လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပပြီး အနိုင်ရသည့်အစိုးရကို နိုင်ငံတော်အာဏာလွှဲပြောင်းပေးအပ်ရန် တိုင်းနှင့်ပြည်နယ်အလိုက် နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့်လုံခြုံရေးသည်အရေးကြီးသည်ဟု နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းမှ အောက်တိုဘာ ၁၄ ရက်ညနေပိုင်းက စစ်ကိုင်းတိုင်းအစိုးရအဖွဲ့မှတာဝန်ရှိသူများအားတွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။
တိုင်းနှင့်ပြည်နယ်အလိုက် နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့်လုံခြုံရေးသည်အရေးကြီးကာ နယ်မြေလုံခြုံရေး၌ ပြီးပြည့်စုံသည့်လုံခြုံရေးဟူ၍မရှိသဖြင့် ပြည်သူလူထုအားလုံးပူးပေါင်းပါဝင်မှသာ လုံခြုံရေးပိုမိုခိုင်မာအားကောင်းနိုင်မည်ဟု ပြောသည်။
ထို့ကြောင့် ပြည်သူ့ဝန်ထမ်းများအနေဖြင့် လုံခြုံရေးအသိ၊ လုံခြုံရေးသတိရှိစွာ ပူးပေါင်ဆောင်ရွက်ပါက လုံခြုံရေးဆိုင်ရာကျိုးပေါက်မှုများကို တားဆီးလျော့ကျစေနိုင်မည်၍ ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့များကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများအလိုက် စနစ်တကျဖွဲ့စည်းထားရမည်ဟု မှာကြားသည်။
ထို့ပြင် နယ်မြေလုံခြုံရေးအတွင် ပြည်သူအားလုံး ပူးပေါင်းပါဝင်လာစေရန် စည်းရုံးဆောင်ရွက်မှုများပြုလုပ်ရမည်ဖြစ်ကာ လုံခြုံရေးအဖွဲ့ဝင်များအနေဖြင့် လုံခြုံရေးအသိအမြင်များ အမြဲမပြတ်ရှိနေရန်လိုအပ်သည်ဟု ပြောသည်။
အကြမ်းဖက်သမားများ ရပ်ကွက်/ကျေးရွာများအတွင်း စိမ့်ဝင်ရောက်မှုမရှိစေရေး၊ အကြမ်းဖက် လုပ်ရပ်များလုပ်ဆောင်နိုင်မှုမရှိစေရေးတို့အတွက် သက်ဆိုင်ရာပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင်များက ပြည်သူနှင့်အတူပူးပေါင်း၍ လုံခြုံရေးအသိ၊လုံခြုံရေးသတိဖြင့်စောင့်ကြည့်နေရမည်ဟု ပြောသည်။
ထို့အတူ မြို့နယ်များ၊ ရပ်ကွက်၊ ကျေးရွာများအလိုက် တရားဥပဒေစိုးမိုးရေး၊ ပြည်သူဘဝလုံခြုံရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများက မှန်မှန်ကန်ကန်ဖြင့် ကြပ်မတ်ဆောင်ရွက်နေရမည်ဟုလည်း ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက မှာကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
