Top News

လိင်အကြမ်းဖက်မှုဖြင့် အမှုရင်ဆိုင်နေရသည့် ကာလအတွင်း မန်စီးတီးအသင်းဖော်များထံမှ ငွေကြေးချေးယူခဲ့ရကြောင်း မန်ဒီ ဝန်ခံ
24htopnews | October 16, 2024 2:12 PM CST

 

ပြင်သစ်နောက်ခံလူ မန်ဒီက မုဒိမ်းမှု၊ လိင်အကြမ်းဖက်မှုဖြင့် အမှုရင်ဆိုင်နေရသည့် ကာလအတွင်း မန်စီးတီးအသင်းဖော်များထံမှ ငွေကြေးချေးယူခဲ့ရကြောင်း ထုတ်ဖော်ဝန်ခံခဲ့သည်။

"ရာဟင်စတာလင်၊ ဘာနာဒိုဆေးလ်ဗားနဲ့ ရီယာ့ဒ်မာရက်ဇ်တို့က ကျွန်တော့်ကို အကူအညီဖြစ်စေဖို့ ငွေကြေးထုတ်ချေးခဲ့ကြပါတယ်။ ပြီးတော့ တရားရုံးကုန်ကျစရိတ်တွေကိုလည်း ပေးခဲ့ပြီး မိသားစုကိုလည်း ထောက်ခံအားပေးခဲ့ကြပါတယ်"ဟု မန်ဒီက သူ၏ သက်သေထွက်ဆိုချက်တွင် ပြောကြားခဲ့သည်။ 

မန်ဒီ(၃၀ နှစ်)သည် ၂၀၂၃ ခုနှစ်တွင်  မုဒိမ်းမှုစွပ်စွဲချက်များမှ လွတ်မြောက်လာခြင်း ဖြစ်ကြောင်း သိရသည်။ ၎င်းအနေဖြင့် ငါးလကြာ အချုပ်ကျခဲ့ကာ ၂၀၂၂ ဇန်နဝါရီလတွင် အာမခံဖြင့် ပြန်လွတ်လာခဲ့ခြင်းဖြစ်သည်။

မန်ဒီသည် ၂၀၂၃ ဇန်နဝါရီနှင့် ဇူလိုင်လများတွင် မုဒိမ်းမှုနှင့် လိင်အကြမ်းဖက်မှု စွဲချက်များမှ အပြီးသတ်လွတ်မြောက်ခဲ့သည်။


READ NEXT
Cancel OK