ယခုနှစ် ကျိုက်ထီးရိုး ဘုရားပွဲတော်ကာလအတွက် ယနေ့ အောက်တိုဘာ (၁၆)ရက်မှ စတင်၍ တောင်တက်ကားခ ဈေးနှုန်းများကို ယခင်ထက် ဈေးနှုန်းမြင့်တက်တော့မည်ဖြစ်ကြောင်း တောင်တက်မော်တော်ယာဉ် ကားဂိတ်မှ အသိပေးထားသည်။
ထိုသို့ တိုးမြှင့်သတ်မှတ်လိုက်သည့် တောင်တက်ကားခဈေးနှုန်းများအနေဖြင့် ခေါင်းခန်းတွင် ထိုင်စီးမည့် ခရီးသည်တစ်ဦးလျှင် ကျပ် (၉၀၀၀)၊ နောက်ခန်းမှ လိုက်စီးမည့် ခရီးသည် တစ်ဦးလျှင် (၇၀၀၀) ကျပ်နှင့် ယာဉ်စင်းလုံး ငှားရမ်းမည်ဆိုပါက ကျပ် (၂၈၀၀၀၀) ကျသင့်မည်ဖြစ်ကြောင်း သိရသည်။
ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်အား သီတင်းကျွတ်လပြည့်နေ့ အောက်တိုဘာ (၁၇) ရက်တွင် စည်ကားသိုက်မြိုက်စွာ စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ၂၀၂၅ ခုနှစ် မေလ (၁၁) ရက် ကဆုန်လပြည့်နေ့အထိ (၇) လတိုင်တိုင် စည်ကားသိုက်မြိုက်စွာကျင်းပသွားမည် ဖြစ်ကြောင်း ဆံတော်ရှင်ကျိုက်ထီးရိုးဂေါပကအဖွဲ့မှ သိရသည်။
ထို့ကြောင့် အနယ်နယ် အရပ်ရပ်မှ ဘုရားလာရောက်ဖူးမြှော်သူများ အဆင်ပြေချောမွေ့စွာ တောင်တော်ပေါ် တက်ရောက်နိုင်ရန် တောင်တက်ကား အစီး (၁၅၀)ဖြင့် နေ့စဉ်ပြေးဆွဲပေးမည်ဖြစ်ပြီး ခရီးသွားများ အန္တရာယ်ကင်းရန် တောင်တက်ကားများ၏ ကြံ့ခိုင်မှုများကိုလည်း စစ်ဆေးထားကြောင်း သိရသည်။
ထို့ပြင် တောင်ပေါ်တွင် စားသောက်ရေး၊ တည်းခိုနေထိုင်နိုင်ရေးအတွက် တည်းခိုဆောင်များ၊ ထမင်းဆိုင်များနှင့်အမှတ်တရပစ္စည်းအရောင်းဆိုင်များမှာလည်း ဆိုင်ခန်းများ ဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင်နေပြီဖြစ်ကြောင်း ဆိုင်ခန်းပိုင်ရှင်များထံမှ သိရသည်။

-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
