၂၀၂၄ ခုနှစ် Ballon d'Or ဆုအတွက် သူ၏လက်ရွေးစင်အသင်းဖော် ဗင်နီစီယပ်စ် ရရှိလိမ့်မည်ဟု နာမည်ကျော် ဘရာဇီးလ် တိုက်စစ်ကစားသမား နေမာက ထောက်ခံမှုများ ပြုလုပ်ခဲ့သည်။
နေမာသည် ၁၇ နှစ်အတွင်း ဘရာဇီးလ် ကစားသမားများထဲမှ ပထမဆုံး Ballon d'Or ဆုရှင်အဖြစ် ဗင်နီစီယပ်စ်ကို မျှော်လင့်ထားကြောင်း ဝန်ခံခဲ့သည်။
Ballon d'Or ဆုပေးပွဲအခမ်းအနားကို အောက်တိုဘာလ ၂၈ ရက်တွင် ပြုလုပ်မည်ဖြစ်ပြီး ဗင်နီစီယပ်စ် သည် စပိန်ကွင်းလယ်လူ ရိုဒရီနှင့် အပြိုင်ဖြစ်နေသော်လည်း ၎င်းမှာ အပြတ်အသတ်အလေးသာလျက်ရှိသည်။
"ကျွန်တော်တို့မှာ အံ့အားသင့်စရာ ဆက်ဆံရေးရှိပါတယ်။ ဗင်နီကို ကျွန်တော် ချစ်ပါတယ်။ သူဟာ ဘောလုံးက မိတ်ဆက်ပေးတဲ့ မိတ်ဆွေကောင်းတစ်ဦးပါပဲ။ သူဟာ ကြီးကျယ်ခမ်းနားတဲ့ ရာသီတစ်ခုကို ပိုင်ဆိုင်ခဲ့တယ်။ သူ့အတွက် Ballon d'Or ဆုရဖို့ဆိုတာ သေချာနေပါလိမ့်မယ်။ ကျွန်တော့်အဖို့တော့ သူကလွဲပြီး ဘယ်သူမှ မရှိနိုင်ပါဘူး"ဟု ဘရာဇီးလ်အသင်း၏ဂိုးသွင်းအများဆုံးကစားသမား နေမာက ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
