ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတွင်ရောက်ရှိနေသည့် မုန်တိုင်းငယ်သည် မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့၏ အနောက်-အနောက်တောင်ဘက် ရေမိုင်(၆၁၅)မိုင်ခန့်ကိုဗဟိုပြုနေသည်ဟု မိုးဇလမှ ယနေ့ အောက်တိုဘာ ၁၆ ရက်မွန်းလွဲ ၂ နာရီက မုန်တိုင်းငယ်သတင်းအမှတ်စဉ်(၂/ ၂၀၂၄)အဖြစ်ထုတ်ပြန်ခဲ့သည်။
ထိုသို့ ဗဟိုပြုထားသော်လည်း မုန်တိုင်းငယ်မှာ လက်ရှိတွင် မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့ လျားမည့်အခြေအနေမရှိသဖြင့် အဝါရောင်အဆင့်သတ်မှတ်ထားသည်ဟုလည်း မိုးဇလကအသိပေးထုတ်ပြန်ခဲ့သည်။
အဆိုပါ မုန်တိုင်းငယ်သည် အနောက်-အနောက် မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး အောက်တိုဘာ ၁၇ ရက်(မနက်ဖြန်)နံနက်ပိုင်းတွင် အိန္ဒိယနိုင်ငံ၊ တမီးနာဒူးလ်မြောက်ပိုင်း-အင်ဒရာပရာဒေ့ရှ်တောင်ပိုင်းကမ်းခြေတို့ကို ချင်းနိုင်မြို့အနီးမှ ဖြတ်ကျော်နိုင်သည်ဟု မိုးဇလကခန့် မှန်းထားသည်။
ထို့ပြင် ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်၌ မနက်ဖြန်နံနက်ပိုင်းအထိ တိမ်အသင့်အတင့်ဖြစ်ထွန်းကာ မိုးထစ်ချုန်းခြင်းနှင့်အတူ နေရာကွက်ကျား မိုးအနည်းငယ်ရွာသွန်းနိုင်သည်ဟုလည်း မိုးဇလကအသိပေးခဲ့သည်။
ထို့အတူ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အ ရှေ့ပိုင်း)၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိ၍ မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းများ ဖြစ်ပေါ်နိုင်သည်ဟု မိုးဇလကအသိပေးခဲ့သည်။

-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
