နိုင်ဂျီးရီးယားဘောလုံးအဖွဲ့ချုပ်သည် လစ်ဗျားအသင်းနှင့် ယှဉ်ပြိုင်ကစားရမည့် အာဖရိကနိုင်ငံများဖလားခြေစစ်ပွဲကို ယှဉ်ပြိုင်ကစားခြင်းမပြုဘဲ သပိတ်မှောက်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
နိုင်ဂျီးရီးယားဘောလုံးအသင်းသည် အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ကစားရန်အတွက် တနင်္ဂနွေနေ့က လစ်ဗျားနိုင်ငံသို့ ရောက်ရှိလာရာ ၎င်းတို့ကို Al-Abraq လေဆိပ်အတွင်း (၁၂)နာရီဝန်းကျင် ထားရှိခဲ့သည့်အတွက် ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နိုင်ဂျီးရီးယားအသင်းသည် အဆိုပါလေဆိပ်မှ (၃)နာရီဝန်းကျင်သာကွာဝေးသည့် ဘန်ဂါဇီမြို့သို့ ခရီးဆက်ရမည်ဖြစ်သော်လည်း လစ်ဗျားတာဝန်ရှိသူများက ၎င်းတို့ကို လေဆိပ်တွင် (၁၂)နာရီဝန်းကျင် ကြာမြင့်သည်အထိ ထားရှိခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ယင်းကာလအတွင်း၌ အစားအစာနှင့် ရေများ ပေးအပ်ခြင်းမပြုသလို၊ ဖုန်းအဆက်အသွယ်များလည်း ဖြတ်တောက်ထားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် နိုင်ဂျီးရီးယားအသင်းခေါင်းဆောင် အက်ကွန်က မိမိတို့ကို စိတ်ဓာတ်စစ်ဆင်ရေး ဆင်နွှဲခဲ့ခြင်းဖြစ်ကြောင်း မှတ်ချက်ပြုခဲ့သော်လည်း လစ်ဗျားတာဝန်ရှိသူများကမူ လေကြောင်းအခက်အခဲများကြောင့် ယခုကဲ့သို့ ကြန့်ကြာခဲ့ရခြင်းဖြစ်ကြောင်း ဖြေရှင်းခဲ့သည်။
နိုင်ဂျီးရီးယားအသင်းသည် အိမ်ကွင်းတွင် လစ်ဗျားကို (၁-၀)ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး အင်္ဂါနေ့(ယနေ့) တွင် လစ်ဗျားကွင်း၌ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
သို့သော် နိုင်ဂျီးရီးယားဘောလုံးအဖွဲ့ချုပ်က ယင်းပွဲကို မယှဉ်ပြိုင်ဘဲ သပိတ်မှောက်မည်ဟု တနင်္လာနေ့တွင် ကြေညာခဲ့သည်။
နိုင်ဂျီးရီးယားကစားသမားများကလည်း ယင်းဖြစ်ရပ်ကို လူမှုကွန်ရက်များတွင် ရေးသားကာ ဝေဖန်ပြစ်တင်ခဲ့ကြသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
