သွက်သွက်လက်လက်ဖြင့် လှုပ်ရှားသွားလာနေသော K9 အမည်ရှိ ခွေးစက်ရုပ်သည် စူးစမ်းလိုစိတ်ပြင်းပြသော ကလေးငယ်များ နှင့် သတိဖြင့်စျေးဝယ်ထွက်နေကြ သော စျေးဝယ်သူများကို လက်သန့် ဆေးရည်များ ပေးနေရာ ယင်းလုပ် ဆောင်မှုသည် ဗိုင်းရပ်စ်ကန့်သတ် ချက်များ ဖြေလျှော့ပေးနေသည့် ထိုင်းတွင် စျေးဝယ်ကုန်တိုက်များ ၌လုပ်ဆောင်သည့် မျှော်လင့်မထားသော ဗိုင်းရပ်စ်ကာကွယ်ရေးစီမံ ချက်များထဲမှ တစ်ခုအဖြစ် ရှုမြင်ရသည်။
နည်းပညာမြင့် ခွေးစက်ရုပ် K9 ကို မြန်နှုန်းမြင့် 5G အင်တာနက်ကွန်ရက်ဖြင့် ထိန်းချုပ်ထားခြင်း ဖြစ်ပြီး တုံ့ပြန်လှုပ်ရှားမှုအကြိမ်များစွာကို ချက်ချင်းဆောင်ရွက်နိုင် ကြောင်း သိရသည်။ K9 ခွေးစက်ရုပ်ကို ထိုင်းနိုင်ငံရှိ အများပြည်သူနှင့် သက်ဆိုင်သော နေရာများတွင် အသုံးပြုနေသည်မှာ ကနဦးအဆင့်၌သာရှိသေးသည်။
ဖျတ်လတ်တက်ကြွသော ခွေးကလေး၏ လှုပ်ရှားမှုပုံစံအတိုင်း အတုခိုးထားသည့် K9 ခွေးစက်ရုပ် သည် ဘန်ကောက်မြို့ရှိ Central World နာမည်ကြီးစျေးဝယ်ကုန်တိုက်အတွင်း နေရာအနှံ့သို့ ခြေဦး တည့်ရာ သွားလာနေခြင်းကြောင့် ပျော်ရွှင်မှုကိုခုံမင်သော ကလေးငယ်များ၏ စိတ်ဝင်စားမှုကို ခံနေရကာခွေးစက်ရုပ်၏ ကျောပေါ်တွင် ချိတ် ဆွဲထားသော ပုလင်းထဲမှ လက်သန့် ဆေးရည်ကို ညှစ်ယူအသုံးပြုရန် ကလေးငယ်များက စိတ်အားထက်သန်နေကြသည်။
“ဒီလိုလုပ်ဆောင်ပေးတာက အများပြည်သူတွေ ကိုယ့်လက်ကို သန့်စင်ဖို့အတွက် အလွန်အဆင်ပြေ ပါတယ်။ အထူးသဖြင့် COVID-19 ကူးစက်ပျံ့နှံ့နေတဲ့ အခုလိုအခြေအ နေမျိုးမှာ ရောဂါကာကွယ်ရေး စီမံ ဆောင်ရွက်မှုအဖြစ် လုပ်ဆောင် ခြင်းဖြစ်ပါတယ် ” ဟု မိုဘိုင်း ဆက်သွယ်ရေးအော်ပရေတာ Advanced Info Services (AIS) ၏ အရောင်း ဌာနမှ တာဝန်ရှိသူ ပီတရာဆာတိ ဒိဂျ်ဟာနူဘန်က ဆိုသည်။
AIS သည် စမတ်ဖုန်းများအ တွက် 5G ကွန်ရက်မိတ်ဆက်ခြင်း ကို ယခုနှစ်ကုန်မတိုင်မီတွင် လုပ် ဆောင်နိုင်ရန် ရည်ရွယ်ထားသည်။
K9 နှင့်အတူ ရောဂါကာကွယ် ရေးလုပ်ငန်းများလုပ်ဆောင်နေ သော စက်ရုပ်များထဲတွင် ကိုယ်အပူ ချိန်ကို တိုင်းတာပေးသည့် 5G ကွန် ရက်သုံး ROC စက်ရုပ်နှင့် စျေးဝယ် သူများကို ဝန်ဆောင်မှုပေးသည့် LISA စက်ရုပ်တို့ ပါဝင်သည်။
“စျေးဝယ်သူတွေအနေနဲ့ အထူးသဖြင့် K9 စက်ရုပ်ကို အလွန် ချစ်စရာကောင်းတဲ့ စက်ရုပ်အဖြစ် တွေးထင်ပေးရုံပါပဲ။ စက်ရုပ်က အားလုံးကို ထိန်းချုပ်နိုင်တယ်ဆိုတဲ့ စိတ်ကူးယဉ်ကြောက်စရာအတွေး တွေ လွင့်ပြယ်သွားဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ ကုန်တိုက်ထဲမှာ ရှိနေတဲ့ စက်ရုပ်တွေက လူတွေကို ကူညီပေးဖို့ရှိနေတာပါ။ လူတွေရဲ့ နေရာကိုအစားထိုးဖို့အတွက် အသုံး ပြုထားတာ မဟုတ်ပါဘူး ”ဟု ပီတ ရာက ပြောကြားခဲ့သည်။
သို့သော် စျေးဝယ်သူတစ်ဦး ဖြစ်သည့် အသက် ၂၉ နှစ်အရွယ် လာပါဆာနန်ဘူရာနန်ပတ်ပါကွန် က K9 စက်ရုပ်၏ အရိုးခြောက်ပုံစံ ခန္ဓာကိုယ်မှာ ကြောက်စရာကောင်း သည်ဟု ဆိုသည်။
“ စက်ရုပ်ပုံစံကို ကြည့်ရတာ က နည်းနည်းကြောက်စရာကောင်း တယ်လို့ ထင်ပါတယ်။ လက်သန့်ဆေး ရည်ပေးဖို့ ဒီစက်ရုပ်ကို အသုံးပြုတာ က အကြံကောင်းတစ်ခုပါ ”ဟု ၎င်းက ပြောကြားခဲ့သည်။
စီးပွားရေးလုပ်ငန်းများအပေါ် ချမှတ်ထားသည့် ပိတ်ပင်ကန့်သတ် ချက်များကို ထိုင်းအစိုးရက တဖြည်း ဖြည်းချင်း ဖြေလျှော့ပေးထားပြီဖြစ် သောကြောင့် စားသောက်ဆိုင်နှင့် အနှိပ်ခန်းကဲ့သို့သော နေရာများ တွင် ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ဆောင်ချက်များကို ဆောင်ရွက်ထားသည်။
ထိုင်းနိုင်ငံတွင် ဇွန် ၅ အထိ ကို ရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူ ၃,၁၀၁ ကျော်အနက် ဗိုင်းရပ်စ်ကြောင့် ၅၈ ဦး သေဆုံးခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
