အိန္ဒိယတွင် ရွှေ့ပြောင်းအလုပ်သမား သန်းနှင့်ချီက မြို့ကြီးများနှင့် စက်မှုလုပ်ငန်းအချက်အချာဒေသ များမှနေ၍ နေရပ်များသို့ ပြန်သွားနေကြစဉ် နိုင်ငံ၏မြို့ပြဒေသအစိတ်အပိုင်းများတွင် နိုဗယ်ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်းသည် တစ်ဟုန်ထိုး စတင်မြင့်တက်လာနေကြောင်း ပြည်နယ်ခုနစ်ခုမှ ကောက်ယူထား သောအချက်အလက်များက ဖော်ပြ ခဲ့သည်။
လနှင့်ချီကြာမြင့်ခဲ့သော တင်းကျပ်သည့် lockdown စီမံချက်များ အား တဖြည်းဖြည်း ဖြေလျှော့ပေးနေ စဉ် ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုအား စစ်ဆေးနိုင်ရန်အတွက် တာဝန်ရှိသူများ က ရုန်းကန်နေရလျှင်ပင် ထိုကူးစက်မှုနှုန်း တစ်ရှိန်ထိုး မြင့်တက်နေမှု များက ကျန်းမာရေးအာဏာပိုင်များ အတွက် စိန်ခေါ်မှုသစ်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောခဲ့ကြသည်။
အိန္ဒိယတွင် COVID-19 အတည်ပြု လူနာအရေအတွက်သည် ဇွန် ၃ ကတည်းကပင် ၂၀၀၀၀၀ ကျော်သွားခဲ့ပြီဖြစ်ပြီး ကျွမ်းကျင်သူ အချို့က ကူးစက်ပျံ့နှံ့မှု အထွတ်အ ထိပ်သို့ ရောက်ရှိရန် သီတင်းပတ်နှင့် ချီ ကြာမြင့်နိုင်သေးကြောင်း ခန့်မှန်း ထားကြသည်။
ဆရာဝန်များနှင့် ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ အဆောက်အအုံများ လုံလောက်မှု မရှိသောအ နေအထားတွင်ကျေးလက်ဒေသများ ၌ ကူးစက်ပျံ့နှံ့မှုများသည် အလွန်အမင်း ထိခိုက်စေနိုင်ကြောင်း ကူးစက် ရောဂါဗေဒပညာရှင်နှင့် ဖက်ဒရယ် အစိုးရ၏ ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက် ရေးဆိုင်ရာအဖွဲ့၏ အကြံပေးတစ် ဦးဖြစ်သူ ဒေါက်တာ နာမန်းရှားက ပြောကြားခဲ့သည်။
ဗိုင်းရပ်စ်ကူးစက်သူအရေအတွက် မြင့်မားမှု၊ အာဟာရချို့တဲ့သူ အရေအတွက် မြင့်မားမှု၊ ကျန်းမာ ရေးအခြေခံအဆောက်အအုံများ အားနည်းမှုတို့ ပေါင်းစပ်လိုက်ပါက သေဆုံးသူမြင့်မားမှုအတွက် လမ်းစ တစ်ခုသာဖြစ်ကြောင်း အိန္ဒိယအလယ်ပိုင်း ကျေးလက်ဒေသ အခြေစိုက် ရှားက ပြောကြားခဲ့သည်။
နိုင်ငံအရှေ့ပိုင်း ဘီဟာပြည်နယ်တွင် ဇွန် ၁ အထိ တရားဝင်ထုတ် ပြန်ထားမှုအရ ဗိုင်းရပ်စ်ကူးစက်ခံရ သူ ၃၈၇၂ ဦး ရှိခဲ့ပြီး ယင်းတို့အနက် စုစုပေါင်း ၂၇၄၃ ဦးသည် အစိုးရက lockdown ဖြေလျှော့ပေးပြီး ရထား နှင့်ကားများ ပြန်လည်ပြေးဆွဲခဲ့သော မေ ၃ နောက်ပိုင်း နေရပ်သို့ပြန်လာ ခဲ့သော ရွှေ့ပြောင်းအခြေချအလုပ် သမားများနှင့် ဆက်နွှယ်နေခဲ့သည်။
COVID-19 အား ထိန်းချုပ်ရန်အတွက် ဝန်ကြီးချုပ် နရင်ဒရာမိုဒီက နိုင်ငံတစ်ဝန်း lockdown စီ မံချက်အား ကြေညာခဲ့သည့် မတ် နှောင်းပိုင်းတွင် တစ်နိုင်ငံလုံး၏ သယ်ယူပို့ဆောင်မှုအားလုံးကို ဆိုင်း ငံ့ခဲ့သည်။
ဘီဟာပြည်နယ်တွင် positive ရလဒ်ထွက်ပေါ်ခဲ့သော ထိုအလုပ်သမားအများစုသည် အိန္ဒိယ၏မြို့ တော် နယူးဒေလီနှင့် နိုင်ငံအနောက် ပိုင်း၏ မဟာရက်ရှ်ထရာနှင့် ဂူဂျရတ် ပြည်နယ်တို့မှ ပြန်လာကြသူများဖြစ် ကြောင်း ထိုအချက်အလက်များက ဖော်ပြခဲ့သည်။
နိုင်ငံအနောက်ပိုင်းမှ ပြန်လာသည့် အလုပ်သမားများကြောင့်လည်း ဘီဟာနှင့်နယ်စပ်ထိစပ်နေ သော ဆင်းရဲသော နိုင်ငံအရှေ့ပိုင်း ပြည်နယ် ဂျာခန်းတွင် ဗိုင်းရပ်စ်ကူး စက်မှုသစ် အများအပြားဖြစ်ပွားခဲ့ ကြောင်း ထိပ်တန်းကျန်းမာရေးတာ ဝန်ရှိသူ နီတင်းမာဒန်ကူကာနီက ပြောကြားခဲ့သည်။
မေ ၂ နောက်ပိုင်း positive အဖြေထွက်သူများ၏ ရာခိုင်နှုန်း ၉၀ နီးပါးသည် ရွှေ့ပြောင်းအလုပ်သမား များဖြစ်ကြပြီး ဂျာခန်းပြည်နယ်တွင် လတ်တလော၌ COVID-19 အ တည်ပြုလူနာ ၇၅၀ ကျော် ရှိခဲ့ပြီး မေ ၁ တွင် အတည်ပြုလူနာ ၁၁၁ ဦးသာရှိခဲ့ရာမှ တစ်ရှိန်ထိုးမြင့်တက် ခဲ့ခြင်းဖြစ်ကြောင်း ကူကာနီက ပြော ကြားခဲ့သည်။
ရွှေ့ပြောင်းအလုပ်သမားများ က ၎င်းတို့၏နေရပ်ကျေးရွာများသို့ အသီးသီး ပြန်သွားနေကြစဉ် ကူးစက် သူမြင့်မားမှုကြောင့် ဝန်ပိနေပြီဖြစ် သည့် ပြည်နယ်အချို့တွင် ကူးစက်မှု ဒုတိယလှိုင်းကို ရင်ဆိုင်နေရသည်။
နိုင်ငံတစ်ဝန်း ကူးစက်မှုစုစု ပေါင်း၏ သုံးပုံတစ်ပုံခန့်ဖြစ်ပွားနေ ပြီး အတည်ပြုလူနာ ၇၅၀၀၀ ကျော် ရှိနေသော မဟာရက်ရှ်ထရာပြည် နယ်တွင် အစုလိုက်အပြုံလိုက် နေရပ် ပြန်လာသူများကြောင့် ကျန်းမာရေး စင်တာများ ရုန်းကန်နေရသည်ဟု ကျေးလက်ဒေသအချို့မှ တာဝန်ရှိ သူများက ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
