ့ဝင်အရေအတွက်မှာ ယခင်ရက်များနှင့်ယှဉ်ပါက လျော့နည်းသွားသည့် အသွင်ရှိပြီး ချီတက်ဆန္ဒပြသူများကို လုံထိန်းတပ်ဖွဲ့ဝင်အချို့က လက်ပြနှုတ်ဆက်ခြင်း၊ ပြုံးပြခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
National Mall ဥယျာဉ်တွင်ရှိသော လင်ကွန်းအထိမ်းအမှတ် အဆောက်အအုံအနီးသို့ ဆန္ဒပြသူများ မလာရောက်နိုင်စေရန် ဒိုင်းကာများနှင့် ကာကွယ်ရေးဝတ်စုံ ဝတ်ဆင်ထားသော အစောင့်တပ်များက ပိတ်ဆို့ တားဆီးထားသည်။
ဇွန် ၆ ရက်တွင် အမေရိကန်ရှိ မြို့များ၌ ဖြစ်ပွားသော ဆန္ဒပြမှုများမှာ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း ဖြစ်သည်။ အရေအတွက် သောင်းနှင့်ချီသော ဆန္ဒပြသူများသည် နယူးယောက်မြို့၊ ဖီလာဒဲဖီးယားမြို့၊ လော့အိန်ဂျလိစ်မြို့၊ ချီကာဂိုမြို့တစ်ဝန်းတို့တွင် စုဝေးချီတက်ခဲ့ကြသည်။
စီယက်တယ်မြို့တွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သူများအား မျက်ရည်ယိုဗုံး၊ ရော်ဘာကျည်၊ ဓာတုလက်နက်များဖြင့် ပစ်ခတ်ခြင်းကို ယာယီတားမြစ်ကြောင်း အာဏာပိုင်များက ထုတ်ပြန်ထားသည်။
ဆန်ဖရန်စစ္စကိုမြို့တွင် ဆန္ဒပြသူ ထောင်ပေါင်းများစွာသည် Golden Gate တံတားကို ဖြတ်ကျော်ချီတက်ကာ ဆန္ဒပြခဲ့ကြသည်။ အမေရိကန်ဆန္ဒပြသူများ၏ ဒေါသပုန်ထမှုကို သံယောင်လိုက်လျက် သြစတြေးလျနှင့် ပြင်သစ်တို့တွင် လူသောင်းနှင့်ချီ ဆန္ဒပြမှုများ လုပ်ဆောင်ခဲ့ကြသည်။
ဖလွိုက် သေဆုံးမှုအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်ပွဲကို ဇွန် ၄ ရက်တွင် မင်နီအာပူလိစ်မြို့၌ ကျင်းပခဲ့ပြီးနောက် ဖလွိုက်၏မွေးရပ်မြေ မြောက်ကယ်ရိုလိုင်းနားပြည်နယ်၌လည်း ဇွန် ၆ ရက်တွင် ဖလွိုက်အား အောက်မေ့တမ်းတခြင်း အခမ်းအနားကို ကျင်းပခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
